တောင်ကြီးမြို့တွင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံပွဲ ပြုလုပ် - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Saturday, March 2, 2019

တောင်ကြီးမြို့တွင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံပွဲ ပြုလုပ်


ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊တောင် ကြီးမြို့ တွင် အရပ်ဘက် အဖွဲ့အစည်းများနှင့် ပြည်သူများ စုပေါင်း၍ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံပွဲတစ်ရပ်ကို ယနေ့ မတ်လ ၂ ရက်၊ နံနက်ပိုင်းက ကျင်းပပြုလုပ် လျက်ရှိကြောင်း သိရသည်။
.
.
ယင်းကဲ့သို့ ဖွဲ့စည်းပုံ အခြေခံဥ ပဒေ ပြင်ဆင်ရေး ထောက်ခံပွဲပြု လုပ်ရန် သက်ဆိုင်ရာဌာနများသို့ ငြိမ်းစုစီ ခွင့်ပြုမိန့် တင်ပြထားပြီး ဖြစ် ကြောင်း သိရသည်။
.
''ပြည်ထောင်စု လွှတ်တော်ကလည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ကော်မတီတစ်ရပ် ဖွဲ့လိုက်ပြီ။ ကျွန်တော်တို့ ပြည်သူလူထုတွေကလည်း ဖွဲ့စည်းပုံကို ပြင်ဆင်လိုတဲ့ ဆန္ဒရှိတယ်။ အဲဒါကြောင့် ဒီပွဲကို ပြုလုပ်တာ ဖြစ်ပါတယ်။ လွှတ်တော်ပိုင်းကနေ ပြင်ဆင်ခွင့်သာ လုပ်လာမယ် ဆိုရင် ကျွန်တော်တို့ကလည်း ပြင်ဆင်လိုတဲ့ အကြံပြုချက် တွေကို တင်ပြဖို့ စီစဉ် ထားပါတယ်။ လက်ခံတာ၊ လက်မခံတာကတော့ သူတို့အပိုင်းပေါ့။ အခုဆိုရင် အနယ်နယ်အရပ်ရပ်မှာ ပြည် သူလူထုတွေကလည်း ဖွဲ့စည်းပုံ အ ခြေခံဥပဒေပြင်ဆင်ဖို့ ထောက်ခံတဲ့ပွဲ တွေ လုပ်နေတယ်။ အဓိကရည်ရွယ် ချက်ကတော့ ဘယ်အစိုးရတက်တက် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ အ ချက်တွေက ပြည်သူလူထုအတွက် သဟဇာတဖြစ်ဖို့အတွက် ရည်ရွယ်ပါ တယ်''ဟု တရားဥပဒေစိုးမိုးရေး ကွန်ယက်မှ ဦးဝင်းနိုင်စိုးက ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
 ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံပွဲကို တရား ဥပဒေစိုးမိုးရေးကွန်ယက်၊  ရှမ်းပြည် နိုင်ငံရေးအဖွဲ့၊ နိုင်ငံရေးအကျဉ်း သား ဟောင်းများအဖွဲ့ (တောင်ကြီး)၊ ABSDF ရဲဘော်ဟောင်းများ၊ ရှမ်း ပြည်လူမျိုးပေါင်းစုံ လူငယ်ဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့နှင့် ပြည်သူလူထုအချို့ မှ ပူးပေါင်း ပါဝင်သွားမည် ဖြစ်ကြောင်း သိရသည်။
.
ထောက်ခံပွဲ ပြုလုပ်ရာတွင် တောင်ကြီးမြို ၊ ကျောင်းကြီးစုရပ် ကွက်၊ ပထမ တောင်ကျောင်းကြီး ကျောင်းတိုက် တောင်ဘက်ရှိညောင်ပင်တွင် စတင်စုဝေးကာ ဗိုလ်ချုပ် အောင်ဆန်းလမ်းအတိုင်း လမ်းလျှောက်ချီတကfNyD; ဗိုလ်ချုပ်ပန်းခြံ အရှေ့တွင် ဟောပြောပွဲများ ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
.
''တောင်ကြီးမြို့ပေါ်မှာရှိတဲ့ အဖွဲ့ အစည်း အတော်များများ ပူးပေါင်း ပါဝင်ကြတဲ့အပြင် ကျေးရွာပြည်သူ လူထုတွေ လည်း တက်ရောက်ဖို့ ဆန္ဒရှိနေကြတဲ့အတွက် ခုတစ်ခေါက်ပြု လုပ်တဲ့ ထောက်ခံပွဲကြီးဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင် ရေးဆွဲမယ့် ကော်မတီကြီးကို လေးလေးနက်နက်နဲ့ ထောက်ခံတဲ့ပွဲ လည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံး နဲ့ သက်ဆိုင်နေတဲ့ ဥပဒေဖြစ်လို့ ပြည်သူအားလုံး ပါဝင်ဖို့ကိုလည်း ဖိတ်ခေါ်ပါတယ်'' ဟု ထောက်ခံပွဲ ကျင်းပရေး ကော်မတီဝင်တစ်ဦးမှ ပြောသည်။
.
အဆိုပါ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေ ခံဥပဒေပြင်ဆင်ရေးအတွက် ပြည်သူ လူထု ထောက်ခံပွဲများကို ရန်ကုန် မြို့၊ မန္တလေးမြို့နှင့် အခြားမြို့များ တွင်လည်း အသီးသီး ကျင်းပပြုလုပ် လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats