ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်ကောင်း GAP အသိအမှတ်ပြုလက်မှတ်များ ပေးအပ်မည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, February 26, 2019

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်ကောင်း GAP အသိအမှတ်ပြုလက်မှတ်များ ပေးအပ်မည်


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ပထမဆုံးအကြိမ်အဖြစ် စပါးစိုက်ပျိုးသည့် တောင်သူများအနက်မှ တောင်သူ ၁၈ ဦးအား စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်ကောင်းများ (GAP) အသိအမှတ်ပြုလက်မှတ် ပေးအပ်သွား မည်ဖြစ်သည်ဟု ကျိုင်းတုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
.
.
စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်ကော်ငးများ (Good Agriculture Pratice-GAP) ဟူသည်မှာ နိုင်ငံတကာမှ အလေးထား လက်ခံစားသုံးနေသည့် စိုက်ပျိုးရေးထွက်ကုန် သီးနှံများကို နည်းစနစ် မှန်ကန်စွာ စိုက်ပျိုးထုတ်လုပ် ခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်းစိုက်ပျိုးရေးထွက်ကုန်များသည် လူတို့ စားသုံးရန်အတွက် ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဘေးထွက် ဆိုးကျိုးအန္တရာယ်ကင်း၍ စိုက်ပျိုးထုတ်လုပ်ကြသည့် နိုင်ငံများရှိ တောင်သူများတွင် ဝင်ငွေတိုးတက် ရရှိ စေနိုင်သည့်အတွက် မြန်မာနိုင်ငံတွင်လည်း GAP စနစ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် အားပေးလျက်ရှိပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ကျိုင်းတုံမြို့နယ်ရှိ စပါးစိုက်တောင်သူ ၁၈ ဦး၏ လယ်မြေ ၁၈ ဧကအား စိုက်ပျိုးရေးဦးစီးဌာန၏ GAP အသိအမှတ်ပြု လက်မှတ်ကို ထုတ်ပေးနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
.
စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်ကောင်း အသိအမှတ်ပြုလက်မှတ် (GAP) ထုတ်ပေးမှုနှင့်ပတ်သက်၍ ကျိုင်းတုံ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးအောင်ကျော်မင်းက “GAP စနစ်နဲ့ စိုက်ပျိုးမယ့် တောင်သူရဲ့ မြေနမူနာနဲ့ ရေနမူနာ ကို တောင်ကြီးနဲ့ ရန်ကုန်မှာ ဓါတ်ခွဲစမ်းသပ်နိုင်ဖို့အတွက် ပေးပို့ရပါတယ်။ ပိုးသတ်ဆေးဓါတ်ကြွင်း ရှိ/မရှိ နဲ့ တခြား ဓါတုအဆိပ်တွေ ကင်းရှင်းရေးအတွက် စစ်ဆေးအောင်မြင်ဖို့ လိုပါတယ်။ ဒီကနေ့ နိုင်ငံတကာမှာ စားသုံးသူ ဘေး အန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးနေတဲ့အတွက် GAP စနစ်နဲ့ စိုက်ပျိုးထုတ်လုပ်ထားတဲ့ သီးနှံတွေက ဈေးကွက် ဝင်ပြီး ရောင်းအားကောင်းကြလို့ တောင်သူတွေအနေနဲ့ ကြိုးစားဆောင်ရွက် စိုက်ပျိုးထုတ်လုပ်ကြစေချင်ပါတယ် ဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းပြောကြားချက်နှင့် ပတ်သက်၍ ကျိုင်းတုံမြို့၊ အမှတ် (၁) ရပ်ကွက်နေ အငြိမ်းစားအရာရှိ တစ်ဦးက “အရင်တုန်းက ကျွန်တော်တို့ အလွယ်တကူ သိထားခဲ့တာကတော့ အော်ဂဲနစ်စိုက်ပျိုးရေး ဆိုပြီးတော့ ဓါတုဆေးဝါး ကို မသုံးဘဲ သဘာဝမြေဩဇာနဲ့ စိုက်ပျိုးတဲ့ သီးနှံတွေလို့ နားလည်ထားပါတယ်။ အခုလို စိုက်မယ့်မြေနဲ့ ရေကိုပါ ဓါတ်ခွဲစမ်းသပ် အောင်မြင်ရမယ်ဆိုတော့ စားသုံးသူတွေလည်း စိတ်ချလက်ချ စားသုံးနိုင်တာကြောင့် တောင်သူတွေ အားကျအတုယူ စိုက်ပျိုးရင် ပိုကောင်းပါတယ် ဟု ၎င်း၏အမြင်ကို ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံဈေးကွက်တွင် GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ရောင်းချ နေသည့် ပန်းသီးတစ်လုံးလျှင် မြန်မာကျပ်ငွေ ၁၀၀၀ ခန့်နှင့် ဆန် ၂ ကီလို (နို့ဆီဘူး ၁၃ ဘူးခန့်) လျှင် မြန်မာကျပ် ငွေ ၈၀၀၀ ကျော်ခန့် ဈေးရရှိနေကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats