တာချီလိတ်ခရိုင်အတွင်း နေထိုင်သူများအနေဖြင့် ထိုင်းနိုင်ငံသို့ နိုင်ငံ ဖြတ်ကူးခွင့် တစ်နှစ် စာအုပ်လုပ်ခွင့် ရမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, February 22, 2019

တာချီလိတ်ခရိုင်အတွင်း နေထိုင်သူများအနေဖြင့် ထိုင်းနိုင်ငံသို့ နိုင်ငံ ဖြတ်ကူးခွင့် တစ်နှစ် စာအုပ်လုပ်ခွင့် ရမည်

မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီ လိတ်ခရိုင်အတွင်းရှိ မြို့နယ်များ၊ မြို့ နှင့် ကျေးရွာများတွင် နေထိုင်သော ပြည်သူများအနေဖြင့် တစ်ဖက်ထိုင်း နိုင်ငံသို့ ၁ နှစ်သက်တမ်းရှိ နယ်စပ် ဖြတ်ကူးခွင့်စာအုပ် လုပ်ခွင့်ရရှိပြီ ဖြစ်ကြောင်း သိရသည်။
.
.
''တာချီလိတ်ခရိုင် တစ်ခုလုံးမှာ နေထိုင်သူတွေ တစ်နှစ်သက်တမ်းရှိ စာအုပ် လုပ်ခွင့်ရပါတယ်။ အရင်က တော့ တာချီလိတ်မြို့ပေါ် တစ်ခုပဲ ပေးပါတယ်။ အခုကတော့ ကျေးရွာ တွေပါ ပါလာပါတယ်။ ဖေဖော်ဝါရီလ ၁၆ မှာစပြီး ရတာပါ။ သက်ဆိုင်ရာ မြို့နယ်တွေကိုလည်း စာတွေပို့ ထားပါပြီ'' ဟု တာချီလိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာရုံးမှ  တာဝန်ကျ အရာရှိ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြော သည်။

.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းရှဲန်တစ် ကလည်း ''ခရိုင်က မိတ္တူပို့လာပါ တယ်၊ မြို့ပေါ်သာမက ကျေးရွာတွေ အထိ တာချီလိတ်ခရိုင် တစ်ခုလုံး တစ်နှစ်သက်တမ်းရှိတဲ့ စာအုပ်လုပ် ခွင့် ရပါပြီ။ အသေးစိတ်ကတော့ ခ ရိုင်က လုပ်ဆောင်နေပါတယ်'' ဟု ပြောသည်။
.
ယခင်က ထိုင်းနိုင်ငံသို့ ၁ နှစ် သက်တမ်းရှိ စာအုပ်ဖြင့် သွားလာခွင့် ကို တာချီလိတ်မြို့ပေါ် ၁၁ ရပ်ကွက် တွင် တရားဝင် အိမ်ထောင်စုဇယား ရှိသူများကိုသာ ခွင့်ပြုပေးခဲ့ရာမှ ယခု အခါ တာချီလိတ်မြို့နယ် ကျေးရွာ များသာမက တာချီလိတ်ခရိုင် တစ်ခု လုံးရှိ ပြည်သူများအတွက် ခွင့်ပြုပေး ခဲ့ခြင်းဖြစ်သည်။
.
''မြို့နဲ့ရွာ ခွဲခြားခံနေရတယ်လို့ မြင်တဲ့အတွက် တာဝန်ရှိသူတွေရဲ့ ခ ရီးစဉ်တိုင်းမှာ တိုက်ရိုက်တင်ပြတာ တွေ ရှိခဲ့ပါတယ်။ တာချီလိတ်ခရိုင် သာမကပါဘူး။ ရှမ်းအရှေ့အပြင် မှတ် ပုံတင် (၁၃/) ကိုင်ဆောင်တဲ့ ရှမ်း ပြည်နယ်သားတွေကိုလည်း စာအုပ် နဲ့ ဖြတ်သန်းသွားလာနိုင်ဖို့ တင်ပြခဲ့ တာရှိပါတယ်'' ဟု တာချီလိတ်မြို့ နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင် မောင်တင့်က ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
တံတားကူးခွင့် စာအုပ်ဖြင့်ဆိုလျှင် တန်းစီစရာ မလိုသည့်အပြင် ဖြတ်သန်းခ ကျပ် ၃ဝဝ သာရှိသဖြင့် လည်းကောင်း၊ နေ့စဉ် ကူးသန်းနေရ သူများအနေဖြင့် နေ့စဉ်တစ်ခါကူး လျှင် ကျပ် ၁ဝဝဝ ကျသင့်နေသဖြင့် ယခုခွင့်ပြုချက်က တာချီလိတ်ခရိုင် အတွင်း နေထိုင်ကြသော ပြည်သူများ အတွက် အခွင့်အလမ်းများ ပိုမိုရ ရှိလာစေမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
.
ထို့အတူ ရှမ်းပြည်နယ်မဲဆန္ဒနယ် အမှတ် (၇) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က လည်း ''ပြည်ထဲရေး ဒုဝန်ကြီးခရီးစဉ်၊ ပြည်နယ်ဝန်ကြီးချုပ် ခရီးစဉ် စတဲ့ ခရီးစဉ်တွေမှာ ခုလို ခွင့်ပြုပေးဖို့ တင်ပြခဲ့တာပါ။ မြို့နဲ့ကျေးလက် ကွာ ဟမှုကအစ လူ့အခွင့်အရေးအရ ခွဲခြားသလို ဖြစ်နေတာကို မရှိရ အောင်လို့ လုပ်ဆောင်နေ တာပါ။ ကျန်တဲ့ခ ရိုင်တွေလည်း လုပ်ခွင့်ရဖို့ ဆက်လက် လုပ်ဆောင်နေပါတယ်'' ဟု ပြော သည်။
.
အဆိုပါ ထိုင်းနိုင်ငံသို့ ၁ နှစ်သက် တမ်းရှိ နယ်စပ်ဖြတ်သန်းခွင့် စာအုပ် ပြုလုပ်ရာတွင် အိမ်ထောင်စုဇယား မူရင်း/ မိတ္တူ၊ နိုင်ငံသား စိစစ်ရေး ကတ်ပြား မူရင်း/မိတ္တူ၊ ပတ်စ်ပို့ဓာတ် ပုံ ၂ ပုံနှင့်အတူ လူကိုယ်တိုင်ခရိုင် လဝကရုံးတွင် သွားရောက်လျှောက် ထားရန်လိုအပ်ပြီး တာချီလိတ် ခ ရိုင်အတွင်းရှိ မိုင်းဖြတ်မြို့နယ်၊ မိုင်း ယောင်းမြို့နယ်၊ တာလေမြို့၊ ကျိုင်း လတ်မြို့များနှင့် ကျေးရွာ များနေ ပြည်သူများအထိ လုပ်ခွင့်ရရှိပြီ ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment