တောင်ကြီးတက္ကသိုလ်တွင် မဟာသင်္ကြန်အကြို ရေသဘင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ပြုလုပ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, March 1, 2019

တောင်ကြီးတက္ကသိုလ်တွင် မဟာသင်္ကြန်အကြို ရေသဘင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်

စိုင်းအောင်မြတ်(တောင်ကြီး)
.
တောင်ကြီးတက္ကသိုလ်၏ ၂၀၁၉ ခုနှစ်၊ ပထမအကြိမ် မဟာသင်္ကြန်အကြို ရေသဘင်ပွဲတော်ကို ယနေ့ မတ်လ ၁ ရက်၊ နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ တောင်ကြီးတက္ကသိုလ် ဘက်စုံခန်းမရှေ့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.

အဆိုပါ ရေသဘင်ပွဲတော်ကို  တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဒေါ်မူမူမြင့်မှ အဖွင့်အမှာစကား ပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး အခမ်းအနားသို့ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဒေါ်မူမူမြင့်နှင့် ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ တွဲဘက် ပါမောက္ခများ၊ ဆရား/မများ၊ ရုံးဝန်ထမ်းများနှင့် ကျောင်းသား/သူများ တက်ရောက်၍ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
.

ရေသဘင်ပွဲတော်တွင် တေးသံရှင်များ သီဆိုဖျော်ဖြေခြင်း၊ ယိမ်းအဖွဲ့များမှ ကပြ ဖျော်ဖြေခြင်း၊ DJ အဖွဲ့များမှ ဖျော်ဖြေ တင်ဆက်ခြင်းများ ပြုလုပ်ခဲ့ကာ ဘက်စုံခန်းမ၏ အ၀င်/အထွက် လမ်းတစ်လျှောက်၌ ဘာသာရပ်အလိုက် ရေးကစားမဏ္ဍပ်များဖြင့် ရေကစားခြင်း၊ စတုဒီသာများမှ ကျွေးမွေးဧည့်ခံခြင်းများကို ပြုလုပ်ခဲ့ကြောင်းနှင့် ယင်းရေသဘင် ပွဲတော်အား တောင်ကြီးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ဦးဆောင် ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment