တောင်ကြီးတွင် သတ္တမမြောက် အခွန်လွတ် သာသနာ့မြေငှားဂရန် ထုတ်ပေး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Tuesday, March 19, 2019

တောင်ကြီးတွင် သတ္တမမြောက် အခွန်လွတ် သာသနာ့မြေငှားဂရန် ထုတ်ပေး



ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မတ်လ ၁၄ ရက် နံနက်ပိုင်းက သတ္တမမြောက် အခွန်လွတ် သာသနာ့မြေငှားဂရန်ကို ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
.
.
တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် ကွင်းအမှတ် ၂ဝ၉၊ အကွက် အမည်တာဝတံသာရပ်၊ဦးပိုင်အမှတ် ၂၃-က မြေကွက်အမှတ် ၂၃/၂၉ မြို့ မြေ ဧရိယာ ၃ ဒဿမ ဝ၇၉ ဧက ပေါ်ရှိ ဗုဒ္ဓဂါဟာပရိယတ္တိစာတိုက် မြေငှားဂရန်အား တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး (ကောလိ တ္တော်အရာရှိ) ဦးကိုကိုလွင်က ဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
''ကျွန်တော်တို့ ဒီဂရန်နဲ့ဆို အခွန်လွတ် ထုတ်ပေးတာ ၇ တွဲရှိပါပြီ။ အထက်ဌာနရဲ့ ညွှန်ကြားချက်တွေနဲ့ အညီ သတ်မှတ်ထားတဲ့ အချက်အလက်ပြည့်စုံတဲ့ စီမံချက်အတိုင်း ဆောင်ရွက်ပေးပါတယ်'' ဟု တောင် ကြီးခရိုင် အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်က ပြောကြားသည်။
.
တောင်ကြီးခရိုင်အတွင်း အခွန် လွတ်သာသနာ့မြေဂရန်များကိုစီမံ ချက်နှင့်အညီ ၂ဝ၁၉ ခုနှစ် မတ်လ အတွင်း ၇ ခုမြောက်ထုတ်ပေး လှူဒါန်းနိုင်ခြဲ့ခင်းဖြစ်ကြောင်း သိရ သည်။
.

No comments:

Post a Comment

Recent Tube