တာချီလိတ်တွင် ဗုံးသီးအဟောင်း တစ်လုံး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်တွင် ဗုံးသီးအဟောင်း တစ်လုံး တွေ့ရှိ


မိုင်းမော
.
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ၀မ်မိုင်ရွာ၊ မြို့ရှောင်လမ်းအနီးရှိ ရေမြောင်းအတွင်း၌ ဗုံးသီးအဟောင်း တစ်လုံးကို ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း တာချီလိတ် မြို့မရဲစခန်းမှ သိရသည်။
.
တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ၀မ်မိုင်ရွာ၊ မြို့ရှောင်လမ်းအနီးရှိ ရေမြောင်းအတွင်း၌ ဗုံးအဟောင်း တစ်လုံး တွေ့ရှိကြောင်း သတင်းအရ အဆိုပါ နေရာသို့ တာချီလိတ် ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးကြည့်ရှု့ရာ မြို့ရှောင်လမ်းဘေး ရေမြောင်းအတွင်း၌ ဗုံးကိုယ်ထည်နှင့် လီဗာတံတို့အား ပလပ်စတစ် တိအမည်းဖြင့် ပတ်ထားသည့် လက်ပစ်ဗုံး အဟောင်း တစ်လုံးအား တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး၊ သန့်ရှင်းရေး ၀န်ထမ်းများမှ ခြံစည်းရိုး ကာရန်အတွက် ရေမြောင်း အတွင်း ရှင်းလင်းစဉ် တွေ့ရှိသက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.

ကျွန်တော်တို့က ဒီအနီးအနား ဆောက်လုပ်ရေးကုမ္ပဏီက သန့်ရှင်းရေး ၀န်ထမ်းတွေပါ၊ ခြံစည်းရိုး ကာဖို့အတွက် ပြင်ဆင်နေတုန်း ရေမြောင်းထဲမှာ အပြာရောင် ပလပ်စတစ်အိတ်နဲ့ ထုပ်ထားတဲ့ အထုပ် တစ်ထုတ်တွေ့လို့ ဖွင့်ကြည့်မိလို့ အထဲမှာ ဗုံးသီးအဟောင်း တစ်လုံး ဖြစ်မှန်းသိပြီး စခန်းကို အကြောင်းကြားခဲ့တာပါဟု ဗုံးသီး အဟောင်း တွေ့ခဲ့သူ ကိုအောင်က ပြောသည်။
.

အဆိုပါ ဗုံးသီးအဟောင်းအား တာဝန်ရှိသူများက အထက်ဌာနသို့ တင်ပြပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ရှင်းလင်း ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats