ရွှေညောင်ဖူဆယ်ကလပ် စတင်ဖွင့်လှစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွှေညောင်ဖူဆယ်ကလပ် စတင်ဖွင့်လှစ်


ကမ္ဘောဇတိုင်း
.
UMG Group of Companies ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော Fustal and Club Coffee ဖွင့်ပွဲ အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တာယော ရပ်ကွက်ရှိ အဆိုပါအားကစားကွင်းတည်ရှိရာ နေရာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
ရွှေညောင်ဖူဆယ်ကွင်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ UMG Group of Companies ၏ တောင်လေးလုံးနယ်မြေ တာဝန်ခံ ကိုညွန့်ဝေစိုးက “ဒီရွှေညောင်ဖူဆယ်ကလပ် ကော်ဖီ ဖွင့်ရတဲ့ ရည်ရွယ်ချက်ကတော့ တိုင်းပြည်ရဲ့ အနာဂတ်ဟာ လူငယ်တွေအပေါ်မှာ အဓိကကျပါတယ်။ ဒီလူငယ်တွေ ကျန်းမာသန်စွမ်းပြီး ဖွံ့ဖြိုးတိုးတက်မှ ကျွန်တော်တို့နိုင်ငံတော်ဟာ ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေ ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်ပြီးတော့ ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်” ဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ရွှေညောင်ဖူဆယ်ကွင်း မန်နေရဂျာ ကိုစောဗစ်တာမှလည်း “လူငယ်တွေ အနေနဲ့ တခြားနေရာတွေမှာ အချိန်ကုန်မယ့်အစား အားကစားလုပ်ခြင်းအားဖြင့် သူတို့ကျန်းမာရေး အတွက်လည်း ပိုမိုကောင်းမွန်သလို တိုင်းပြည်အနာဂတ်အတွက်လည်း ပိုပြီးတော့ ကောင်းလာမှာဖြစ်ပါတယ်။ နောက်ပြီးတော့ အားကစားသမား ကောင်းတွေ ပေါ်ထွက်လာစေရေး ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒါလေးကို လုပ်ဖြစ် တာပါ။ ပုံမှန်အားဖြင့်ကတော့ ၇ ဆက်ရှင်ယူရင် ၁ ဆက်ရှင် FOC ပေးပါတယ်။ အခု ဆိုင်ဖွင့်ပွဲ ကာလမှာတော့ ၂ ဆက်ရှင်ယူရင် ၁ ဆက်ရှင် ပေးသွားမှာပါ” ဟု ပြောသည်။
.
ဖွင့်ပွဲတွင် UMG Group of Companies ၏ ဥက္ကဌ ဒေါ်မာလာဝင်းက အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အင်းတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်နှင့် ဥက္ကဌ ဒေါ်မာလာဝင်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
.
အဆိုပါ ရွှေညောင်ဖူဆယ်ကွင်းနှင့် Coffee Club ဖွင့်ပွဲသို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ ဧည့်သည်တော်ကြီးများ၊ UMG Group of Companies ၏ ဥက္ကဌ ဒေါ်မာလာဝင်း၊ အနုပညာရှင်များနှင့် ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲဝင် အားကစားသမားများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats