“ဝ”အထူးဒေသ၊ မိုင်းမောတွင် ဖြစ်ပွားသောခဲ့ ပေါက်ကွဲမှုမှာ စီးပွားရေးကုမ္ပဏီတစ်ခု၏ ဂက်စ်အိုးသိုလှောင်ရုံမှ ပေါက်ကွဲခြင်းဖြစ် ဟုဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

“ဝ”အထူးဒေသ၊ မိုင်းမောတွင် ဖြစ်ပွားသောခဲ့ ပေါက်ကွဲမှုမှာ စီးပွားရေးကုမ္ပဏီတစ်ခု၏ ဂက်စ်အိုးသိုလှောင်ရုံမှ ပေါက်ကွဲခြင်းဖြစ် ဟုဆို



မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မိုင်းမောမြို့တွင် မတ်လ ၂၃ ရက်က ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုမှာ စီးပွားရေးကုမ္ပဏီတစ်ခု၏ ဂက်စ်အိုးသိုလှောင်ရုံ ပေါက်ကွဲခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူ ၁၆ ဦး သေဆုံးကာ ၄၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လားရှိုးအခြေစိုက် “ဝ”ပြင်ပဆက်ဆံရေးရုံး တာဝန်ခံထံမှ သိရသည်။
.
.
“ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီမှာ သိုလှောင်ထားတဲ့ ဂက်စ်အိုးနဲယမ်းတွေ မတော်တဆပေါက်ကွဲတာဖြစ်ပါတယ် ပန်ဆန်ဌာနချုပ်နဲတော့ ကီလိုမီတာ ၁၇၀ လောက်ေးကွာပါတယ် ငြိမ်းချမ်းရေး နှစ် ၃၀ ပွဲတော်နဲတော့ ဘာမှမဆိုင်ပါဘူး။ အများပြည်သူတွေအနေနဲ့ စိုးရိမ်စရာမလိုပါဘူးလို့ ပြောချင်ပါတယ်” ဟု “ဝ” ပြင်ပဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက ပြောသည်။
.
အဆိုပါ သိုလှောင်ုံပေါက်ကွဲမကြောင့် လူသေဆုံးဒဏ်ရာရမှု ရှိခဲ့ရာ ၁၆ ဦးသေဆုံးပြီး၊ ၄၈ ဦးဒဏ်ရာရရှိခဲ့ကာ လက်ရှိတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သော နေရာအား ရှင်းလင်းနေဆဲဖြစ်သည်ဟု ၎င်းမှ ဆက်လက်ပြောကြား ခဲ့သည်။
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်းမြို့တွင် အစိုးရနှင့် ပြည် သွေးစည်း ညီညွတ်ရေးပါတီ UWSA/UWSP တို့ အကြား ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် (၃၀) ပြည့်အထိမ်းအမှတ်ပွဲကို လာမည့် ဧပြီလ ၁၅ ရက်မှ ၁၇ ရက်အထိ ၃ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး လက်ရှိတွင် ပန်ဆန်းမြို့ရှိ စစ်ရေးပြကွင်း အဆိုပါပွဲတော် ကျင်းပပြုလုပ်နိုင်ရန်အတွက် စစ်ရေးပြလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်
.
၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၂) နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံအခန်းတွင် ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်မောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်မြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း (ပန်ခမ်း) မြို့နယ် တို့အား ခရိုင် ၂ ခု ဖွဲ့စည်းပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် သတ်မှတ်ကြောင်း ဖော်ပြထားသည်။
.

Journal Download

Photo of three cats