တောင်ကြီးတွင် GNC Myanmar ၏ ၁၀ ခုမြောက် TNC Showroom ဖွင့်လှစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် GNC Myanmar ၏ ၁၀ ခုမြောက် TNC Showroom ဖွင့်လှစ်


GNC Myanmar Co,.Ltd. ၏ ၁၀ ခုမြောက် TNC Showroom ကို ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ City Square Shopping Centre ပထမထပ်၌ ဖေဖော်ဝါရီလ ၁၁ ရက်၊ နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
.

“TNC Showroom တွေကနေ အရည်အသွေး ပြည့်ဝတဲ့ GNC ထုတ်ကုန်တွေကို ရောင်းချပေးခဲ့တာ မြန်မာ နိင်ငံမှာ ၁၀ ဆိုင်မြောက် ဖွင့်လှစ်တာ ဖြစ်ပါတယ်။ ကျွန်မတို့ကုမ္ပဏီရဲ့ ရည်ရွယ်ချက်က မြန်မာပြည်သူလူထုတွေ ရောဂါကင်းဝေးပြီး သက်ရှည်ကျန်းမာလှပတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ကမ္ဘာပေါ်မှာ အဆင့်အမြင့် ဆုံး GNC Brand အာဟာရဖြည့်စွက်စာ Nutritional Supplement တွေကို တင်သွင်းဖြန့်ချိနေတာပဲ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မှာတော့ ပထမဆုံးဆိုင်ကို တောင်ကြီးမှာ စတင်ဖွင့်လှစ်ဖြစ်တာပါဟု GNC Myanmar ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာခင်ခင်စိုးက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
GNC Myanmar သည် မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်မှစတင်၍  အမေရိကန်ပြည်ထောင်စုမှ အအောင်မြင် ဆုံးဖြည့်စွက်အစာများကို ထုတ်လုပ်ဖြန့်ချိသည့် GNC Brand များကိုတင်သွင်းဖြန့်ချိ ရောင်းချ ပေးနေခြင်းဖြစ်ပြီး သဘာဝ သစ်သီး၊ သစ်ဥ၊ သစ်ဖုများဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ကာ လူ့ခန္ဓာကိုက်အတွက် လိုအပ်သော အာဟာရ ဖြည့်စွက်စာများ ဖြစ်သည့်အတွက် ဘေးထွက်ဆိုးကျိုးလုံးဝမရှိကြောင်း သိရသည်။
.
အဆိုပါ GNC Brand များကို ထုတ်လုပ်ရာတွင် လိုအပ်ချက်များအတွက် သုတသနပေါင်းများစွာကို အခြေခံပြီးထုတ်လုပ်ထားသည့် ဖြည့်စွက်အာဟာရများဖြစ်ပြီး ယခုအခါ Product ပေါင်း ၄၀၀၀ ကျော်အား ထုတ်လုပ်နေပြီး ကမ္ဘာ့နိုင်ငံပေါင်း ၆၂ နိုင်ငံတွင် ဆိုင်ခွဲပေါင်း ၈၂၀၀ ကျော်ရှိကြောင်း သိရသည်
.

GNC Product များကို ကမ္ဘာ့အဆင့်အမြင့်ဆုံး US FDA မှ အရည်အသွေးအတည်ပြုချက်အပြင် ကုန်ကြမ်းအဆင့်မှ ကုန်ချောအဆင့်ထိ Quality Checks၊ အရည်အသွေးအတည်ပြုချက်ပေါင်း ၁၅၀ ကျော် ရရှိထားပြီဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် GNC Myanmar  TNC Showroomများကို ရန်ကုန်မြို့တွင်  ဗဟန်း၊ အလုံ၊ ရွှေဂုံတိုင်၊ လှည်းတန်းစင်တာ၊ Junction City/Junction Maw Tin တို့အပြင် မန္တလေး၊ နေပြည်တော်နှင့် မော်လမြိုင်မြို့ များတွင် ဖွင့်လှစ်ထားပြီးဖြစ်ကာ ယခု တောင်ကြီးမြို့တွင် ၁၀ ဆိုင်မြောက်အဖြစ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats