ကျောက်မဲတွင် မြေယာအငြင်းပွားမှုမှ မူလတောင်သူဟု ဆိုသူများ အမှုဖွင့် ဖမ်းဆီးခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲတွင် မြေယာအငြင်းပွားမှုမှ မူလတောင်သူဟု ဆိုသူများ အမှုဖွင့် ဖမ်းဆီးခံရ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေးရွာ အုပ်စု၊ ခိုအုံကျေးရွာတွင် မြေယာ ၅၂ ဧက အတွက် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကိစ္စနှင့်ပတ်သက်၍ တောင်သူများမှ မြေယာများကို ၎င်းတို့အပိုင်အဖြစ် ဝင်ရောက်ရှင်းလင်းခဲ့ခြင်းကြောင့် မူလတောင်သူ ဟုဆိုသည့် တောင်သူ ၇ ဦးအ နက် ၄ ဦးအား အမှုပေါင်း ၆ ခု ဖြင့် အမှုဖွင့်လှစ်ပြီး ကျောက်မဲမြို့မရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။
.
.
''အမေက အသက် ၈ဝ နားနီး နေပြီ။ ကျွန်တော့်အမေကို ဘာလို့ သူပုန်ဖမ်းသလို ဖမ်းတာလဲသိချင် တယ်။ အချုပ်ထဲမှာ အမေနာမ ကျန်းဖြစ်မှာစိုးရိမ်တယ်။ အမြန် ပြန်လွှတ်ပေးဖို့ ပြောချင်တယ်''ဟု ဖမ်းဆီးခံရသူ အသက် (၇၆) နှစ်အ ရွယ် ဒေါ်နန်းခင်၏သားဖြစ်သူ စိုင်းနွံ က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ကိုယ်ဝန် ၈ လဖြင့်ဖမ်း ဆီးခံထားရသည့် နန်းရှန်ဟွမ်၏ ခင် ပွန်းဖြစ်သူ ခိုအုံကျေးရွာနေ စိုင်းထွန်း လင်းမှ အဖွားဖြစ်သူ ဒေါ်နန်းစင့်နွမ်း၏ မြေယာအတွက် လိုက်ပါ ဆောင်ရွက်ရင်း ¤င်း၏ဇနီးသည်မှာ ကိုယ်ဝန်အရင့်အမာ ဖြင့် ဖမ်းဆီးခံ ထားရသည့်အတွက် ဇနီး၏ ကိုယ် /စိတ်ကျန်းမာရေးကို အထူးစိုးရိမ် မိကြောင်းနှင့် အမြန်ဆုံးပြန်လည် လွှတ်မြောက်ရေး၊ အမှုမှန်ပေါ်ပေါက်ရေး တောင်းဆိုလိုကြောင်းပြောသည်။
.
အဆိုပါ တောင်သူများမှာ ၎င်း တို့၏လယ်ယာမြေများ ပြန်လည်ရ ရှိရေးအတွက် ပိုင်ဆိုင်မှု  သက်သေ အထောက်အထားများဖြင့် နိုင်ငံတော် သမ္မတအဆင့်အထိ ခေတ်အဆက်ဆက် တင်ပြခဲ့သော်လည်း မရရှိသဖြင့် ယင်းမြေယာများအတွင်း စိုက်ပျိုးထားသော စားပင်သီးပင်များအား ဝင်ရောက်ခုတ်ထွင်ရှင်းလင်းရာမှ လက်ရှိ မြေယာပိုင်ဆိုင်သူက အမှု ပေါင်း ၆ မှုဖြင့် ကျောက်မဲမြို့မရဲ စခန်းတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
.
ဖမ်းဆီးခံရသည့် တောင်သူ ၄ ဦးမှာ ဦးဇာလိန္ဒ (၇၃ နှစ်)၊ ဦးစိုင်းခမ်းကော် (၇၁ နှစ်)၊ ဒေါ်နန်းအုန်းခင် (၇၆ နှစ်)နှင့် ဒေါ်နန်းရှန်ဟွမ် (၂၈ နှစ်)တို့ဖြစ်ကြောင်း မိသားစုများထံ ကသိရကာ ဒေါ်နန်းရှန်ဟွမ်မှာကိုယ် ဝန်(၈)လရှိနေကြောင်း သိရသည်။
.
ယင်း တောင်သူ ၇ ဦးအား ကျောက်မဲရဲစခန်းတွင် ဒေါ်နန်းငွေ ကြည်ဆိုသူမှ (ပ) ၄/၂ဝ၁၉၊ ရာဇ သတ်ကြီး ဥပဒေပုဒ်မ ၄၄၇/၄၂၇၊ (ပ) ၅/၂ဝ၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၃၆/၄၄၇/၄၂၇၊ (ပ) ၁၇/၂ဝ၁၉၊ ရာ ဇသတ်ကြီးဥပဒေပုဒ်မ ၄၃၆/၄၄၇/ ၄၂၇၊  (ပ) ၅၄/၂ဝ၁၉၊ ရာဇသတ် ကြီးဥပဒေပုဒ်မ ၄၄၇/ ၄၂၇/၃၃၆၊ (ပ) ၅၆/၂ဝ၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈ဝ/၄၄၇/၄၂၇၊ (ပ) ၆၁/၂ဝ၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၄၄၇/၄၂၇/၅ဝ၆/၂၉၄ တို့ဖြင့် အမှုဖွင့်လှစ်ထားကြောင်း အဆိုပါ တောင်သူများဘက်မှလိုက်ပါဆောင်ရွက်နေသည့် သီပေါမြို့၊ တောင်မြို့ရပ် နေ ဦးသန်းနိုင်လင်းထံက သိရသည်။
.
အဆိုပါ အမှုနှင့် ပတ်သက်၍ ကျောက်မဲမြို့မရဲစခန်းသို့ လည်း ကောင်း၊ တရားလိုဒေါ်နန်းငွေကြည် သို့ လည်းကောင်း တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့ သော်လည်း ဆက်သွယ်မှု မရရှိခဲ့ချေ။
.
ယင်းမြေယာများပိုင်ဆိုင်မှုနှင့် ပတ်သက်၍ လက်ရှိပိုင်ရှင် ဦးစိုင်း သန်းမောင်က တောင်သူများအား ဥပဒေနှင့် အညီသာ ပြုမူဆောင်ရွက် သွားရန် ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ဝ ရက်က အကြောင်းကြားစာပေးပို့ ထားကြောင်း သိရသည်။
.
အဆိုပါ ခိုအုံရွာမှ မြေယာ ၅၂ ဧကကို ၁၉၉၄ ခုနှစ်က ရာဘာ စိုက်ရန် အကြောင်းပြချက်ဖြင့် ကျောက်မဲမြို့၊ အမှတ်(၂) ရပ် ကွက်၊ ပေါက်ကုန်းရပ်နေ ဦးစိုင်း သန်းမောင် ဆိုသူက နှစ် (၃ဝ) မြေငှားဂရန် ရယူခဲ့ခြင်း ဖြစ်ပြီး ယင်း မြေယာများမှာ တောင်သူ ၇ ဦးမှ ၁၉၇၈ ခုနှစ်ကတည်းက မြေခွန် ပြေစာများဖြင့် ¤င်းတို့ပိုင် မြေများဖြစ်ပြီး မည်သည့်လျော်ကြေး၊ ညှိနှိုင်းမှုများ မရှိသဖြင့် မြေယာပြန် လည်ရယူလိုမှုအတွက် အစိုးရခေတ် အဆက်ဆက်တွင် နိုင်ငံတော်သမ္မ တနှင့် ဌာနဆိုင်ရာများထံ တင်ပြ စာများ တင်ပြတောင်းဆိုနေခဲ့ရာ မှ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း က မြေယာများအတွင်း ဝင်ရောက် ရှင်းလင်းခဲ့သည့်အပေါ် ဦးစိုင်းသန်း မောင်ဘက်မှ ယခုကဲ့သို့ အမှုဖွင့်လှစ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats