တာချီလိတ်၌ လာအိုနိုင်ငံသား တစ်ဦးထံမှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, February 16, 2019

တာချီလိတ်၌ လာအိုနိုင်ငံသား တစ်ဦးထံမှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ


မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ စွမ်းမိုတယ်လမ်းကြားတွင် ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းက လမ်းလျှောက်လာသူ လာအိုနိုင်ငံသား တစ်ဦးထံမှ လက်နက်ခဲယမ်းများကို ဖမ်းဆီးရမိကြောင်း ဟောင်လိတ်ရဲကင်းစခန်းမှ သိရသည်။
.
.
ဟောင်လိတ်ရဲကင်းစခန်းမှ ရဲကင်းစခန်းမှူး ရဲအုပ်ချမ်းမြေ့အောင် ဦးစီးအဖွဲ့၊ ခရိုင်မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တာချီလိတ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၅ ရက်နံနက် ၉ နာရီ အချိန်ခန့်တွင် သက်သေများနှင့်အတူ မြို့ပေါ်လှည့်ကင်းဆောင်ရွက်နေစဉ် ဝိန်းကျောက်ရပ်ကွက်၊ စွမ်းမိုတယ် လမ်းကြားတွင် လမ်းလျှောက်လာသူ လူငယ်အမျိုးသား တစ်ဦးအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရာ လာအိုနိုင်ငံသား Mr. Thaivanth ဆိုသူဖြစ်ပြီး ဆက်လက်စစ်ဆေး ရှာဖွေရာ ၎င်းလွယ်ထားသည့် ဘေးသိုင်း လွယ်အိတ်အတွင်းမှ J 162377699 နံပါတ်ပါ Walther CP 99 အမျိုးအစား ပစ္စတို Gass သေနတ် တစ်လက်၊ သေနတ်တွင် အသုံးပြုသော Aim Top စာတမ်းပါ Gass အိုးသေး ၂ လုံး၊ ခဲကျည် ၁၄ဝ လုံး၊ ပွိုင့် ၂၂ ကျည် ၁၂ တောင့်တို့အား ရှာဖွေတွေ့ရှိခဲ့သည်။
.
သို့ဖြစ်၍ တရားမဝင် Gass သေနတ်နှင့် ပွိုင့် ၂၂ ကျည်များအား လက်ဝယ်ထား ကိုင်ဆောင်အသုံးပြုသူ Mr. Thaivanth (၁၉ နှစ်)၊ ဆင်မနန်းရပ်၊ ဘော်ကျောက်မြို့၊ လာအိုနိုင်ငံသားအား တာချီလိတ်မြို့မရဲစခန်းက (ပ)၇၉/၂ဝ၁၉၊ ရှမ်းပြည်နယ်လက်နက်အမိန့် အပိုဒ် ၁၂(ဂ)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
.

No comments:

Post a Comment