တာချီလိတ်၌ အရိုးများကျပြီး ပြင်ပဒဏ်ရာ စစ်ဆေးမရသည့် အမည်မသိ အလောင်းတစ်လောင်း တွေ့ရှိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Thursday, March 7, 2019

တာချီလိတ်၌ အရိုးများကျပြီး ပြင်ပဒဏ်ရာ စစ်ဆေးမရသည့် အမည်မသိ အလောင်းတစ်လောင်း တွေ့ရှိ


မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝမ်လုံးအုပ်စု၊ လွယ်စတုံ(အောက်)ရွာ၊ တောင်ယာအတွင်း မတ် ၅ ရက် ညနေပိုင်းက ခွေးဆွဲ၍ မြေပေါ်သို့ ပေါ်လာသည့် အမည်မသိ အလောင်းတစ်လောင်းကို တူးဖော်တွေ့ရှိခဲ့ရကြောင်း သိရသည်။
.
.
တာချီလိတ်မြို့၊ ဝမ်လုံးအုပ်စု၊ လွယ်စတုံ(အောက်)ရွာ၊ တောင်ယာအတွင်း မတ်လ ၅ ရက်၊ ညနေ ၃ နာရီခန့်က ခွေးဆွဲ၍ မြေကြီးပေါ်နေသည့် လူသေအလောင်း တစ်လောင်း တွေ့ရှိကြောင်း သတင်းအရ တာချီလိတ်မြို့မ စခန်းမှူး ဒုရဲမှူး မျိုးခိုင်နှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ လွယ်စတုံ (အောက်) ရွာ၊ ဦးလီဆာ၏ တောင်ယာအစပ်တွင် အမည်မသိ၊ အမျိုးသား/အမျိုးသမီးမသိ လူသေအလောင်းမှာ အရိုးများကျနေပြီး ခန္ဓာကိုယ်အပေါ်ပိုင်းမှာ မြေကြီးနှင့် သစ်ရွက်ခြောက်များ ဖုံးလျက် Boss တံဆိပ်ပါ ခါးပတ်ဖြင့် ဘောင်းဘီဝတ်ထားသည့် ဝဲခြေထောက်မှာ မြေကြီးပေါ်သို့ ပေါ်ထွက်နေကာ ယာဘက်ခြေ ထောက်မှာ အရိုးများကျနေသည်ကို တွေ့ရှိခဲ့ရပြီး အလောင်းအား တူးဖော်စစ်ဆေးခဲ့ရာ လွန်ခဲ့သော တစ်လခန့်ကတည်းက အရိုးကျနေပြီး ပြင်ပဒဏ်ရာ(စစ်ဆေးမရ)၊ ဆရာဝန်၏ စစ်ဆေးချက်အရ အသက် (၂ဝ/၃ဝ)နှစ်ကြား အမျိုးသား အလောင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး တောင်ယာပိုင်ရှင်၏ ခွင့်ပြုချက်ဖြင့် အလောင်းအား အဆိုပါ နေရာတွင် ကောင်းမွန်စွာ ပြန်လည်မြှုပ်နှံခဲ့သည်။
.
''သေဆုံးသူက တခြားအရပ်ဒေသမှ လာရောက်အလုပ်လုပ်ကိုင်ရင်း သေဆုံးတာ ဖြစ်နိုင်ပါတယ်။ ရွာဓလေ့အရ ရွာသချုင်္ီင်းမှာ မြှုပ်ခွင့်မရလို့ သင်္ချိုင်းကုန်း အနီး တောင်ယာစပ်မှာ လာရောက်မြှုပ်ထားခြင်းဖြစ်နိုင်တယ်။ ဒါကိုလည်း စုံစမ်းနေပါတယ်''ဟု မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောကြားလိုက်ပါတယ်။
.
အလောင်းနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် တာချီလိတ်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၆/၂ဝ၁၉ ဖြင့် ရေးဖွင့်ဆောင်ရွက်ထား ကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube