မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအနီး မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် လူငယ်တစ်ဦးကို ဖမ်းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, February 19, 2019

မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအနီး မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် လူငယ်တစ်ဦးကို ဖမ်းဆီးရမိ


မိုင်းမော (တြိဂံနယ်မြေ)
.
မြန်မာ-ထိုင်းအမှတ်(၁)ချစ်ကြည်ရေးတံတားအနီးတွင် ဖေဖော်ဝါရီ ၁၉ ရက်နံနက်ပိုင်းက ဆိုင်ကယ်ဖြင့် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ လူငယ်တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရ သည်။
.
.
မူးယစ်တပ်ဖွဲ့စုမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၉ ရက်နံနက် ၁၀ နာရီခွဲတွင် သက်သေများနှင့်အတူ တာချီလိတ်မြို့၊ တာလော့ရပ်ကွက်၊ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားထိပ်၊ အဝိုင်းပတ်အနီး ပုန်းထွန်ရပ်ကွက်ဘက်မှ မြို့တွင်းဘက်သို့ နေလင်းဝေ (ခ) သိုလစ်(၂၅ နှစ်) မောင်းနင်လာသည့် Honda Wave-R(125)  အမျိုးအစား ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ ဘိန်းဖြူ ဟုယူဆရသော အဖြူရောင်အမှုန့် အလေးချိန် ၁ ဂရမ်ခန့် (တန်ဖိုးငွေ ကျပ် ၁၆၀ဝ၀ခန့်)၊ မက်သာအဖက်တမင်း ဟိုက်ဒြိုလ်ကလိုရိုက်(အိုက်စ်) ဟုယူဆရသော အဖြူရောင်ပုံဆောင်ခဲ့ အလေးချိန် ဝ ဒသမ ၃ ဂရမ်ခန့် (တန်ဖိုးငွေကျပ် ၆၀ဝ၀ခန့်)၊ WY စာတမ်းပါ စိတ်ကြွဆေးပြား ၄ ပြား(တန်ဖိုးငွေကျပ် ၄၀ဝ၀ခန့်)တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိသူ နေလင်းဝေ (ခ)သိုလစ်(၂၅ နှစ်)၊ ကျောက်တောင်ရွာ၊ ပုန်းထွန်ရပ်ကွက်နေသူအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၂၈/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေနိုင်သော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၆(ဂ)ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
.

No comments:

Post a Comment