ကျိုင်းတုံမြို့တွင် ရွှေကမ္ဘာ အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်း စတင်ဖွင့်လှစ်ပြေးဆွဲ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, February 24, 2019

ကျိုင်းတုံမြို့တွင် ရွှေကမ္ဘာ အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်း စတင်ဖွင့်လှစ်ပြေးဆွဲ


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ တောင်ကြီးလမ်းရှိ ယန်းခမ်းအဝေးပြေးယာဉ်ရပ်နားစခန်းဝင်းအတွင်း ရွှေကမ္ဘာ အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းအသစ်အား ဖေဖော်ဝါရီလ ၂၁ ရက်တွင် စတင်ဖွင့်လှစ် ပြေးဆွဲေ ပးလျက်ရှိပြီး တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် ခရီးစဉ်အပြင် ရှမ်းပြည်နယ်ပြင်ပ ဖြစ်သော ရန်ကုန်၊ နေပြည်တော်၊ မန္တလေးခရီးစဉ်များကို တိုက်ရိုက်ပြေးဆွဲပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
.
.
ရွှေကမ္ဘာအဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းသည် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ လားရှိုး၊ မူဆယ်မြို့များသို့ ချိတ်ဆက်ပြေးဆွဲနေသည့် ယာဉ်လိုင်းဖြစ်ပြီး တာချီလိတ်-ကျိုင်းတုံ-တောင်ကြီးခရီးစဉ် မှတစ်ဆင့် ယင်းမြို့များသို့ လွယ်ကူအဆင်ပြေစွာဖြင့် ချိတ်ဆက်သွားလာနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားသည်ဟု ကျိုင်းတုံမြို့ ရှိ ရွှေကမ္ဘာအဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းတာဝန်ခံ ဦးခင်မောင်ထံမှ သိရသည်။
.
“ကျွန်တော်က ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း အတွေ့အကြုံ လုပ်သက်ကြာနေပါပြီ။ ခရီးသည်တွေ စိတ်ချမ်းမြေ့ စွာ သွားလာနိုင်ရေး၊ ယာဉ်တွေ ကြံ့ခိုင်သန့်ရှင်းပြီး ယာဉ်ပိုင်ရှင်တွေနဲ့ ယာဉ်မောင်းတွေ မိသားစုဘဝ အဆင်ပြေ စေရေးအတွက် ယာဉ်လိုင်းနဲ့ ခရီးသည်ရဲ့အကြားမှာ မှန်ကန်မျှတတဲ့ ယာဉ်စီးခ နှုန်းထားဖြစ်စေရေး စီစဉ်ထား ပါတယ် ဟု ဦးခင်မောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ခရီးသည်တင်ယာဉ်မောင်း တစ်ဦးဖြစ်သူ ဦးပေါက်ကြီးက “ကျွန်တော်တို့က လမ်းမှာ ခရီးသည်နဲ့ အတူ ပါနေတာဆိုတော့ သိပါတယ် ခရီးသည်ဆီက ကားခတောင်းထားတဲ့ ဈေးနှုန်းမှာ ကြားပွဲစားက ဖြတ်တာရှိ တယ်။ နောက်ထပ် ဂိတ်ကြေးလည်း ဖြတ်တော့ ကားပိုင်ရှင် အုံနာ နစ်နာတာပေါ့။  ယာဉ်မောင်းအနေနဲ့ ခေါက်ကြေး စားဖြစ်လို့ တစ်လမှာ ၂ ခေါက်လောက် ဆွဲရရင် မိသားစုအတွက် ခက်ခဲပါတယ်။ ပုံမှန်ယာဉ်စီးခ ရမယ်ဆိုရင်တော့ အဆင်ပြေပါတယ် ဟု ပြောသည်။
.
ကျိုင်းတုံမြို့တွင် ခရီးသည်ပို့ဆောင်ရေးအတွက် ပြေးဆွဲနေသည့် ယာဉ်လိုင်း ၂၃ လိုင်း ရှိသော်လည်း ခေတ္တ ရပ်နားထားသည့် ယာဉ်လိုင်းများ ရှိနေပြီး ရွှေကမ္ဘာအဆင့်မြင့်ခရီးသည်တင်ယာဉ်လိုင်းသစ်တွင် ဂိတ်တာဝန်ခံနှင့် ဝန်ထမ်းများမှာ ဝါရင့် အတွေ့အကြုံရှိသူများ ဖြစ်သည့်အတွက် ခရီးသည်များ အဆင်ပြေချောမွေ့စွာ သွားလာနိုင် မည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment