စာချုပ်သက်တမ်းပြည့်သွားသော ဦးထွန်းအောင်ဂိတ် သက်တမ်းတိုး မည်ဆိုပါက မိုင်းဖုန်းအုပ်စုဒေသခံများမှ ကန့်ကွက်သွားမည် ဟုဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Saturday, March 9, 2019

စာချုပ်သက်တမ်းပြည့်သွားသော ဦးထွန်းအောင်ဂိတ် သက်တမ်းတိုး မည်ဆိုပါက မိုင်းဖုန်းအုပ်စုဒေသခံများမှ ကန့်ကွက်သွားမည် ဟုဆို


မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း အေး ချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင် စီလက်ထက် အနှစ် ၂ဝ စာချုပ်ဖြင့် ယာဉ်ဖြတ်သန်းခ ကောက်ခံခဲ့သည့် ဦးထွန်းအောင်ဂိတ်မှာ လက်ရှိတွင် သက်တမ်းပြည့်မြောက်သွားပြီဖြစ်ရာ သက်တမ်းတိုး အသနားခံစာတင်၍ ဖြတ်သန်းခ ထပ်မံကောက်ခံမည်ဆိုပါက မိုင်းဖုန်းကျေးရွာအုပ်စုနေ ဒေသခံ ပြည်သူများမှ ကန့်ကွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
''ပြည်နယ်အစိုးရအဖွဲ့က လမ်းဖြတ်သန်းခကောက်ခံခြင်းလုပ်ငန်းကို ဖေဖော်ဝါရီလကုန် နောက်ဆုံးထားပြီးတော့ ဆက်လက်ကောက် ခံခြင်းမပြုဖို့၊သက်တမ်းတိုးပေးခြင်းကိုလည်း ထပ်ပြီးခွင့်မပြုကြောင်းနဲ့ အဲဒီလမ်းပိုင်းကို လမ်းဦးစီးဌာနက စီမံခန့်ခွဲသောလမ်းအဖြစ် သိမ်းသွင်း ဆောင်ရွက်ဖို့ ညွှန်ကြားလာတာကို ဖေဖော်ဝါရီ ၂၇ ရက်က ဖြတ်သန်းခ ကောက်ခံတဲ့ ကုမ္ပဏီတာဝန်ရှိသူတွေကို တရားဝင်အသိပေးပြောကြားထားပါတယ်''ဟု တာချီလိတ် မြို့နယ် စီမံခန့်ခွဲမှုဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။
.
တာချီလိတ်မြို့၊ လေယာဉ်ကွင်း လမ်းဆုံမှ ဝမ်ပုံဆိပ်ကမ်းသွား လမ်းဆုံအထိ အရှည် ၂ မိုင်၊ ၂ ဖာလုံရှိသော အဆိုပါလမ်းပိုင်းကို ယခင် ရှမ်းပြည်နယ်အရှေ့ပိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်သိန်းစိန် တာဝန်ထမ်းဆောင်စဉ် ၁၉၉၉ ခုနှစ်၊ မတ် ၁ ရက်မှ ၂ဝ၁၉ ခုနှစ်၊ မတ် ၁ ရက်နေ့အထိ နှစ် ၂ဝ စာချုပ်ချုပ်ဆိုခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
.
''ဒီလမ်းဖောက် လုပ်စဉ်ကာလက လမ်းနယ်နဲ့မလွတ်ကင်းတဲ့ လယ်မြေကိုလည်း ကာလပေါက်ဈေးအတိုင်း ဝယ်ရတယ်။ ကုန်ကျစရိတ်လည်း တအားများတယ်။ လမ်းစတင် ဖောက်လုပ်နေတုန်းမှာ ထိုင်း-မြန် မာချစ်ကြည်ရေး တံတားပိတ်လိုက် လို့ ၄/၅ နှစ်လောက် နောက်ကျပြီးမှ လုပ်ငန်းပြီးစီးတယ်။ နစ်နာဆုံးရှုံးခဲ့မှု အခက်အခဲလေးတွေကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နဲ့ ပြည်ထောင်စုဝန်ကြီးဌာနကို သက်တမ်းတိုးခွင့် အသနားခံစာတင်ထားပါ တယ်။ အဲဒီဌာနရဲ ပြန်ကြားစာကိုလည်း ပြည်နယ်အစိုးရစီလည်း ပို့ထားပါတယ်''ဟု ကုမ္ပဏီမှမန်နေဂျာ ဦးချစ်က ပြောသည်။
