လားရှိုးမြို့တွင် ဆိုင်ကယ်အသစ်များ အရာင်းအဝယ် အေးနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးမြို့တွင် ဆိုင်ကယ်အသစ်များ အရာင်းအဝယ် အေးနေ



နောင် (မြစ်မခ)
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ဆိုင်ကယ်ဈေးကွက်တွင် တရုတ်ယွမ်ဈေး တည်ငြိမ်နေသော်လည်း ဆိုင်ကယ်အသစ်များ၏ အရောင်းအဝယ် အေးနေကြောင်း လားရှိုးမြို့ရှိ ဆိုင်ကယ်အရောင်းဆိုင်များ ထံမှ သိရှိရသည်။
.

.
''ဒီရက်ပိုင်းမှာကတော့ တရုတ် ငွေဈေးက မကျဘူး။ ပုံမှန်ဖြစ်နေတယ်။ ဆိုင်ကယ်ဈေးကွက်ကတော့ အေးနေတယ်။ မြန်မာပြည်က တင်ဒါတင်တဲ့ ပစ္စည်းတချို့ကို တရုတ်ဘက်က ကန့်သတ်တာတွေ ရှိနေတော့ ဆိုင်ကယ်ဘက်က အရောင်းဝယ်အေး နေတာလို့မြင်ပါတယ်''ဟု လားရှိုး မြို့မှ ဆိုင်ကယ်ဝယ်ရောင်း ဦးခိုင်ဇော် က ပြောသည်။
.
တရုတ်ယွမ်ဈေး ပုံမှန်ဖြစ်နေ သော်လည်း လားရှိုးမြို့ ဆိုင်ကယ် ဈေးကွက်တွင် ဆိုင်ကယ်အသစ် အ ရောင်းအေးကာ တစ်ပတ်ရစ် ဆိုင်ကယ်များသာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
.
''ဒီလပိုင်းမှာကြတော့ အောက်ဘီးတွေ ရောင်းရပါတယ်။ နှစ်သိန်းခွဲ ဝန်းကျင်လောက်နဲ့ ရောင်းတဲ့ ဘီးတွေ အလုပ်ဖြစ်နေပါတယ်။ အရင်ဆို ကြံခုတ် လုပ်သားတွေပြန်ရင် ဘီးသစ်တွေ ရောင်းရတယ်။ အခုက ကြံခုတ်လုပ်သားတွေပဲ ပြန်သွားကြတယ်။ ဘယ်ဆိုင်ကယ်မှ ဟုတ်တိ ပတ်တိ မရောင်းရပါဘူး။ ပြောင်းသမားတွေကလည်း ဒီနှစ်မှာ အဝယ်နည်းတာတွေ့ရပါတယ်''ဟု တစ်ပတ်ရစ် ဆိုင်ကယ်များရောင်းသည့် ကိုကြီးစိုးက ပြောသည်။
.
လားရှိုးမြို့ရှိ ဆိုင်ကယ်ဝယ်ရောင်း ပြုလုပ်နေသော နေရာတွင် တရုတ်နိုင်ငံထုတ်၊ အိန္ဒိယနိုင်ငံထုတ်၊ ထိုင်း နိုင်ငံထုတ် ဆိုင်ကယ်များကို အဓိက ရောင်းဝယ်ကြကာ တရုတ်တစ်ယွမ် လျှင် မြန်မာကျပ်ငွေ ၂၂၂ ကျပ် ပေါက်ဈေးရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats