မိုးနဲမြို့ကို ရေပေးဝေနေသည့် နတ် ရေကန်အား ဆယ်ယူ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Saturday, March 9, 2019

မိုးနဲမြို့ကို ရေပေးဝေနေသည့် နတ် ရေကန်အား ဆယ်ယူ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုးနဲမြို့ရှိ ရှေးယခင်စော် ဘွားများ လက်ထက်က တူးဖော်ခဲ့ပြီး တစ်မြို့လုံးသို့ ရေပေးဝေနေသည့် နတ်ရေကန်အား မတ်လ ၂ ရက်က ပြန်လည် သန့်စင်ဆယ်ယူခြင်း လုပ် ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
.
.
''လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ဝ ခန့် ကတည်းက မိုးနဲစော်ဘွားကြီး စဝ်ရွှေ မြတ်နိုးက ပြည်သူတွေသောက်သုံး ရေရရှိဖို့ တူးခဲ့တာပါ။ အခုပြန်ဆယ် တော့ မြို့သူမြို့သားတွေ ရေကောင်း ရေသန့် သောက်သုံးရ တာပေါ့''ဟု မိုးနဲမြို့နယ် စည်ပင်သာရေးကော်မတီ ဥက္ကဌဦးစိုင်းလှအေး က ပြောသည်။
.
အဆိုပါ နတ်ရေကန်တူးဖော်မှုကို မတ်လ ၂ ရက်၊ နံနက်ပိုင်းမှ မွန်းလွဲပိုင်းအထိ မြို့နယ်အဆင့်ဌာနဆိုင် ရာများ၊ လွိုင်မြေရပ်ကွက်နှင့် ပေါ့ မိုင်ရပ်ကွက်များမှဒေသခံများ၊ ဒေ သအခြေစိုက် တပ်ရင်းတပ်ဖွဲ့များမှ အင်အား ၃ဝဝ ကျော်ဖြင့် ဆယ်ယူခဲ့ ခြင်းဖြစ်ပြီး ဒိုက်များ ဆယ်ယူရန်အ တွက် တပ်မတော်မှ ဖိုင်ဘာလှေ ၂ စီးဖြင့် ကူညီလုပ်ဆောင်ပေးခဲ့ ကြောင်း သိရသည်။
.
''လှေနဲ့ဆယ်တော့ရေကန်အ လယ်က ဒိုက်တွေ ဆယ်ရတာလွယ် ကူပါတယ်။ ဒီကန်က ရေကောင်းရေ သန့်တွေကို တစ်မြို့လုံးနီးပါးသောက် သုံးနေကြတာဖြစ်ပါတယ်။ ရေစူးက ၅ ပေလောက်ရှိမယ်။ ရေထွက်နေရာ ကတော့ ပိုနက်တာပေါ့။ ရေကန်ပတ် လည် ပေ ၂၅ဝ ပါ'' ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မိုးနဲမြို့နယ်ပြန် ကြားရေးမှ ကိုဇော်ကြီးကပြောသည်။
.
အဆိုပါကန်ကို မိုးနဲစော်ဘွားကြီး စဝ်ရွှေမြတ်နိုးက မြန်မာသက္ကရာဇ် ၁၁၂၃ခု၊ ခရစ်သက္ကရာဇ် ၁၇၆၁ တွင် စတင်တူးဖော်ခဲ့ပြီး ၁၈ဝ၄-၁၈ဝ၅ ခု နှစ်တွင် စော်ဘွား ၉ ဦးမှကန်ကို ထပ် မံတူးဖော်ဆယ်ယူခဲ့ကြောင်း၊ အဆို ပါကန်ကို နောင်လွမ်ဟုခေါ်ဆိုပြီး နတ် ရေကန်ဟုခေါ်တွင်ခြင်းမှာမူကန်ဘေး နှင့်အလယ်တွင် တည်ရှိနေသည့် နတ်ကွန်းများကြောင့် ခေါ်တွင်ခြင်း ဖြစ်ကြောင်း သိရသည်။ မိုးနဲမြို့တွင် အဆိုပါ နတ်ရေကန်နှင့်အတူ ဥယျာဉ် ကန်ကို ခရစ်သက္ကရာဇ် ၁၇၈၆ တွင် လည်းကောင်း၊ ဆီဆုံကန်ကို ၁၇၇ဝ ခုနှစ်တွင်လည်းကောင်း တူးဖော်ခဲ့ ကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube