တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း တစ်လျှောက် ချိုင့်ခွက်များ ဖြစ်ပေါ်နေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Friday, February 1, 2019

တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း တစ်လျှောက် ချိုင့်ခွက်များ ဖြစ်ပေါ်နေ


ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းတစ်လျှောက်တွင် ချိုင့်ခွက်ကြီးများ ဖြစ်ပေါ်နေပြီး ယာဉ်အန္တရာယ် ဖြစ်ပေါ်စေ နိုင်သည့်အပြင် မြို့တော်အင်္ဂါရပ်ကို ထိခိုက်ကာ အရုပ်ဆိုးအကျည်းတန်နေသည့် အတွက် ပြုပြင်ပေးရန် လို အပ်နေသည်ဟု တောင်ကြီးဒေသခံ များမှ ဝေဖန်ပြောဆိုလျက်ရှိသည်။
.
.
''အနောက်မြို့ပတ်လမ်း တစ် လျှောက်လုံး ပျက်နေတာပါပဲ။ အဆိုး ဆုံးကတော့ ရဲဘော်ဈေးအနီးတစ်ဝိုက်မှာပါ။ အဲဒီ ချိုင့်ခွက်ကြီးတွေကို ရှောင်ကွင်းပြီး သွားနေရတော့ မလို လားအပ်တဲ့ အန္တရာယ်တွေ ဖြစ်ပေါ် လာနိုင်တယ်။ အချိန်နှောင့်နှေးကြန့် ကြာမှုတွေလည်း ဖြစ်တယ်။ အဲဒါ ကြောင့် သက်ဆိုင်ရာက စနစ်တကျနဲ့ ပြုပြင်ပေးစေလိုပါတယ်''ဟု တောင် ကြီးဒေသခံ စိုင်းအောင်ကိုကိုဦးက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
အဆိုပါ အနောက်မြို့ပတ်လမ်း တစ်လျှောက်၌ ကုန်တင်ကားများနှင့် တွဲကားများ နေ့စဉ်ဖြတ်သန်းသွားလာ နေမှုကြောင့် ချိုင့်ခွက်ကြီးများ ဖြစ် ပေါ်လျက်ရှိကာ ယာဉ်လမ်းအန္တရာယ် ဖြစ်ပွားနိုင်ခြင်း၊ အများပြည်သူများ ဖြတ်သန်း သွားလာရာတွင် အချိန် နှောင့်နှေး ကြန့်ကြာစေနိုင်ခြင်းနှင့် ပြည်နယ်၏မြို့တော် ဖြစ်သည့်အတွက် မြို့အင်္ဂါရပ်ကို ထိခိုက်စေနိုင်ခြင်းတို့ ကြောင့် ပြုပြင်ဖာထေးပေးရန် ဒေသ ခံပြည်သူများက လိုလားလျက် ရှိ ကြောင်း သိရသည်။
.
ထို့အတူ တောင်ကြီးမြို့နေ ဦး တင်မောင်တိုးကလည်း ''အနောက် မြို့ပတ်လမ်းကတော့ ပြင်လိုက်ပျက် လိုက်နဲ့ ဖြစ်နေတာပါပဲ။ အခုဆိုရင် ချိုင့်ခွက်ကြီးတွေ ဖြစ်နေပြီ။ ကူညီ ကုန်းလမ်းဆုံ တောင်ဘက်နားက အ ကွေ့မှာဆိုရင် လာပြင်တယ်။ မကြာ ဘူး။ ပြန်ပျက်သွားတယ်။ အနောက် မြို့ပတ်လမ်းတင် မကဘူး။ တောင် ကြီးမြို့ပေါ်မှာရှိတဲ့ ရပ်ကွက်တွင်းလမ်း တွေ ပြုပြင်သင့်တာ အများကြီးပါပဲ။ ပြင်တဲ့အခါမှာ သေချာစနစ်တကျ မ လုပ်ဘဲ လာဖာသွားတာ ဆိုတော့ လမ်းတွေ ခဏခဏ ချိုင့်ခွက်တွေဖြစ် နေတော့တာပါပဲ။ ဒီတစ်ခါ ပြင်မယ်ဆို ရင်တော့ အစိုးရဘတ်ဂျက်ကို ပြည့် ပြည့်ဝဝသုံးပြီး ရေရှည်အတွက် စနစ် တကျ ပြုပြင်ပေးဖို့ လိုအပ်ပါတယ်'' ဟု ၄င်း၏အမြင်ကို ပြောသည်။
.
အနောက်မြို့ပတ်လမ်း တစ် လျှောက်တွင် ကုန်တင်ယာဉ်ကြီးများ နှင့် တွဲယာဉ်များ ဖြတ်သန်းသွားလာ မှုကြောင့် လမ်းပျက်စီးမှု မကြာခဏ ဖြစ်ပေါ်လျက်ရှိရာ မြို့ရှောင်လမ်း ဖောက်လုပ်ပေးရန်လည်း ဒေသခံများ မှ လိုလားလျက်ရှိကြောင်း သိရသည်။
.
တောင်ကြီးမြို့တွင် အနောက်မြို့ ပတ်လမ်းအပြင် မြို့မရပ်ကွက်အတွင်း ရှိ ပြည်တော်အေးလမ်း၊ ရေခဲလမ်း၊ မြောက်ကျောင်းလမ်း၊ တူးမြောင်း မ်း၊ ကျောင်းကြီးစုရပ်ကွက်ရှိ တိုင်း ရင်းသားပေါင်းစုံ သုဿန်သွားလမ်း နှင့် မြို့ပေါ်ရပ်ကွက်အတွင်းရှိ လမ်း များသည်လည်း ဆိုးရွားစွာ ပျက်စီး နေကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube