ကလောတွင် သဲကျင်းပြိုကျသဖြင့် အမျိုးသား တစ်ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကလောတွင် သဲကျင်းပြိုကျသဖြင့် အမျိုးသား တစ်ဦး သေဆုံး


မင်းဇော်မင်း
.
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ လွယ်အံကျေးရွာတွင် ဖေဖော်ဝါရီလ ၁၈ ရက်၊ နံနက်ပိုင်းက သဲကျင်းပြိုကျကာ လူပိမိသဖြင့် အမျိုးသား တစ်ဦးသေဆုံးခဲ့ရပြီး၊ တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ကလော မြို့ရဲစခန်းမှ သိရသည်။
.


ကလောမြို့နယ်၊ လွယ်အံကျေးရွာအုပ်စုကျောက်တန်းကျေးရွာ (ကုလားမတောင်)ဒေသ၊ ကလောမှ ပင်လောင်းဘက်အထွက် တစ်မိုင်ခန်အကွာတွင် ဒေသခံများ တစ်ပိုင်တစ်နိုင် သဲတူး၍ လုပ်ကိုင် စားသောက်နေသည့် သဲကျင်း၌ ဖေဖော်ဝါရီလ ၁၈ ရက်၊ နေ့လယ်ပိုင်းတွင် လူ တစ်ဦး သဲကျင်းပြိုမြေပိကာ ဒဏ်ရာရရှိပြီး သေဆုံးနေကြောင်း သတင်းအရ ကလောမြို့မရဲစခန်း စခန်းမှူးနှင့် အဖွဲ့မှ သွားရောက်စစ်ဆေးရာ ကလောမြို့နယ်၊ လွယ်အံကျေးရွာအုပ်စု၊ ကျောက်တန်းကျေးရွာနေသူ ဦးလင်းမောင်(၄၃)နှစ်သည် ဦးခေါင်းနောက်စေ့ ပွင့်ထွက်၊ ဦးခေါင်းခွံ ကြေမွ၍ ဦးနှောက်များ ထွက်ကာ သေဆုံးနေသည်ကို တွေ့ရှိရပြီး စုံစမ်း မေးမြန်းမှုများ ပြုလုပ်ရာ သေဆုံးသူသည် ဇနီး ဒေါ်အုံးကြည်၊ အခြား တစ်ရွာတည်းနေသူ ၂ ဦးနှင့်အတူ တောင်၏ အောက်ခြေ သဲတူးနေကြစဉ် အမြင့်ပေ ၂၅၀ ခန်ရှိ တောင်စွယ်မှ ၃ ပေခန်ရှိ သဲဗြုံးတုံးမှာ ဦးလင်းမောင်၏ ဦးခေါင်းပေါ်သိုပြုတ်ကျခဲ့သဖြင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
သူ့မိန်းမကတော့ ခြေထောက်မှာ ဒဏ်ရာရပေမယ့် မစိုးရိမ်ရပါဘူး၊ သေသူကိုတော့ ကလောဆေးရုံက ရင်ခွဲရုံကို ပို့ပေးခဲ့ပါတယ်ဟု အောင်ပန်း နာရေးကူညီမအသင်းမှ ဦးစိုးနိုင်က ပြောသည်။
.
အဆိုပါ သေဆုံးမှုကို ကလောမြို့မရဲစခန်းမှ သေမသေခင်း အမှတ်စဉ်(၁/၂၀၁၉)ဖြင့် အမဖွင့်လှစ်ကာ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



Journal Download

Photo of three cats