.
ရှမ်းပြည်နယ်(အရှေ့ပိုင်း) စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ နာယကနှင့် လုပ်ငန်းလုပ်ကိုင်ခွင့်ရ ဦးထွန်းအောင်တို့မှ ၁၉၉၈ ခုနှစ်တွင် စာချုပ်ချုပ်ဆိုခဲ့ပြီး ၂ဝ၁၄ ခုနှစ်တွင် တည်ဆောက်ရေး လုပ်ငန်းများ ပြီး စီးခဲ့ကာ ဒေသအာဏာပိုင် များမှဒေသခံများနှင့် ညှိနှိုင်းပြီး ယခင်မယ်ဟုတ် ချောင်းကို ဖောင်နှင့် ဖြတ်သန်းစဉ်ပေး ရသော ဆိုင်ကယ် ၂ဝ ဘတ်၊ ကား ငယ် ၅ဝ ဘတ်၊ ထွေလာဂျီ (လွတ်) ၃ဝ ဘတ်၊ ထွေလာဂျီ(ကုန် ပါ) ၅ဝ ဘတ်၊ ကုန်တင်ကား (လွတ်) ၅ဝ ဘတ်၊ ကုန်တင်ကား (ကုန်ပါ) ၁ဝဝ ဘတ်နှုန်းဖြင့် ကောက်ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
''ကျေးရွာလူထုက ဒီလမ်းတိုလေးကို မတန်တဆဈေးနဲ့ ပေးနေရတာ ကြာပါပြီ၊ ကျွန်တော်တို့ကတော့ ဖျက်သိမ်းစေချင်တယ်။ ကောက် လာတာလည်းကြာပြီ။ သက်တမ်းလည်းကုန်ပြီ။ ကောက်တဲ့နှုန်းကလည်း သူများထက်များတော့ ရွာသားတွေက တအားနစ်နာတယ်လေ။  နစ်နာလို့လည်း ၂ဝ၁၆ ခုနှစ်က ကျွန်တော်တို့ ရွာသူရွာသားတွေ ဆန္ဒပြပွဲလုပ်ခဲ့လို့ ဖြတ်သန်းခကို နည်းနည်းလျှော့ပေးတယ်။ လမ်းကိုအကြောင်းပြုပြီး ဟောင်လိတ်လယ်သမားတွေနားကသိမ်းထားတဲ့ သဲစုပ်တဲ့နေရာနဲ့ အရက်ချက်ဖို နေရာကို ကာလဈေးနဲ့ တွက်ရင်တောင် အများကြီးအမြတ်ရနေပြီ''ဟု မိုင်း ဖုန်း(ခ)အုပ်စုမှ ရွာသားတစ်ဦးက ပြောသည်။
.
အဆိုပါလမ်းတံတားကို မိုင်းဖုန်း (က)နှင့် (ခ)ကျေးရွာအုပ်စု နှစ်အုပ်စု မှ ရွာပေါင်း ၄၄ ရွာခန့်ရှိကာတောင်သူ လယ်သမားများ၊ ရွာသူရွာသားများ၊ ကျောင်းသား/ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့်ဌာနဆိုင်ရာ ဝန်ထမ်းများ နေ့စဉ် ဖြတ်သန်း သွား လာလျက်ရှိပြီး လမ်းဖြတ်သန်းခအား မတ်လ ၁ ရက်နေ့မှ စတင်၍ကောက် ခံခြင်းနှင့် ဝါးတားများဖြုတ် ချပေးရန် ပြည်နယ်အစိုးရမှ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ညွှန်ကြားထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
.

No comments:

Post a Comment

Recent Tube