ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနပိုင် ယာဉ်စက်ယန္တရားများ လေလံတင်ရောင်းချ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, February 24, 2019

ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနပိုင် ယာဉ်စက်ယန္တရားများ လေလံတင်ရောင်းချ


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနပိုင် ယာဉ်စက်ယန္တရားများအား ဖေဖော် ဝါရီလ ၂၁ ရက်၊ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမတွင် လေလံတင်ရောင်းချခဲ့ ကြောင်း သိရသည်။
.
.
လေလံတင်ရောင်းချခဲ့သည့် ယာဉ်စက်ယန္တရားများမှာ ထွေလာဂျီ ၅ စီး၊ TE ရေကား ၁ စီး၊ တစ်ပါထွေလာဂျီ ၁ စီး၊ မြေတူးစက်အလတ် ၁ စီး၊ YAMAHA ဆိုင်ကယ် ၁ စီး၊ မြေတူးစက်အသေး ၁ စီး၊ ထွန်စက်အနီ ၁ စီး၊ FAW ရေပုပ်စုပ်ယာဉ် ၁ စီးတို့ ပါဝင်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ လေလံတင်ရောင်းချခဲ့သည့် ယာဉ်စက်ယန္တရားများ အားလုံး၏ လေလံကြမ်းခင်းဈေးမှာ ကျပ် ၁၄၁ သိန်းကျော်ဖြစ်ပြီး လေလံအောင်မြင် ရောင်းချရာမှ ငွေကျပ် ၁၇၃ သိန်းကျော် ရရှိခဲ့သည်ဟု မြို့နယ်စည်ပင် သာယာရေးဌာန၊ အင်ဂျင်နီယာဌာနမှ သိရသည်။
.
“စက်တွေအားလုံးကို သက်တမ်းစွမ်းအားပြည့် သုံးစွဲထားပြီး ဖြစ်ပါတယ်။ ဌာနအနေနဲ့ ပြင်ဆင်ထိန်းသိမ်း စရိတ် သက်သာအောင် ဆက်လက်အသုံးပြုဖို့ မသင့်လျော်ကြောင်းကို တင်ပြပြီး ပြည်နယ်စည်ပင်သာယာရေးဌာန ရဲ့ ခွင့်ပြုချက်အရ လေလံတင်ရောင်းချပေးခဲ့တာဖြစ်ပါတယ် ဟု ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနမှ အင်ဂျင် နီယာ ဦးမြင့်ကျော်သူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနမှ လေလံတင်ရောင်းချပေးခဲ့သည့် ယာဉ်စက်ယန္တရားများမှာ လောင်စာဒီဇယ်ဆီသုံးယာဉ် ၁၁ စီးပါဝင်ပြီး ဆိုင်ကယ် ၁ စီးသာ ဓါတ်ဆီလောင်စာသုံးယာဉ်ဖြစ်သောကြောင့် လေလံဆွဲ ဝယ်ယူခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်များလည်း ကျေနပ်မှုရှိခဲ့သည်ဟု သိရသည်။
.

No comments:

Post a Comment