တောင်ကြီးတွင် ဗွီဒီယိုခွေငှားဆိုင်များ လျော့နည်းလာပြီး ၉ ဆိုင်ခန့်သာ ကျန်ရှိတော့ - Kanbawza Tai News

Breaking

Boxed(True/False)

Wednesday, February 20, 2019

တောင်ကြီးတွင် ဗွီဒီယိုခွေငှားဆိုင်များ လျော့နည်းလာပြီး ၉ ဆိုင်ခန့်သာ ကျန်ရှိတော့


ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်တွင် ဗွီဒီယိုခွေငှား ဆိုင်များ တဖြည်းဖြည်းလျော့နည်းလာနေပြီး လက်ရှိတွင် ၉ ဆိုင်ခန့် သာ ကျန်ရှိကာ ယင်းဆိုင်များမှာလည်း ဆက်လက်ရပ်တည်နိုင်ရေးအတွက် မျှော်လင့်ချက် နည်းပါးနေကြောင်း သိရသည်။
.
.
''အခုက တောင်ကြီးမြို့ပေါ်မှာ ၉ ဆိုင်လောက်ပဲ ရှိတော့တယ်။ ၂ဝ၁ဝ ခုနှစ်လောက်အထိ ဆိုင်တွေတော် တော် များနေပါသေးတယ်။ နောက် ပိုင်းမှာ အွန်လိုင်းနဲ့ အခမဲ့ရုပ်သံ လိုင်းတွေ များလာတော့ ခွေငှားဆိုင် တွေက ပြုတ်ကုန်တယ်။ ၂ဝ၁၅ လောက်အထိကို ဆိုင် ၅ဝ လောက် ခိုင်ခိုင်မာမာ ရှိနေသေးတယ်။ နောက် ပိုင်းမှာ ရုပ်ရှင်ပြန်အားကောင်းလာ တော့ ခွေငှားဆိုင်တွေ ပိုပြီး အခက် တွေ့ရပါတယ်။ ဈေးကွက် လုံးဝ ပျောက်သွားတာည ကတော့ ၂ဝ၁၆ ခုနှစ် လောက်ကပါ''ဟု တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်တွင် ဗွီဒီယိုခွေ နှင့် စာအုပ်အငှားဆိုင် ဖွင့်လှစ်ထား သူ ဦးဆန်းဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယခုအခါ တိုးတက်ပြောင်းလဲ လာသော လူနေမှုစနစ်ပုံစံအရ ပြည် သူအများစုသည် မိုဘိုင်းလ်ဖုန်းများ နှင့် အိမ်နီးချင်းနိုင်ငံများမှ တင် သွင်းလာသော ဈေးနှုန်းသက်သာသည့် ဂြိုလ်တုစလောင်းငယ်များဖြင့် သာ ဗွီဒီယိုဇာတ်လမ်း ကြည့်ရှုမှု များပြားလာရာ ခွေငှားရမ်းရမှု နည်း ပါးသွားပြီး ဆက်လက်ရပ်တည်နိုင်ရေးအတွက် မျှော်လင့်ချက်နည်းပါး နေကြောင်း ¤င်းမှဆက်လက်ပြော ကြားခဲ့သည်။
.
ထို့အပြင် တောင်ကြီးမြို့ပေါ်တွင် Sky Net နှင့် 4TV ကဲ့သို့သော အခ ပေးရုပ်သံလိုင်းများကိုလည်း လစဉ် ကြေးပေးသွင်း၍ ကြည့်ရှုသူများပြား ကြကြောင်း သိရသည်
.
ဗွီဒီယိုခွေငှားဆိုင်များတွင် ဇာတ် ကားတစ်ခွေလျှင် တစ်ရက် ငှား ရမ်းခ တစ်ရက် ၃ဝဝ ကျပ်နှုန်းဖြင့် လည်းကောင်း၊ ၂ ချပ်တွဲ ဇာတ်ကား တစ်ကားလျှင် ၅ဝဝ ကျပ်နှုန်း ဖြင့် လည်းကောင်း၊ ၃ ချပ်တွဲ ဇာတ်ကား တစ်ကားလျှင် ၆ဝဝ ကျပ်နှုန်းဖြင့် လည်းကောင်း ငှားရမ်းပေးလျက် ရှိပြီး လက်လီခွေအငှားဆိုင်များသာ မက ဖြန့်ချိရေး မူပိုင်ယူထားသည့် လုပ်ငန်းကြီးများလည်း အဆင်မပြေ ဖြစ်ပေါ်နေကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)