တစ်ပတ်တာ ကံကြမ္မာ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, February 8, 2019

တစ်ပတ်တာ ကံကြမ္မာ


ဆရာယဉ်မင်းဇော်
.
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်မှ ၁၃ ရက် အထိ
.

တနင်္ဂနွေ
.
စိတ်အကြံအစည် များပြားနေသော်လည်း ဘာမှထူးခြားအောင် မလုပ်နိုင်သေးချေ။ ငွေကြေးကိစ္စများ ဖြေရှင်းပြောဆိုရလိမ့်မည်။ အငြင်းပွားခြင်းလည်း ဖြစ်ပေါ်ပါမည်။ စီးပွားရေးအခွင့်အလမ်းများ ကောင်းမွန်ရန် လိုအပ်နေသေးသည်။ ကြောင်များ အိမ်သို့ အဝင်မခံရ။ သူတစ်ပါးကိစ္စကို ဝင်ရောက်ပြော ဆိုပေးရလိမ့်မည်။ ကုန်သည်များမှာ အရောင်းအဝယ်အတွက် ပြင်ဆင်ရမည်။ ပစ္စည်းရအောင် ရှာဖွေရမည်။ ဝန်ထမ်းများမှာ ကြီးသူကြောင့် စိတ်ညစ်ရမည်။ ပွဲစားများမှာ ပြောထားသောကိစ္စနီးစပ်လာမည်။ ငယ်သူများမှာ အချစ်ရေးကိစ္စတွင် ချစ်သူကိုအဖြေပေးရခြင်း၊ တွေ့ဆုံခြင်းကြုံလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် နားနာမည်။ နားထဲအကောင်ဝင်မည်။ ကံကောင်းစေသော ဂဏန်းမှာ (ဝ/၆/၉)ဖြစ်သည်။         
ယတြာ။ ဘုရားတွင် ကောက်ညှင်းပေါင်းလှူပါ။
.

တနင်္လာ
.
အိမ်ဆောက်ခြင်း၊ အိမ်ပြင်ခြင်း၊ အိမ်တိုးချဲ့ခြင်းကြုံမည်။ အိမ်မြေကိစ္စများ ပြောဆိုဖြေရှင်းရလိမ့်မည်။ စီးပွားရေး အလုပ်အကိုင်များ နောက်တစ်မျိုး ထူထောင်လုပ်ကိုင်ရမည်။ အဝေးမှ မိတ်ဆွေ အိမ်ရောက် လာမည်။ အစားကောင်း စားရမည်။ မရောက်တာကြာသော ဒေသများသို့ သွားရောက်ရမည်။ ပစ္စည်း အထား မှားလိမ့်မည်။ ကုန်သည်များမှာ ဆိုင်နေရာ၊ ဂိုဒေါင်နေရာများ ပြုပြင်ရမည်။ စီစဉ်ရမည်။ ဝန်ထမ်း များမှာ အလုပ်ပိနေတတ်ပြီး အလုပ်ပြောင်းလဲရန် အားထုတ်လိမ့်မည်။ ပွဲစားများမှာ မြေအပေါင်ကိစ္စ များတွင် ပွဲခရကြပါမည်။ ငယ်ရွယ်သူများမှာ အချစ်ရေးတွင် ချစ်သူပေးသော လက်ဆောင်ကောင်း ရပါမည်။ ကျန်းမာရေးကိစ္စများတွင် ခေါင်းကိုက်မည်။ ကံကောင်းစေသော ဂဏန်းမှာ(၁/၅/၇)ဖြစ်သည်။
ယတြာ။ စေတီမှာ မေမြို့ပန်းလှူပါ။
.

အင်္ဂါ
.
ယာဉ်မော်တော်ကားများ ထပ်ဝင်မည်။ ကားအောက်ပိုင်းပြုပြင်ရမည်။ အခက်အခဲရှိသူများလွတ်မြောက် မည်။ ငွေကြေးအကူအညီကောင်းရလိမ့်မည်။ အဝတ်အစားသစ်ဝင်မည်။ ရွှေ၊ စက်များဝင်လာမည်။ ဆွေ မျိုးများအတွက် ငွေကုန်တတ်ပါသည်။ ထူးခြားသော သတင်းကောင်းကြားသိရမည်။ မိတ်ဆွေသစ်တွေ့ပါ မည်။ ကုန်သည်များ အရောင်းအဝယ်ကောင်းမွန်လာမည်။ အမြတ်ရမည်။ ဝန်ထမ်းများမှာအခွင့်အရေး ကောင်းရမည်။ ပွဲစားများမှာစကားများမည်။ အငြင်းပွားလိမ့်မည်။ အလိမ်လည်းခံရတတ်ပါသည်။ ငယ်သူ များမှာ အချစ်ရေးတွင် ချစ်သူအဝေးရောက်နေပါက ပြန်လာမည်။ အဆက်အသွယ်ရမည်။မတည့်သော ချစ်သူများပြန်တည့်ပါလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် ဘောက်ထမည်။ ဦးခေါင်းယားယံလိမ့်မည်။ ကံကောင်းစေသော ဂဏန်းမှာ(၃/၇/၈)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို ဆပ်ပြာလှူပါ။
.

ဗုဒ္ဓဟူး
.
ငယ်သူအတွက်အပူများလိမ့်မည်။ အလုပ်ပိနေပြီး မအားမလပ်ဖြစ်လိမ့်မည်။ မိတ်ဆွေအကူအညီယူရလိမ့် မည်။ တောင်ပေါ်ဒေသများသို့ သွားလာရမည်။ြေ<ွကးရစရာရှိသူများ ပြန်လည်ရရှိလိမ့်မည်။ စက်ပစ္စည်းကောင်း ဝင်မည်။ နိုင်ငံခြားအချို့ သွားရလိမ့်မည်။ သူခိုးဘေး၊ လူလိမ်ဘေး နည်းနည်းကြုံပါမည်။ သတိထားပါ။ ကုန် သည်များမှာ အြေ<ွကးဆုံးလိမ့်မည်။ ငွေလာချေးပါက မပေးသင့်ပါ။ ဝန်ထမ်းများမှာ အလုပ်များကြောင့် စိတ် ရှုပ်နေရလိမ့်မည်။ ပွဲစားများမှာ မြေအရောင်း၊ ကားအရောင်းတည့်ကြလိမ့်မည်။ ငယ်ရွယ်သူများမှာ အချစ်ရေး အသစ်တွေ့မည်။ နှစ်ယောက်ကြား ဗျာများရမည်။ ကျန်းမာရေးကိစ္စများတွင် သွားကိုက်မည်။ သွားနာမည်။ ကံကောင်းစေသော ဂဏန်းမှာ (၂/၄/၆)ဖြစ်သည်။
ယတြာ။ စေတီမှာ သစ်သီးလှူပါ။
.

ကြာသပတေး
.
မထင်မှတ်သော အကူအညီရခြင်း၊ ငွေအမြတ်ရခြင်း စသည်တို့ကြုံမည်။ သားသမီး၏မင်္ဂလာပွဲကြုံမည်။ အလှူလည်း သွားရတတ်သည်။ စိတ်ပျော်ရာနေရာ ရောက်လိမ့်မည်။ စီးပွားရေး အလုပ်အကိုင်များ ကောင်း မွန်လာမည်။ တန်ဖိုးရှိသော လက်ဆောင်များလည်း ရလိမ့်မည်။ စနေသား တစ်ခုလပ်များ အဝင်မခံသင့် သေးချေ။ ကုန်သည်များမှာ အရောင်းအဝယ် ရပ်တန့်နေမည်။ ဝန်ထမ်းများမှာ သင်တန်းအသစ်တက်ခြင်း၊ ပညာတစ်ခုခု လေ့လာခြင်းလုပ်ရမည်။ ပွဲစားများမှာ ဘာမှ မထူးခြားသော ကာလများဖြစ်နေလိမ့်ဦးမည်။ ငယ်သူများမှာ အချစ်ရေးကိစ္စတွင် ချစ်သူကြောင့် စိတ်ညစ်ရမည်။ ချစ်သူအတွက် ပူဆွေးရမည်။ ကျန်းမာရေး ကိစ္စများတွင် လည်ပင်းနာမည်။ အသံဝင်မည်။ ကံကောင်းစေသော ဂဏန်းမှာ(၄/၆/၇)ဖြစ်သည်။
ယတြာ။ စေတီမှာ နွားနို့လှူပါ။
.

သောကြာ
.
အဝေးရောက်နေသူ ပြန်လာမည်။ တွေ့ချင်သူများ ပြန်တွေ့လိမ့်မည်။ စိတ်မောစရာများသော်လည်း ပျော်ရွှင် ကျေနပ်ရခြင်း ကြုံတော့မည်။ ရွှေများ ဝင်မည်။ လှပပစ္စည်းဝင်မည်။ ခရီးဝေးသွားလာရမည်။ လုပ်ငန်း အောင်မြင်မည်။ ငယ်သူကြောင့် သောကနည်းနည်းကြုံမည်။ ပြန်ပြေလည်သွားမည်။ ငွေကြေးသိန်းများများ ဝင်လာမည်။ ကုန်သည်များ မြုပ်နေသော ပစ္စည်း အရောင်းထွက်ပါမည်။ ဝန်ထမ်းများ အပိုငွေရမည်။ ဝမ်း သာစရာကြုံမည်။ ပွဲစားများမှာ ပွဲခနည်းနည်းရကြလိမ့်မည်။ ငယ်သူများမှာ အချစ်ရေးကိစ္စတွင် ကွဲကွာနေသူ ပြန်တွေ့မည်။ အဆက်အသွယ် ပြန်ရမည်။ ကျန်းမာရေးကိစ္စများတွင် ဖျားမည်။ ကံကောင်းစေသော ဂဏန်း မှာ (၁/၄/၈)ဖြစ်သည်။
ယတြာ။ ဘုရားမှာ ကြာဆံကြော်လှူပါ။ 
.

စနေ
.
ကားသစ်၊ ဆိုင်ကယ်သစ်များ ဝင်မည်။ ကားအလှဆင်ခြင်းကိုလည်း ပြုလုပ်ရမည်။ သူတစ်ပါး ကိစ္စ အာမမခံသင့်ပါ။ ငွေကြေးကိစ္စ အခက်အခဲဖြေရှင်းရမည်။ စာချုပ် ပြုလုပ်ရမည်။ မရောက်ဖူးသော ဒေသ ခရီးသွားရမည်။ ဖုန်းပျောက်ခြင်း၊ ကျကွဲခြင်း စသည်တို့ ကြုံတတ်ပါသည်။ စီးပွားရေးများ အသင့်အတင့် ကောင်း မွန်နေပါမည်။ ကုန်သည်များမှာ အရောင်းအဝယ်ပြန်ကောင်းလာမည်။ ဖောက်သည်သစ်လည်း တိုးလာမည်။ ဝန်ထမ်းများမှာ နာမည်ကောင်းရခြင်း၊ ချီးကျူးခံရခြင်းကြုံမည်။ ပွဲစားများမှာ အပေါင်ကိစ္စ နည်းနည်းဖြစ်ပါမည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူပေးသော လက်ဆောင်ရမည်။ မိမိကလည်း ပြန်ပေးရမည်။ ကျန်းမာရေး ကိစ္စများတွင် ဝမ်းပျက်မည်။ ကံကောင်းစေသော ဂဏန်းမှာ(ဝ/၅/၈) ဖြစ်သည်။
ယတြာ။ စေတီတွင် ဖျော်ရည်လှူပါ။
.

No comments:

Post a Comment

Journal Download

Photo of three cats