မူဆယ်တွင် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ပထမဆုံးအကြိမ် စုပေါင်းအမှိုက်ကောက် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, March 17, 2019

မူဆယ်တွင် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ပထမဆုံးအကြိမ် စုပေါင်းအမှိုက်ကောက်



အောင်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် မူဆယ်ချစ်သူများအဖွဲ့မှ ဦးဆောင်၍ ပထမဆုံးအကြိမ်အဖြစ် လူမှုရေး အသင်းအဖွဲ့များ စုပေါင်းအမှိုက်ကောက်လှုပ်ရှားမှုကို မတ်လ ၁၇ ရက်၊ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
 .
“မူဆယ်ချစ်သူများအဖွဲ့က ဦးဆောင်လုပ်တာပါ။ လူမှုရေးအသင်းအဖွဲ့တွေ၊ ပရဟိတအဖွဲ့တွေအပြင် ဌာနဆိုင်ရာတွေ၊ ပြည်သူ့စစ်တွေပူးပေါင်းပြီး စုပေါက်အမှိုက်ကောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါက ပထမဆုံး အကြိမ်ပါ။ လမ်းကြောင်း ၃ ခုနဲ့ အမှိုက်ကောက်ခဲ့ကြပါတယ်။ မူဆယ် ရွှေသမင်ပန်းခြံကနေ မြို့ရှောင်းလမ်း တစ်လျှောက် ဆင်ဖြူပေါက်အထိ တစ်လမ်း၊ မူဆယ်မြို့တွင်းလမ်းတစ်လျှောက်နဲ့ မူဆယ်အဝင်လမ်းတစ်လျှောက် ရွှေနန်းတော်ပေါက်အထိ ဆောင်ရွက်ခဲ့ကြပါတယ်” ဟု မူဆယ်မြို့ရှိ စေတနာပရဟိတအသင်းမှ ဦးမျိုးခိုင်က ပြောသည်။
.

မူဆယ်မြို့ပေါ်တွင် ရပ်ကွက်ပေါင်း ၆ ရပ်ကွက်ရှီပြီး လူဦးရေ ၂ သိန်းကျော် နေထိုင်ကြကာ နယ်စပ်ကုန်သွယ်ရေး စခန်း တည်ရှိခြင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံကူးလူးဆက်သွယ်မှု များပြားခြင်းတို့ကြောင့် ရွှေ့ပြောင်းသွားလာသူ အလုပ်သမားများလည်း များပြားကြောင်း သိရသည်။
.
မူဆယ်မြို့တွင် ပုဂ္ဂလိက အမှိုက်သိမ်းဆည်းရေးကုမ္ပဏီဖြစ်သည့် အောင်ဂရုဏာကုမ္ပဏီမှ မြို့တွင်း အမှိုက်သိမ်းခြင်း လုပ်ငန်းကို ဆောင်ရွက်နေသော်လည်း မြို့တွင်းလမ်းမများပေါ်တွင် အမှိုက်စုပုံမှုများ ရှိနေသည်ဟု သိရသည်။
.

No comments:

Post a Comment