တာချီလိတ်၌ စစ်ဆေးရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များနှင့် ထိုင်းနိုင်ငံသားတို့ အပြန်အလှန် အမှုဖွင့် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, March 12, 2019

တာချီလိတ်၌ စစ်ဆေးရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များနှင့် ထိုင်းနိုင်ငံသားတို့ အပြန်အလှန် အမှုဖွင့်



မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်မြို့တွင် မတ်လ ၁၂ ရက်နေ့လယ်ပိုင်းက ထိုင်းနိုင်ငံသားတစ်ဦးမှ ၎င်းအားသေနတ်ဖြင့် ပစ်ခတ်သည့် တာဝန်ကျ စစ်ဆေးရေးရဲတပ်ဖွဲ့ဝင်များအား အမှုဖွင့်တိုင်ကြားထားပြီး ရဲတပ်ဖွဲ့မှလည်း အဆိုပါ ထိုင်းနိုင်ငံသားအား ပြည်သူ့ဝန်ထမ်း ဝတ္တရားနှောင့်ယှက်မှုဖြင့် ပြန်လည် အမှုဖွင့် ထားကြောင်း သိရသည်။
.
.
တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ အာခါဈေးမီးပွိုင့် လမ်းဆုံတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်က မြန်မာနိုင်ငံသား တစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်သွားသည့်ဖြစ်စဉ်နှင့် တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ) ရပ်ကွက်တွင် ဖေဖော်ဝါရီလ ၈ ရက်၊ ညပိုင်းက ထိုင်းနိုင်ငံသားတစ်ဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် ဖြစ်စဉ်များမှ ကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် တာချီလိတ်မြို့၊ ဆေးခမ်းရပ်ကွက်၊ မြို့အဝင်မုခ်ဦးအနီးတွင် ခရိုင်မခင်းအကူမှ တာဝန်ရှိသူများ၊ ဟောင်လိတ်ရဲကင်းစခန်းမှ တာဝန်ရှိသူများသည် သက်သေများနှင့်အတူ ပိတ်ဆုံရှာဖွေ စစ်ဆေးမှုဆောင် ရွက်နေစဉ် ၂ဝ၁၉ ခုနှစ်၊ မတ် ၁၁ ရက်ည ၁၁ နာရီ ၄ဝ မိနစ်ခန့်တွင် ဟောင်လိတ်ဘက်မှ မြို့ထဲဘက်သို့ အရှိန်ပြင်းစွာမောင်းနှင်လာသော ခဲရောင်ယာဉ်အား ရပ်တန့်ရှာဖွေ စစ်ဆေးရန်အတွက် တားဆီးစဉ် ယာဉ်မှာ ရပ်တန့်ခြင်းမရှိဘဲ ပိတ်ဆို့နေရာယူ စောင့်ကြပ်နေသော ရဲတပ်သား အောင်နိုင်သူအား ယာဉ်ဖြင့် တိုက်ရန်ပြုလုပ်ကာ မောင်းနှင်သွားရာ ရဲတပ်သား အောင်နိုင်သူက ၄င်းကိုင်ဆောင်ထားသော M22 သေနတ်ဖြင့် ၇ ချက်ခန့် သတိပေး ပစ်ခတ်ခဲ့သော်လည်း ယာဉ်မှာ အရှိန်ပြင်းစွာ မောင်းနှင်ထွက်ပြေးသွားသဖြင့် ရဲအုပ် သန်းထွန်ဦးနှင့် အဖွဲ့မှ လိုက်လံရှာဖွေခဲ့ရာ မတ် ၁၂ ရက်နံနက် ၂ နာရီခွဲတွင် တာချီလိတ် ပြည်သူ့ဆေးရုံတွင် သေနတ်ဒဏ်ရာဖြင့် လူနာတစ်ဦး ရောက်ရှိနေကြောင်း သတင်းရရှိ၍ သွားရောက်စစ်ဆေးရာ အဆိုပါယာဉ်မှာ ရဲတပ်သား အောင်နိုင် သူအား တိုက်မည်ပြု ပြီး မောင်းနှင်ထွက်ပြေးသွားသည့် ထိုင်းနိုင်ငံသား Gulay (ခ)စိုင်းဖတ် (၂၇ နှစ်)အမ်ဖိန်မိန်ရပ်ကွက်၊ ဖိကျစ်ခရိုင်၊ ထိုင်းနိုင်ငံနေသူ ဖြစ်ကြောင်း သိရသည်။
.
''သူက ဟောင်လိတ်ဘက်က မြို့တွင်းကိုလာတယ် ကျွန်တော်တို့ ပိတ်ဆို့အဖွဲ့က စစ်ဆေးတာကို မခံဘဲ လမ်းယာဘက်ကို ချိုးကွေး မောင်းပြေးတယ်၊ တပ်က တံခါးပိတ်ထားတော့ ပြန်လှည့်လာတဲ့အချိန် ထပ်တားတော့ မရပ်ဘဲနဲ့ ရဲတပ်သား တစ်ဦးကို တိုက်မလို့လုပ်တယ် အဲဒီ ရဲတပ်သားက သတိပေးပြီး ပစ်လိုက်တာပေါ့၊ အဲဒါလည်း မရပ်ဘဲ ဟောင်လိတ်ဘက်ကို ဆက်မောင်းပြေးသွားတယ် မနက် ၂ နာရီလောက်မှာ သေနတ်ဒဏ်ရာနဲ့ ဆေးရုံရောက်တယ်အကြောင်းကြားလို့ သွားကြည့်မှ ဒဏ်ရာရတာသိရတယ်''ဟု ဟောင်လိတ်ရဲကင်းစခန်းမှ ရဲအုပ် သိန်းထွန်းဦးက ပြောသည်။
.
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဒဏ်ရာရရှိသူ ထိုင်းနိုင်ငံသားက ၄င်းအား သေနတ်ဖြင့် ပစ်ခတ်သူအား စုံစမ်းဖော်ထုတ်အရေးယူပေးရန် တရားလိုပြုလုပ်တန် တိုင်းရာ တာချီလိတ်မြို့မရဲစခန်းက (ပ)၁၂၉/၂ဝ၁၉၊ ရာဇာတ်ကြီးပုဒ်မ ၃ဝ၇ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။
.
''သူတို့ အမှုဖွင့်ထားတာ စခန်းကို အကြောင်းကြားမှ သိရတာပါ၊ လက်ရှိအခြေအနေကတော့ ဒဏ်ရာ ချက်လို့တော့ သိရတယ် သူတို့က အမှုဖွင့်ထားတော့ စခန်းက စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
.
အမှုမှ ပြည်သူ့ဝန်ထမ်းများ တာဝန်ဝတ္တရားဆောင်ရွက်နေစဉ် မဆောင်ရွက်နိုင်အောင် ပြုလုပ်သူ ထိုင်းနိုင်ငံသားအား ဟောင်လိတ်ရဲကင်းစခန်းမှ ရဲအုပ် သိန်းထွန်းဦး မှ တရားလိုပြုလုပ် တိုင်တန်းရာ တာချီလိတ်မြို့မရဲစခန်းက (ပ)၁၃ဝ/၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၅၃ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်းသိရသည်။
.

No comments:

Post a Comment