ရှမ်းပြည်နယ်၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဓါတုဗေဒ ဘာသာရပ် ဖြေဆိုရန် ပျက်ကွက်သူ ၂၅၀၀ ကျော်ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဓါတုဗေဒ ဘာသာရပ် ဖြေဆိုရန် ပျက်ကွက်သူ ၂၅၀၀ ကျော်ရှိ


စိုင်းရာဇာ
.
၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအား မတ်လ ၆ ရက်မှ စတင်၍ တစ်နိုင်ငံလုံးတွင် ပြုလုပ်လျက်ရှိရာ ယနေ့ မတ်လ ၁၁ ရက်၊ စာမေးပွဲ စတုတ္ထနေ့တွင် ဓါတုဗေဒဘာသာရပ်၌ ရှမ်းပြည်နယ်အတွင်း ဖြေဆိုရန် ပျက်ကွက်သူ စုစုပေါင်း ၂၅၇၂ ဦး ရှိကြောင်း သိရသည်။
.

ရှမ်းပြည်နယ်အတွင်း၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲ၊ ဓါတုဗေဒဘာသာရပ် ဖြေဆိုရန် စာရင်းရှိ ကျား ၂၀၈၅၄ ဦး၊ မ ၃၃၉၁၀ ဦး၊ ပေါင်း ၅၄၇၆၄ ဦး၊ ဖြေဆိုသူ ကျား ၁၉၄၆၆ ဦး၊ မ ၃၂၇၂၆ ဦး၊ ပေါင်း ၅၂၁၉၂ ဦး၊ ပျက်ကွက်သူ ကျား ၁၃၈၈ ဦး၊ မ ၁၁၈၄ ဦး၊ ပေါင်း ၂၅၇၂ ဦးဖြစ်ကာ၊ ရာခိုင်နှုန်းအားဖြင့် စာမေးပွဲ ဖြေဆိုသူ ၉၅ ဒသမ ၃၀ ရာခိုင်နှုန်းနှင့် ဖြေဆိုရန် ပျက်ကွက်သူ ၄ ဒသမ ၇၀ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
.
ထို့အပြင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့် ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းတို့သည် တောင်ကြီးမြို့ပေါ်ရှိ စာစစ်ဌာနများ၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနေသည့် အခြေအနေများအား လိုက်လံ ကြည့်ရှုစစ်ဆေး၍ ကျောင်းသား/သူများအား အားပေးစကားများ ပြောကြားခဲ့ကြောင်းလည်း သိရသည်။
.

Journal Download

Photo of three cats