လားရှိုးမြို့နယ်တွင် အာဖရိက ဝက်အပြင်းဖျားရောဖြစ်ပွားခြင်းမရှိသေးဟုဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Saturday, March 30, 2019

လားရှိုးမြို့နယ်တွင် အာဖရိက ဝက်အပြင်းဖျားရောဖြစ်ပွားခြင်းမရှိသေးဟုဆို


ရဲရင့်ဇွဲဥာဏ်ထွန်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင် အာဖရိက ဝက်အပြင်းဖျားရောဂါ ဖြစ်ပွားခြင်းမရှိသေးကြောင်း သိရသည်။
.
.
လားရှိုးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်နှင့် ဆရာဝန်များ၊ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများသည် မတ်လ ၂၁ ရက်က လားရှိုးမြို့ နယ်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ သားသတ်လုပ်ငန်းများ၊ အသားအရောင်းဆိုင်များနှင့် မွေးမြူရေးခြံများသို့ လိုက်လံစစ်ဆေးရာတွင် လက်ရှိအချိန်အထိ ရောဂါဖြစ်ပွားမှု မရှိသေးကြောင်း သိရှိရသည်။
.
အဆိုပါ အာဖရိက ဝက်အပြင်းဖျားရောဂါသည် လူကို လုံးဝကူးစက်နိုင်ခြင်း မရှိဘဲ ဝက်အချင်းချင်းသာ ကူး စက်နိုင်သည့် ရောဂါဖြစ်ပြီး စားသုံးသူများအနေဖြင့် စိတ်ချယုံကြည်စွာ စားသုံးနိုင်ပြီး မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနအနေဖြင့်လည်း သားသတ်လုပ်ငန်း၊ အသားဖြန့်ဖြူးအရောင်းဆိုင်များကို ပုံမှန်စစ်ဆေးကာ အသိပညာပေးခြင်း များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
စားသုံးသူများအနေဖြင့်လည်း စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ရောင်းချနေသည့် အသားအရောင်း ဆိုင်များတွင်သာ ဝယ်ယူစားသုံးကြရန်နှင့် ရောဂါနှင့် ပတ်သက်၍ စိုးရိမ်မှုမရှိကြရန် ဒေါက်တာ သန်းနိုင်မှ ပြောကြား ခဲ့သည်။
.
လက်ရှိအချိန်တွင် စားသုံးသူများသည်လည်း စိုးရိမ်စိတ်များကြောင့် ဝက်သားစားသုံးမှု လျော့နည်း နေကြောင်းသိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats