ကျောက်မဲတွင် စစ်ရှောင်များ ထပ်တိုးလာသည့်အတွက် စစ်ရှောင် ၆၀၀ ဦးကျော်ထိ ရှိလာ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Monday, February 11, 2019

ကျောက်မဲတွင် စစ်ရှောင်များ ထပ်တိုးလာသည့်အတွက် စစ်ရှောင် ၆၀၀ ဦးကျော်ထိ ရှိလာ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်း ရှမ်းတိုင်းရင်းသား လက်နက်ကိုင် ၂ ဖွဲ့ တိုက်ပွဲ ဖြစ်နေကြောင့် စစ်ရှောင်ပြည်သူများ ထပ်တိုးလာနေသည့်အတွက် ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်တွင် စစ်ရှောင်ဦးရေ ၆၀၀ ကျော်ထိ ရှိလာနေကြောင်း သိရသည်။
.
နောက်ထပ် ၂ ရွာပေါ့၊ နားပိန်းနဲ့ နားပုံရွာက ၃၀ ကျော် ထပ်ရောက်လာတယ်မြို့ပေါ်က နမ့်စလင်းကျောင်းမှာ နေရာ ချထားပေးထားပါတယ်။၊ စားစရာနဲလူကယ်ပြန်က အထောက်အပံ့ ပစ္စည်တွေ ရောက်တာနဲ့ ပေးထားပါတယ်၊ ထပ်လည်း လာနေဆဲဖြစ်လိုထပ်တိုးမှာပါဟု ကျောက်မဲမြို့နယ်၊ ဇီဝိတလူမကူညီရေးအသင်းမှ ဦးတင်မောင်သိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.


ပန်လော့နှင့် နမ့်ပျဉ်ကျေးရွာများမှ စစ်ရှောင် ပြည်သူများလည်း ဖေဖော်ဝါရီလ ၁၀ ရက် ညပိုင်းတွင် ထပ်မံ ရောက်ရှိလာသည့် အပြင် နောက်ထပ် နားပိန်းနှင့် နားပုံကျေးရွာများမှ ရောက်ရှိလာနေသည့် စစ်ရှောင် ဦးရေ များပြားလာလျက်ရှိနေကြောင်း ၄င်းက ဆိုသည်။
.
ဖေဖော်ဝါရီလ ၈ ၇က် ညနေပိုင်းက စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် အန္တရာယ်ကို ရှောင်ရှားသည့် အနေဖြင့် တိမ်းရှောင်လာကြခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောကြားကြပြီး ပန်လော့ကျေးရွာမှ စစ်ရှောင် အိမ်ထောင်စု ၁၁၁ စု၊ လူဦးရေ ၃၃၈ ဦး၊ နမ့်ပျဉ်ကျေးရွာမှ စစ်ရှောင် အိမ်ထောင်စု ၈၅ စု၊ ဦးရေ ၂၇၅ ဦး၊ နားပိန်းနှင့် နားပုံကျေးရွာမှ ဦးရေ ၃၀ ဦးတို့သည် နမ့်စလင်းကျောင်းသိုရောက်ရှိ ခိုလှုံနေကြကြောင်း သိရသည်။
.
အချိုကလည်း ညမှာ ထွက်မလာရဲဘူးလိုပြောကြတယ် အခုလည်း ပန်လော့နဲ့ နမ့်ပျဉ်းက ထပ်လာနေကြတယ်စစ်ရှောင် စာရင်း ထပ်ဖြည့်နေရပါတယ် အခက်အခဲတွေကတော့ အများကြီးပေါ့ အိမ်ပစ်၊ စီးပွားပျက် အအေးဒဏ်ခံရနဲဒုက္ခရောက်နေကြပါတယ်ဟု စစ်ရှောင်များအား ကူညီနေသူ ကိုသားဇော်က ပြောသည်။
.


မီဒီယာအဖွဲ့ပေါင်း ၁၄ ဖွဲ့မှ ဖေဖော်ဝါရီလ ၁၁ ရက် နံနက်ပိုင်းတွင် ကျောက်မဲမြို့သိုရောက်ရှိလာကာ စစ်ရေး ပဋိပက္ခများ၏ မြေပြင် အခြေအနေကို လာရောက်ယူနေကြပြီး တိုက်ပွဲများကြောင့် ဖြစ်ပေါ်နေသည့် လူထုအခက်အခဲများကို သက်ဆိုင်သည့်အဖွဲ့အစည်းများ သိရှိစေရန် သတင်းများ ထုတ်ပြန်ပေးစေလိုသည်ဟု ဒေသခံများက ပြောကြားသည်။
.
ကျောက်မဲခရိုင်အတွင်း လတ်တလော ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့် သီပေါမြို့နယ်ရှိ စစ်ရှောင် စခန်းများတွင် လူဦးရေ ၈၀၀ ကျော်၊ ကျောက်မဲမြို့နယ် စစ်ရှောင်စခန်းများတွင် လူဦးရေ ၆၀၀ ကျော် စစ်ဘေး တိမ်းရှောင် ရောက်ရှိနေကြကာ အချိန်ကြာလာသည်နှင့်အမျှ အခက်အခဲများ ပိုမို တွေကြုံနေရလျက် ရှိကြောင်းလည်း သိရသည်။

No comments:

Post a Comment

Recent Tube