မြန်မာ-လာအိုချစ်ကြည်ရေး တံတားမှ ဖြတ်သန်း သွားလာခွင့်ရရန် ဒေသခံများ မျှော်လင့် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Saturday, February 2, 2019

မြန်မာ-လာအိုချစ်ကြည်ရေး တံတားမှ ဖြတ်သန်း သွားလာခွင့်ရရန် ဒေသခံများ မျှော်လင့်


မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့ရှိ မြန်မာ-လာအိုချစ်ကြည်ရေးတံတားကို ဖွင့် လှစ်ခဲ့သည်မှ ၄ နှစ်ခန့် ရှိပြီဖြစ်သော် လည်း ယနေ့အချိန်အထိ တရားဝင် ဖြတ်သန်းသွားလာခွင့် မရသေးသည့် အတွက် အမြန်ဆုံး ဖွင့်လှစ်ပေးရန် ဒေသခံပြည်သူများနှင့် လုပ်ငန်းရှင်များမှ လိုလားလျက်ရှိကြောင်း သိရ သည်။
.
.
''သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်၊ ၂ဝ၁၅ ခုနှစ်၊ မေလ ၉ ရက်နေ့ကတည်းက သမ္မတ ကိုယ်တိုင်လာရောက်ဖွင့် လှစ်ခဲ့ပါ တယ်။ အခုအစိုးရလက်ထက်မှာ လည်း ဒီနေ့အချိန်ထိ တရားဝင်ကူး သန်း ရောင်းဝယ်ခွင့်မရှိသေးတဲ့အ တွက် နှစ်နိုင်ငံသွားလာမှု အဆင်မ ပြေ ဖြစ်နေပါတယ်''ဟု ကျိုင်းလပ်ဒေသခံ ဦးခင်မောင်ဇော်က ပြောသည်။
.
မဲခေါင်မြစ်ကူး မြန်မာ-လာအို ချစ်ကြည်ရေးတံတားကို ကျိုင်းလပ် မြို့နှင့် လာအိုနိုင်ငံ၊ လွန်နသန်ပြည် နယ်၊ လောင်းဝ်ခရိုင်၊ ဟွေဟုန်းကျေး ရွာတို့ကို ဆက်သွယ်တည်ဆောက် ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၆ သန်းဖြင့် ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်က စတင်တည်ဆောက်ကာတံတားအ ရှည် ၆၉၁ ဒသမ ၆ မီတာအနက် မြန်မာဘက်မှ ၃၆ဝ ဒသမ ၈ မီတာ ကို တာဝန်ယူတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
.
မြန်မာ-လာအိုချစ်ကြည်ရေး တံတားအရှည်၏ တစ်ဝက်တိတိကို နှစ်နိုင်ငံပိုင် နယ်နိမိတ်သတ်မှတ်ရန် လာအိုနိုင်ငံဘက်မှ တောင်းဆိုထား သော်လည်း နိုင်ငံတကာဥပဒေအရ မဲခေါင်မြစ်၏ အနက်ဆုံးအပိုင်းကို နှစ်နိုင်ငံ နယ်နိမိတ်အဖြစ် သတ်မှတ် ထားရာ တံတားအရှည်၏ ၃ ပုံ ၂ ပုံခန့်ကို မြန်မာဘက်မှ ပိုင်ဆိုင်မည် ဖြစ်သည့်အတွက် တံတားပိုင်နက် အငြင်းပွားနေခြင်းကြောင့် နှစ်နိုင်ငံ ကုန်စည်ကူးသန်းနိုင်ရန် သြ့ ရေးထိုးနိုင်ခြင်း မရှိသေးကြောင်း သိ ရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ''နှစ်နိုင်ငံ ပိုင်ဆိုင်မှုအခွင့်အရေး ဆုံး ဖြတ်နေဆဲ ဖြစ်ပါတယ်၊ အဲဒီလိုညှိ နှိုင်းဆုံးဖြတ်ပြီး နှစ်ဦးနှစ်ဘက် ညီ ညွတ်သွားပြီ ဆိုရင်တော့ အခွန်အ ကောက်တွေနဲ့တကွ ရနိုင်တဲ့ အခွင့် အရေးတွေ မနစ်နာအောင် ပြည် ထောင်စုအစိုးရ အဆင့်က ညှိနှိုင်း ဆုံးဖြတ်နေပါတယ်။ ရှမ်းပြည်နယ် အစိုးရကလည်း ပြီးသွားစေချင်တယ်။ လူထုတွေအတွက် ကုန်သွယ်မှုလမ်း ကြောင်း တစ်ခုထပ်ရပြီး အဆင်ပြေ ချောမွေ့သွားစေချင်တယ်။ မကြာခင် မှာ ကုန်သွယ်မှုစတင်မယ်လို့ ပြောလို ပါတယ်''ဟု ပြောကြားခဲ့သည်။
