ကျောက်မဲတွင် အမျိုးသား တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, February 28, 2019

ကျောက်မဲတွင် အမျိုးသား တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက်(၃)ရှိ နန်းဟော်ကေတီဗွီဆိုင်မှ ကိုရန်လင်းအောင်၊ အသက် ၃၄ နှစ်သည် အောင်ဆန်းလမ်းနှင့် ရွှေဖီဦးလမ်းထောင့်ရှိ ပေါ်လွင်ကားဂိတ် အနီး၌ ဖေဖော်ဝါရီလ ၂၇ ရက်၊ ညနေပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း သိရသည်။
.

သေဆုံးသူသည် ဆိုင်အလုပ်သမား ဖြစ်သူ မင်းနိုင်ဖြိုးနှင့်အတူ ဆိုင်တွင် လိုအပ်သည့် ပစ္စည်းများအား SEVEN ELEVEN စတိုးဆိုင်မှ မှာယူ၍ ဆိုင်သို့ မော်တော်ဆိုင်ကယ်ဖြင့် ပြန်လာစဉ် နောက်မှ ဆိုင်ကယ်ဖြင့် လိုက်ပါလာသူ တစ်ဦးက ၄င်းတို့ စီးနင်းလာသည့် ဆိုင်ကယ်အား အနည်းငယ် ကျော်တက်ကာ သေနတ်ဖြင့် တစ်ချက် ပစ်ခတ်ခဲ့ရာ ကိုရန်လင်းအောင်၏ ရင်ညွန့်သို့ ထိမှန်ကာ နေရာတွင်ပင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ကိုရန်လင်းအောင်၏ ရုပ်အလောင်းအား ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ တရားခံအား ဖမ်းဆီး ရမိနိုင်ရေးအတွက် ရဲတပ်ဖွဲ့မှ စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)