ကျောက်မဲမြို့နယ်၊ မိုင်းငေါ့တွင်ဈေးဝယ်လာသူတစ်ဦး ကျည်ထိမှန်ဒဏ်ရာရ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, March 10, 2019

ကျောက်မဲမြို့နယ်၊ မိုင်းငေါ့တွင်ဈေးဝယ်လာသူတစ်ဦး ကျည်ထိမှန်ဒဏ်ရာရ



အောင်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့ ဈေးအတွင်း ဈေးဝယ်လာသူတစ်ဦး ခြေထောက်တွင် ကျည်ထိမှန်ဒဏ်ရာရခဲ့မှုကြောင့် ကျောက်မဲဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
.
ဓါတ်ပုံ - ကိုသားဇော်
.
“မတ်လ ၉ ရက်၊ မနက် ၉ နာရီလောက်က မိုင်းငေါ့ဈေးထဲမှာ ဖြစ်တာပါ။ ဈေးဝယ်နေတဲ့ မိုင်းငေါ့ဈေးရပ်နေ ဒေါ်ခမ်းလှကို ကျည်ထိမှန်ခဲ့တာကြောင့် မိုင်းငေါ့တိုက်နယ်ဆေးရုံကနေ ကျောက်မဲဆေးရုံကို တင်ပို့ပေးခဲ့ပါတယ်” ဟု မိုင်းငေါ့မြို့ဒေသခံတစ်ဦးက ပြောသည်။
.
အခင်းဖြစ်ပွားရာ မိုင်းငေါ့မြို့မဈေးအတွင်းသို့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ဝင်ရောက်လာခဲ့ပြီးနောက် ပြန်လည် ထွက်သွားချိန် တောင်ကြောပေါ်မှ မြို့အတွင်းသို့ ပစ်ခတ်ခဲ့ရာ ဈေးအတွင်း ကျည်ဆံများ ကျရောက်ကာ ဈေးဝယ် သူကို ထိမှတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် မည်သည့်လက်နက်ကိုင်အဖွဲ့မှ ပစ်ခတ်သည်ကို အတည်မပြုနိုင်သေးကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
.
မိုင်းငေါ့မြို့သည် ကျောက်မဲမြို့မှ နမ့်ဆန်သွာလမ်းပေါ်တွင် တည်ရှိပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည် တပ်မတော် (RCSS/SSA) နှင့် NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ TNLA၊ KIA၊ MNDAA လက်နက်ကိုင်တပ်ဖွဲ့များပါဝင်သည့် မြောက်ပိုင်း မဟာမိတ်အဖွဲ့များ လှုပ်ရှားသွားလာလျက်ရှိသော နယ်မြေပေါ်တွင် တည်ရှိနေသည်။
.

No comments:

Post a Comment