တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၈ ဦးအား မူလနေရပ်ဒေသများသို့ ပြန်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေး - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, February 14, 2019

တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၈ ဦးအား မူလနေရပ်ဒေသများသို့ ပြန်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေး


မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ လွှဲပြောင်း ပေးလာသော တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၈ ဦးအား ၎င်းတို့ ၏ မူလနေရပ်ဒေသများသို့ ပြန်နိုင်ရေး အတွက် ဖေဖေါ်ဝါရီ ၁၃ ရက် ညနေပိုင်းက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း တာချီလိတ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့မှ သိရသည်။
.

.
ထိုင်းနိုင်ငံ လဝကမှူး Pol Cap.Katichai Sansil၊ ဦးစီးအဖွဲ့သည် ဖေဖော်ဝါရီ ၁၃ ရက်နေ့မွန်းလွဲ ၃  နာရီအချိန်ခန့် မြန်မာ-ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတာ၌ တရားမဝင် မြန်မာအလုပ်သမား အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ၁၆ ဦး၊ စုစုပေါင်း ၂၈ ဦးတို့ကို လာရောက်လွှဲပြောင်းပေးအပ်ရာ မြန်မာနိုင်ငံဘက်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အလုပ်သမားညွန်ကြားမှုဦးစီးဌာန၊ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်း ရေးကော်မတီ(CNCMC)တို့မှ ကြိုဆိုပြီး ၄င်းတို့၏ မူလနေရပ်ဒေသများသို့ ပြန်နိုင်ရေး အတွက် ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
.
လွှဲပြောင်းပေးသည့် မြန်မာနိုင်ငံသား ၂၈ ဦးတို့အား တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မဟာမြတ်မုနိ ကျောင်းဝင်း အတွင်း၌ အခြေပြုပြီး ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခဲ့ရာ မြန်မာအလုပ်သမားများမှာ ၎င်းတို့ဆန္ဒဖြင့် ပြန်လာသူများ မဟုတ်ကြဘဲ ထိုင်းနိုင်ငံအတွင်း နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် သက်တမ်းလွန်ခြင်း၊ အထောက်အထား မရှိဘဲ နေထိုင်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံတာဝန်ရှိသူများက ရှောင်တခင်စစ်ဆေးချက်အရ ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံသို့ ပြန်လည်စေလွှတ်ခဲ့သူများဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်သည့် တရားမဝင် မြန်မာအလုပ်သမားများမှာ ၂ဝ၁ဝ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက် နေ့မှ  ၂ဝ၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့ထိ အမျိုးသား ၁ဝ၂၈၇ ဦး၊ အမျိုးသမီး ၄၁၂၂ ဦး၊ စုစုပေါင်း ၁၄၄ဝ၉ ဦးအထိ ရှိခဲ့ကြောင် သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)