မြန်မာ-ထိုင်းနယ်စပ်၌ မီးခိုမြူများကြောင့် ကျန်းမာရေးထိခိုက်မှုလျော့နည်းစေရန်အတွက် ရေမှုန်ရေမွှားပက်ဖြန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြန်မာ-ထိုင်းနယ်စပ်၌ မီးခိုမြူများကြောင့် ကျန်းမာရေးထိခိုက်မှုလျော့နည်းစေရန်အတွက် ရေမှုန်ရေမွှားပက်ဖြန်း



မိုင်းမော (တြိဂံနယ်မြေ)
.
မြန်မာ-ထိုင်းနယ်စပ်တွင် စည်းကမ်းမဲ့ တောင်ယာမီးရှို့မှုများကြောင့် မြန်မာနိုင်ငံတာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ အနီးဝန်းကျင်တစ်ဝိုက် မီးခိုးမြူများ အုံ့မှိုင်းနေကာ လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် အများပြည်သူ ကျန်းမာရေးထိခိုက်မှုလျော့နည်းစေရန်အတွက် နှစ်နိုင်ငံတာဝန်ရှိသူများက မတ်လ ၂၄ ရက်၊ နံနက်ပိုင်းတွင် ရေမှုန်ရေမွှား ပက်ဖြန်းခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
.
'' မီးခိုးလျော့ကျရေးအတွက် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ က မနက်တစ်ခေါက်၊ နေ့လ်တစ်ခေါက်၊ ညနေတစ်ခေါက် ရေဖြန်းပါတယ်။ ဒါ့အပြင် တာချီလိတ်မြို့နယ်မှာရှိတဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုအားလုံးကို လှည့်လည်ပြီးတော့ အမှိုက်တွေကို မီးမရှို့ဖို့ အသိပေးတဲ့ လုပ်ငန်းစဉ်ကို မြို့နယ်အုပ်ချုပ်ရေးမှူးက ညွှန်ကြား နေပါတယ်။ NGO အဖွဲ့တွေ လိုက်လံပြီး နိုးဆော်တာကို မသိမှိာုးလို့ ရပ်ကွက်အလိုက် တောင်ယာတွေ၊ အမှိုက်တွေကို မီးမရှို့ဖို့ ပြောခိုင်းထားတယ် မီးခိုးလျော့ကျအောင် ဒီနည်းလမ်း ၂ ခုနဲ့ပဲ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု  တာချီလိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေး ကပြောသည်။
.
တာချီလိတ်မြို့သည် မြန်မာ-ထိုင်း-လာအို သုံးနိုင်ငံ ဆုံစည်းရာ ဒေသဖြစ်ပြီး ရေ၊မြေ သဘာဝအရလည်း တောတောင်ထူထပ်သည့် ဒေသဖြစ်သည့်အပြင် ဝေးလံ ခေါင်သီသည့် တောတောင်များ မီးလောင်းခြင်း၊ တောင်ယာစိုက်ခင်းများ မီးရှို့ခြင်းများကြောင့် တာချီလိတ်၊ မိုင်းတုံ၊ မိုင်းဆတ်၊ တာလေ၊ မိုင်းဖြတ်စသည့် ဒေသများအပြင် ထိုင်းနယ်စပ်နှင့် လာအိုနယ်စပ်များတွင်လည်း မီးခိုးမြူများ အုံ့ဆိုင်းနေကြောင်း သိရသည်။
.
''ဒီနက်ပိုင်းက တာချီလိတ်တစ်မြို့လုံး မြင်ကွင်းမရှင်းဘူး အပြင်ထွက်ရင်လည်း မျက်ခမ်းတွေစပ်သလို ခံစားနေရတယ်၊ တာချီလိတ်မှာ နေတာကြာပြီ မနှစ်က ဒီလောက်မဆိုးဘူး ဒီနှစ်က မီးခိုမြူတွေ တော်တော်နဲ့ မပျောက်နိုင်ဘူး သက်ကြီးရွယ်အိုနဲ့ ကလေးတွေအပြင်၊ လေကြောင်းလိုင်းတွေအတွက်လည်း ထိခိုက်နိုင်တယ် လူမှုကွန်က်တွေမှာလည်း ထိုင်းက ပြောရင် မြန်မာက မီးရှို့တယ်၊ မြန်မာကပြောရင် ထိုင်းက မီးရှို့တယ်၊ ဒါတွေကလည်း စည်းကမ်းမဲ့ တောင်ယာမီးရှို့တယ်လိုဲ့ မြင်မိတယ်''ဟု တာချီ လိတ်ဒေသခံတစ်ဦးက မတ်လ ၂၄ ရက်တွင် ပြောသည်။
.
တာချီလိတ်မြို့တွင် နယ်စပ်ဖြတ်ကျော် မီးခိုးများ မတ်လ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့အထိ အညွှန်းကိန်း ၃ဝဝ ကျော်ခန့်ရှိခဲ့ရာမှ မတ် ၁၉ ရက်မှ ၂၂ ရက်နေ့ အထိ အညွှန်းကိန်းမှ ကျဆင်းခဲ့ပြီး မတ် ၂၃ ရက်မှ မီးခိုမြူများ ပြန်လည် များပြားလာကြောင်းနှင့် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ အိမ်တွင်းနေထိုင်ရန်နှင့် အိမ်အပြင်ထွက်ပါက မျက်နှာအကာ (Mask) များတပ်ဆင်သွားရန် အသိပေးနိုးဆော် ထားကြောင်း တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
.

Journal Download

Photo of three cats