လားရှိုးတွင် ငွေကျပ် သိန်းပေါင်း ၃ သိန်းကျော် လိမ်လည်သွားသူကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Wednesday, February 6, 2019

လားရှိုးတွင် ငွေကျပ် သိန်းပေါင်း ၃ သိန်းကျော် လိမ်လည်သွားသူကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဖမ်းမိ


အောင်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ငွေကျပ် သိန်းပေါင်း ၃၄၄၅၀၀၀ ကျော်ကို လိမ်လည်ရယူကာ ထွက်ပြေးတိမ်းရှောင်နေသူ ၃ ဦးအနက် တစ်ဦးဖြစ်သူ မျိုးဇော်ကို (ခ) တော်ကီကို ဖေဖော်ဝါရီလ ၃ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပြီး ဖေဖော်ဝါရီလ ၆ ရက်၊ နံနက်ပိုင်းတွင် မြန်မာ နိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
.
ဓါတ်ပုံ - တာချီလိတ် လူကုန်တား
.
မျိုးဇော်ကို (ခ) တော်ကီသည် ဇန်နဝါရီလ ၁၈ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ညအိပ်ရပ်နားခဲ့ပြီးနောက် ဘန်ကောက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနမှ အတည်ပြုနိုင်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၃ ရက်၊ ဒေသစံတော်ချိန် ည ၇ နာရီခွဲ တွင် ဘန်ကောက်မြို့၌ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တာချီလိတ်မြို့ရှိ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ရဲတပ်တပ်ဖွဲ့တို့မှ ထိုင်းနိုင်ငံ၊ ချင်းရိုင် BCATIP အဖွဲ့ဝင် မယ်ဆိုင်လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ချိတ်ဆက်ကာ အကူအညီရယူဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး မယ်ဆိုင်ခရိုင်ဝကမှူး နှင့် ဘန်ကောက်မြို့ရှိ RTP ရဲတပ်ဖွဲ့ဝင်များ ချိတ်ဆက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထွက်ပြေးတိမ်းရှောင်နေသူ မျိုးဇော်ကို (ခ) တော်ကီကို ဖေဖော်ဝါရီလ ၆ ရက်၊ နံနက်ပိုင်းတွင် တာချီလိတ်မြို့ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ ထိုင်းနိုင်ငံဘက်မှ လာရောက်လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။
.
ထိုသို့ လွှဲပြောင်းပေးအပ်ရာတွင် ထိုင်း-မြန်မာ နှစ်နိုင်ငံ တာရှိသူများ တက်ရောက်ခဲ့ပြီးချင်းရိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှူး Pol Col Aekkrom Bustabodin Superienterdent မှ လွှဲပြောင်းပေးအပ်ရာ မြန်မာနိုင်ငံဘက်မှ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ပေါ်ထွန်း ဦးဆောင်သော မြန်မာ BCATIP အဖွဲ့က လက်ခံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
လားရှိုးမြို့၊ အမှတ် (၉) ရပ်ကွက်နေ မျိုးဇော်ကို (ခ) တော်ကီသည် မတင်နီလာစိုး၊ ကိုဝင်ကြွယ်တို့နှင့်အတူ လားရှိုးမြို့၊ အမှတ် (၁၂) ရပ်ကွက်နေ ဒေါ်လီစိန်အပါအဝင် အခြားသူများထံမှ ယုံကြည်အောင်ပြောဆိုကာ ငွေကြေး အမြောက်အများ လိမ်လည်ရယူခဲ့ပြီးနောက် ဇန်နဝါရီလ ၁၇ ရက်တွင် ထွက်ပြေးတိမ်ရှောင်သွားကြရာ မတင်နီလာစိုး နှင့် ကိုဝင်းကြွယ်တို့ကို ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်းက ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ ၃ ဦးကို လားရှိုးမြို့မရဲစခန်းနှင့် နယ်မြေရဲစခန်းတို့တွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀/၁၁၄ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube