မြို့နယ်ဖွံ့ဖြိုးသာယာလှပရေးအတွက် လူကြီးခရီးစဉ်ရှိမှ ဆောင်ရွက်ခြင်းမျိုး မဖြစ်စေရန်လိုအပ်ဟု အာခါတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ပြော - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Monday, February 4, 2019

မြို့နယ်ဖွံ့ဖြိုးသာယာလှပရေးအတွက် လူကြီးခရီးစဉ်ရှိမှ ဆောင်ရွက်ခြင်းမျိုး မဖြစ်စေရန်လိုအပ်ဟု အာခါတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ပြော


ထက်တိုင်းကျော်
.
မိမိတို့၏ မြို့နယ်ဒေသဖွံ့ဖြိုးသာ ယာလှပရေးလုပ်ငန်းများကို ဆောင် ရွက်ရာတွင် လူကြီးခရီးစဉ်ရှိမှဆောင် ရွက်ခြင်းမျိုးမဖြစ်စေဘဲ ပုံမှန်လုပ် ဆောင်သွားရန် လိုအပ်နေသည်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အာခါ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလက ပြောကြားခဲ့သည်။
.
.
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များသည် ဖေဖော်ဝါရီလဆန်းပိုင်းတွင် ကျိုင်းတုံမြို့သို့ လာရောက်မည်ဖြစ်ရာ ကျိုင်းတုံမြို့ပေါ် ရပ်ကွက်များ၊ ဌာန ဆိုင်ရာများမှ မြို့တွင်း၊ မြို့ပြင်သန့် ရှင်းသာယာလှပရေးနှင့် လမ်းပြုပြင် ခြင်း လုပ်ငန်းများကို အင်တိုက်အား တိုက် ဆောင်ရွက်နေသည့် အပေါ် အာခါတိုင်းရင်းသားလူမျိုးရေးရာ ဝန် ကြီးမှ ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
.
''ကိုယ့်မြို့ ရပ်ရွာအတွက် လူကြီးခရီးစဉ် ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ သန့်ရှင်းသာယာ လှပရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ကိုယ့် အသိ စိတ်ဓါတ်နဲ့ကိုယ် တာဝန်အရ သာမဟုတ်ဘဲ စေတနာထားပြီး ကြိုး စားနေကြမှသာ ဒေသက အမှန်တကယ်တိုးတက်မှာဖြစ်ပါတယ်''ဟု အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလက ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
ယင်းကဲ့သို့ ပြည်နယ်ဝန်ကြီး၏ ပြောကြားချက်နှင့် ပတ်သက်၍ ကျိုင်း တုံဒေသခံလူငယ်တစ်ဦးမှ ''ပုံမှန် မဟုတ်တဲ့ သန့်ရှင်းရေးလုပ်တာတွေ၊ ပလက်ဖောင်းဆေးသုတ်တာ၊ လမ်း လယ်မျဉ်းတားတာ ညကြီးမိုးချုပ် လုပ်နေကြတာ မျိုးက ထူးဆန်းနေလို့ ပြောတာဖြစ်မယ်လို့ ယူဆပါတယ်'' ဟု ၄င်း၏အမြင်ကို ပြောသည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့ရှိ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၃ဝ ရက်က ပြုလုပ်ရာ အဆိုပါအစည်းအဝေးတွင် ရှမ်းပြည် နယ် အစိုးရအဖွဲ့ဝင် အာခါတိုင်းရင်း သားလူမျိုးရေးရာဝန်ကြီး ဦးအာဗေ လက မိမိတို့မြို့ရွာသို့ နိုင်ငံတော်အ ဆင့် တာဝန်ရှိပုဂ္ဂိုလ်များ လာရောက် ခြင်းသည် ဝမ်းသာဂုဏ်ယူဖွယ်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် အမှန်တ ကယ်လိုအပ်၍ အကျိုးရှိမည့် ကိစ္စများကို တင်ပြပေးနိုင်ရန် လိုအပ်သည်ဟု ပြောဆိုခဲ့သည်။
.
အဆိုပါ အပတ်စဉ်လုပ်ငန်းညှိ နှိုင်းအစည်းအဝေးသို့ တွဲဘက်ပြည် နယ်အဆင့်၊ ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ ကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube