မြန်မာနိုင်ငံဆရာဝန်အသင်း(တောင်ကြီး) ညီလာခံ ဖွင့်ပွဲ ပြုလုပ် - Kanbawza Tai News

Breaking

Boxed(True/False)

Wednesday, February 13, 2019

မြန်မာနိုင်ငံဆရာဝန်အသင်း(တောင်ကြီး) ညီလာခံ ဖွင့်ပွဲ ပြုလုပ်


မောင်မောင်သန်း(တောင်ကြီး)
.
မြန်မာနိုင်ငံဆရာဝန်အသင်း(တောင်ကြီး) (၁၉)ကြိမ်မြောက် နှစ်ပတ်လည် ညီလာခံ ဖွင့်ပွဲကို ဖေဖော်ဝါရီ ၁၃ ရက် နံနက် နာရီက တောင်ကြီးမြို့၊ မြန်မာနိုင်ငံဆရာဝန်အသင်း ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
.
အဆိုပါ ညီလာခံ ဖွင့်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို) ဒုတိယဥက္ကဌ ပါမောက္ခချုပ် ဒေါက်တာ အေးအောင်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ခြင်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့မှ ဆေးနှင့် ဆေးပစ္စည်း ပြခန်းများအား လှည့်လည်ကြည့်ရှု ခဲ့ကြသည်။
.


ထို့နောက် အသင်း ခန်းမအတွင်း၌ ဆရာဝန်များ အဓိဌာန်ပြု ကတိသစ္စာအား စုပေါင်း ရွတ်ဆိုကြပြီး၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မြန်မာနိုင်ငံဆရာဝန်အသင်း(တောင်ကြီး) နှစ်ပတ်လည်ညီလာခံကို စဉ်ဆက်မပြတ် စည်ကားသိုက်မြိုက်စွာ ကျင်းပလာသည်မှာ (၁၉)ကြိမ်မြောက် ရှိပြီ ဖြစ်ကြောင်း၊ နှစ်ပတ်လည် ညီလာခံနှင့်အတူ ဆေးပညာ ဖွံ့ဖြိုးရေး စာတမ်းဖတ်ပွဲများ၊ ဆရာဝန်များ အချင်းချင်း ရင်းနှီးချစ်ကြည်မှု ရရှိစေပြီး၊ အားကစားပြိုင်ပွဲများ၊ ဆေးကုမ္ပဏီ အသီးသီးမှ နောက်ဆုံးပေါ် ဆေးဝါးနှင့် ဆေးပစ္စည်းပြခန်းများနှင့် မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပသည်ကို သိရပါကြောင်း၊ ညီလာခံတွင် အနယ်နယ်အရပ်ရပ်မှ ပညာရှင်ဆရာကြီး၊ ဆရာမကြီးများမှ စာတမ်းများဖတ်ကြားသွားမည် ဖြစ်၍ ဆွေးနွေးပွဲမှ ရရှိလာမည့်ရလဒ်များသည် ရှမ်းပြည်နယ်ရှိ ပြည်နယ်သူ၊ ပြည်နယ်သားများကို ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် များစွာ အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဦးတည်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ဒေသတွင်း ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်မှု လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနများ အသီးသီး ပေါင်းစပ်၍ ဆောင်ရွက်လျှက် ရှိပါကြောင်း၊ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ကျန်းမာရေးဝန်ကြီးဌာနမှ ရှမ်းပြည်နယ်အတွင်းရှိ ဆေးရုံများနှင့် ကျန်းမာရေးဌာနများအတွက် တင်ဒါစနစ်ဖြင့် ဆေးဝါးများဝယ်ယူရန် ရန်ပုံငွေစုစုပေါင်း (၁၈၃၄)သန်းကျော် ခွဲဝေချထားပေးပြီး ဖြစ်၍ ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် စနစ်တကျ တင်ဒါခေါ်ယူကာ အောင်မြင်သော ဆေးကုမ္ပဏီများမှ တဆင့် ဆေးရုံများ၊ ကျန်းမာရေးဌာနများ အရောက် ဖြန့်ဖြူးထောက်ပံ့ပေးနေသည်ကို အသိပေးလိုကြောင်း၊ အထွေထွေရောဂါကု ဆရာဝန်များသည် မြို့ပြ၊ ကျေးလက်နေရာအနှံ့တွင် ပြည်သူများနှင့် အနီးဆုံးနေရာတွင် ရှိနေသည့်အတွက် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုပေးသည့် ကဏ္ဍတွင် ကူညီဆောင်ရွက်ပေးကြရန်သာမက ရောဂါတိုက်ဖျက်ရေးနှင့် ကျန်းမာရေး ပညာပေးခြင်း လုပ်ငန်းများကို ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။
.
ဆက်လက်၍ မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို) ဒုတိယဥက္ကဌပါမောက္ခချုပ် ဒေါက်တာ အေးအောင်က အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း(ဗဟို) ဒုဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းဝင်များ တက်ရောက်ကြပြီး၊ အခမ်းအနားကို ဖေဖော်ဝါရီ၁၃ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)