တောင်ကြီးတွင် မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးရုံး တည်ဆောက်သွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးရုံး တည်ဆောက်သွားမည်


မင်းဇော်မင်း
.
မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ ကို ရှာဖွေစစ်ဆေးရန်အတွက် ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီးမြို့တွင် မဲခေါင်ပူးပေါင်းဆောင် ရွက်ရေးရုံးကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
ဒုတိယအကြိမ် အမျိုးသားလွှတ် တော်၊ (၁၁)ကြိမ်မြောက်ပုံမှန်အစည်း အဝေးတွင် ကယားပြည်နယ် မဲဆန္ဒ နယ်အမှတ် (၉)မှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးစိုးသိန်းက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန်၊ မူးယစ် ဆေးဝါး နှိမ်နှင်းရေးတပ်ဖွဲ့အင်အား ပြည့်စုံရန်နှင့် ခေတ်မီ အထောက်အ ကူပြုပစ္စည်းများ ဖြည့်တင်းပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်း မေးမြန်းမှုနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြန်လည်ဖြေကြားရာတွင် ယင်း ကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
.
ဒုဝန်ကြီးက မဲခေါင်မြစ်ကြောင်း တစ်လျှောက် ဆက်စပ်နယ်မြေများတွင် မူးယစ်ဆေးဝါးရောင်းဝယ်မှုများ ရှာဖွေစစ်ဆေးခြင်း၊ ကြိုတင်တားဆီး နှိမ်နင်းခြင်း လုပ်ငန်းများ၊ ထောက်လှန်းရေး သတင်းများ ပူးပေါင်းတည် ဆောက်နိုင်ရန် ရည်ရွယ်ပြီး ၂ဝ၁၈ ခုနှစ် မဲခေါင်မြစ်ကြောင်း ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံ ငွေအရ ဘေးကင်းလုံခြုံသည့် မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးရုံး (SMCC) တည်ဆောက်နိုင်ရန် တရုတ်နိုင်ငံက ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၄၉၉၄ဝဝ ကို ထောက်ပံ့ပေးခဲ့တဲ့အ တွက် ရှမ်းပြည်နယ်၏ မြို့တော်ဖြစ် သော တောင်ကြီးမြို့တွင် ရုံးဆောက် လုပ်ပြီး မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံများနှင့် ပူးပေါင်းကာ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေ ကြားခဲ့ခြင်း ဖြစ်သည်။
.
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကို တပ်ဖွဲ့ခွဲ ၃ ခွဲ၊ တပ် ဖွဲ့စု ၅ဝ စုဖြင့် ဖွဲ့စည်းပြီး မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်း များကို အထည်အကောင်အထည် ဖော်ဆောင်ရွက်နေသလို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အင်အား ပြည့်မီလာသည့် အခြေအနေအပေါ်မူတည်ပြီး တပ်ဖွဲ့ခွဲ ၁ဝ ခွဲနှင့် တပ်ဖွဲ့စု ၆၅ စု အထိ တိုး ချဲ့ ဖွဲ့စည်းရန် စီစဉ်လျက်ရှိကြောင်း နှင့် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်း ချုပ်ရေးအဖွဲ့ရုံး (ONCB)၊ သြစတေး လျ နိုင်ငံရဲတပ်ဖွဲ့ (AFP)၊ တရုတ် နိုင်ငံ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (NNCC) တို့မှ ထောက်ပံ့သည့် ခေတ်မီအထောက် အကူပြု ပစ္စည်းများအပြင် နိုင်ငံတော် ဘဏ္ဍာငွေဖြင့်လည်း ခေတ်မီအ ထောက်အကူပြု ပစ္စည်းများကို ဝယ်ယူ၍ဖြည့်တင်း ဆောင်ရွက်ပေးနေကြောင်း ဒုတိယဝန်ကြီးမှ ဖြေကြားခဲ့သည်။
.
ရှမ်းပြည်နယ်တွင်  မူးယစ်ဆေး ဝါးနှင့် ပတ်သက်၍ အိမ်နီးချင်း မဲ ခေါင်မြစ်ဝှမ်းဒေသ နိုင်ငံများအပြင် တရုတ်နိုင်ငံပါဝင်သည့် မူယစ်ဆေး ဝါး တိုက်ဖျက်ရေး၊ သတင်းဖလှယ်ပူး ပေါင်းဆောင်ရွက်ရေးတို့ဖြင့် မူးယစ် ကင်းစင်စေရန် လုပ်ဆောင်လျက်ရှိ သော်လည်း အမြစ်ပြတ် ချေမှုန်းနိုင် ခြင်း မရှိသေးကြောင်း၊ သို့အတွက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ တား ဆီးကာကွယ်ရေး လုပ်ငန်းများကို ယ ခုထက် ပိုမိုလုပ်ဆောင်ရန်လိုအပ်နေ ပြီး နိုင်ငံတော်သမ္မတ၏ လမ်းညွှန် ချက်အတိုင်း လုပ်ဆောင်နိုင်ရန်လိုအပ် သည့်အပြင် ဆေးဖြတ် လူငယ်စခန်း များ ဖွင့်လှစ်ပေးနိုင်ရေးအတွက် နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်ပေးနိုင်ရန် လိုအပ်လျက်ရှိကြောင်း တာချီလိတ် ဒေသခံ လွှတ်တော်ကိုယ်စားလှယ် များထံက သိရှိရသည်။
.

Journal Download

Photo of three cats