.
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်က ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည် နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာ ချီလိတ်-ကျိုင်းလပ်ဒေသသို့ လာ ရောက်စဉ် လူထုတွေ့ဆုံမှုတွင် ပြည် နယ်ဝန်ကြီးချုပ်က ယင်းကဲ့သို့ ပြော ကြားခဲ့ခြင်းဖြစ်သည်။
.
မြန်မာ-လာအို ချစ်ကြည်ရေးတံ တားသည် အာရှလမ်းမကြီး AH2 ပေါ်တွင် တည်ရှိပြီး လာအိုနိုင်ငံကို ဖြတ်သန်းကာ တရုတ်နိုင်ငံ ယူနန်ပြည် နယ်အတွင်းမှ ကုန်စည်များကို တောင်တရုတ်ပင်လယ်၊ ဗီယက်နမ် ရေနက်ဆိပ်ကမ်းထိ သယ်ဆောင် သွားနိုင်မည်ဖြစ်ပြီး ယခုလက်ရှိတွင် ဒေသထွက် သတ္တု ကုန်ကြမ်းများကို တရုတ်ဝယ်လက်များထံ ထိုင်းနိုင်ငံမှ တဆင့်ခံ ရောင်းချနေကြောင်း သတ္တု လုပ်ငန်းရှင်များထံမှ သိရသည်။
.
''တရုတ်နိုင်ငံက ဝယ်လက်တွေ ဟာ သတ္တုတွေကို ထိုင်းနိုင်ငံကနေ တစ်ဆင့်ဖြတ်တင်ရပါတယ်။ ထိုင်း နိုင်ငံမှာလည်း ကျသင့်တဲ့အခွန်တွေ ပေးဆောင်ရတာရှိပါတယ်။ ထိုင်း နိုင်ငံကို သယ်သွားပေးတဲ့အခါမှာ အယုဒယမြို့အနီးမှာ ကုန်းတွင်းဆိပ် ကမ်းတစ်ခုရှိပါတယ်။ အဲဒီဆိပ်ကမ်း ကို ကားတွေနဲ့ အရင်ချရပါတယ်။ အဲဒီကနေ ဘန်ကောက် လန်းချပန်း ဆိပ်ကမ်းက တစ်ဆင့်တောင်တရုတ် ပင်လယ်ကိုဖြတ်ပြီးမှ တရုတ်နိုင်ငံ ချင်းကြိုးဆိပ်ကမ်းကို သယ်ယူပို့ ဆောင်ရတာဖြစ်ပါတယ်။ ဒါကြောင့် သူတို့မှာလည်း သယ်ယူပို့ဆောင်စ ရိတ် များတဲ့အတွက် သတ္တုဖိုးပေးချေ တဲ့နေရာမှာ အတော်တွက်ချက်ပြီး ပေးနေရပါတယ်။ မြန်မာ-လာအို ချစ်ကြည်ရေး တံတား တရားဝင် ဖွင့်လှစ်လိုက်ရင် ကုန်စည်ပို့ဆောင် ရေးလုပ်ငန်းတွေ အဆင်ပြေသွားမှာ ပါ ''ဟု ရှမ်းပြည်နယ် အခြေစိုက်သတ္တု တူးဖော်ထုတ်လုပ်ရေးကုမ္ပဏီမှ ဦးတင်နွယ်က ပြောသည်။
.
ကျိုင်းလပ်မြို့မှာ အိမ်နီးချင်း လာအိုနိုင်ငံနှင့် အမြင်နီးသော်လည်း နွေရာသီတွင်သောင်ထွန်းခြင်း၊ မိုး ရာသီတွင် ရေစီးပြင်းထန်ခြင်းကြောင့် နယ်စပ် ကုန်သွယ်မှုလုပ်ငန်းများ မ ဆောင်ရွက်နိုင်ဘဲ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရသော ဒေသတစ်ခု ဖြစ်သည်ဟု သိရသည်။
.

No comments:

Post a Comment

Recent Tube