ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းရုံးအား ရှမ်းပြည်နယ်နေ့တွင် ဖွင့်လှစ်မည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Monday, February 4, 2019

ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းရုံးအား ရှမ်းပြည်နယ်နေ့တွင် ဖွင့်လှစ်မည်


ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ တောင်ကြီး-ဟိုပုံး ကားလမ်း (ပြည်ထောင်စု လမ်းမကြီး) ကပ်လျက်ရှိ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်း (SSSCCI)၏ ပြည်နယ်ရုံးချုပ်အား ရှမ်းပြည်နယ်နေ့ဖြစ်သော ဖေဖော်ဝါရီလ ၇ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
''ရုံးဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကတော့ ဒေသတွင်းမှာ ရှိတဲ့ ကုန်သည်တွေနဲ့ စက်မှု လက်မှု လုပ်ငန်းရှင်တွေ အားလုံး၊ စီးပွားရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုတိုးတက် လာစေဖို့အတွက် ရည်ရွယ်ပါတယ်။ ရုံးဖွင့်ပြီးရင်တော့ ရှမ်းပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လိုတဲ့ နိုင်ငံတကာက ကုမ္ပဏီကြီးတွေ၊ သံတမန်တွေ၊ ပြည်တွင်းပြည်ပ စီးပွားရေး လုပ်ငန်းစုတွေ၊ ဧည့်သည် တွေ၊  အသင်းအဖွဲ့တွေ လာဆက်သွယ်ကြမယ်၊ ဈေးကွက်ကို လာပြီး လေ့လာကြမယ်။ ကုန် သည်တွေနဲ့ လာရောက် ညှိနှိုင်းကြမယ်။ ဒေသတွင်း ပြည်သူတွေရဲ့ စီးပွားရေး လုပ်ငန်းတွေ တိုးတက်ဖို့၊ ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ရောက်လာကြတဲ့အခါ ဟိုတုန်းကလို မျက်နှာမငယ်ရတော့ဘဲ ကိုယ့်ရုံးမှာတင် အစည်းအဝေးခန်းမတွေ၊ သင်တန်းခန်းမတွေ၊ ညီနောင်အသင်းရုံးခန်းတွေနဲ့ ဂုဏ်သိက္ခာ ရှိစွာ လက်ခံတွေ့ဆုံနိုင်ပြီး ဒေ သဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အထောက်အကူ ပြုနိုင်မှာပါ''ဟု ရှမ်းပြည်နယ် (တောင် ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းဥက္ကဌ ဦးအောင်ဆန်းဝင်းက ပြောကြားခဲ့သည်။
.
အဆိုပါ ရုံးဖွင့်လှစ်မှုနှင့် ပတ်သက်၍ မီဒီယာအကြိုတွေ့ဆုံ ရှင်းလင်းပွဲကို ဖေဖော်ဝါရီလ ၃ ရက်၊ နံနက်ပိုင်းက ယင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
.
အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးအောင်ဆန်းဝင်းနှင့် တာဝန်ရှိသူများ၊ သတင်း မီဒီယာများ တက်ရောက်ခဲ့ကြပြီး အသင်းဥက္ကဌ ဦးအောင်ဆန်းဝင်းမှ အသင်းရုံး တည် ဆောက်ခဲ့မှု လုပ်ငန်းဆောင်ရွက်ချက်များ၊ အသင်း ဖွဲ့စည်းပုံ၊ အသင်းရုံး ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး သတင်းမီဒီယာများမှ သိရှိ လိုသည်များ ပြန်လည်မေးမြန်းခဲ့ကြသည်။
.
ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ရုံး တည်ဆောက်ရန်အတွက် ''မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)''၏ နာယက ဦးအောင်ကိုဝင်းမှ ငွေကျပ်သိန်း ၅ဝဝဝ မတည် ထည့်ဝင် ပံ့ပိုးကူညီ လှူဒါန်းခဲ့ပြီး လိုအပ်သည့် ဦးဆောင်လမ်းညွှန်မှုများပေးခြင်းနှင့် အသင်း၏ အခြားလိုအပ်ချက်များကိုလည်း အမြဲမပြတ် စီမံလမ်းညွှန် ပံ့ပိုးကူညီပေးလျက်ရှိကြောင်း၊ ထို့အပြင် UMFCCI နာယက ဦးအောင်ကိုဝင်းသည် ရှမ်းပြည်နယ် ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းကြီး၏ ''ဂုဏ်ထူးဆောင် နာယက''လည်း ဖြစ်ကြောင်း သိရသည်။
.
ဦးအောင်ကိုဝင်း၏ အဓိက ပံ့ပိုး ကူညီ မတည်လှူဒါန်းမှုနှင့် အခြားအလှူရှင်များ၏ ထည့်ဝင် လှူဒါန်းငွေများ အသင်း၏ ရန်ပုံငွေများဖြင့် ပြည်နယ် အသင်းရုံးအား တည်ဆောက်နိုင်ခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နာယက ဦးအောင်ကိုဝင်း အနေဖြင့် နေပြည်တော်နှင့် ရန်ကုန်မြို့များရှိ အသင်းချုပ်ရုံး တည်ဆောက်မှုတွင်လည်း အဓိကပံ့ပိုးကူညီ လှူဒါန်းဖြစ်ကြောင်း ရှမ်းပြည် နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နှင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တို့တွင်လည်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံး တည်ဆောက်ရန်အတွက် အလှူငွေ ကျပ်သိန်း ၁ဝဝဝ စီ မတည်လှူဒါန်း ပေးခဲ့ပြီး ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း အသင်းရုံး တည်ဆောက်ပါက အလှူငွေများ ထည့်ဝင် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းအား ၁၉၈၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် အသင်းဝင် ၄၅ဝ ဦးနှင့် အသင်း၏ လက် အောက်၌ လုပ်ငန်းရှင်အစုအဖွဲ့ပေါင်း ၁၂ ခုရှိနေကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube