အောင်ပန်းဘူတာ မီးရထားဝင်းအတွင်းရှိ ဖုန်းအရောင်းဆိုင်မှ ဖုန်းများ ခိုးယူသွားသူများကို ဖမ်းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, February 17, 2019

အောင်ပန်းဘူတာ မီးရထားဝင်းအတွင်းရှိ ဖုန်းအရောင်းဆိုင်မှ ဖုန်းများ ခိုးယူသွားသူများကို ဖမ်းဆီးရမိ


မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်၊ ပြည်သာယာဈေးလမ်း၊ အောင်ပန်းဘူတာ မီးရထားဝင်းအတွင်း ကျပ်ငွေ ၇ သိန်းတန်ဖိုးရှိ ဖုန်းမျိုးစုံ ခိုးယူသွားသည့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးကို ဖေဖော်ဝါရီ ၁၆ ရက်၊ မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း အောင်ပန်းရထားရဲစခန်းမှ သိရသည်။
.
.
ဒုရဲမှူး ဇော်မိုးအောင် ကြီးကြပ်ကွပ်ကဲမှုဖြင့် အောင်ပန်းရထားရဲစခန်းမှူး ရဲအုပ် မောင်ခိုင် ဦးစီးအဖွဲ့သည် လျှပ်စစ်ပစ္စည်းနှင့် မိုဘိုင်းဖုန်းရောင်းဝယ်ရေး ဆိုင်အတွင်း ဖုန်းများပျောက်ဆုံးသွားကြောင်း တိုင်တန်းချက်အရ အောင်ပန်းမီးရထားဘူတာဝင်းအတွင်း ဖေဖော်ဝါရီလ ၁၆ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲခန့်က သက်သေများနှင့်အတူ လိုက်လံစုံစမ်းနေစဉ် မခင်မိုးဆွေ (၂၇ နှစ်)အား Vivo အမျိုးအစား၊ ရွှေအိုရောင်လက်ကိုင်ဖုန်း တစ်လုံးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရာ ၎င်းသည် ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့တွင် အောင်ထူး(၃၂ နှစ်)နှင့် လဲ့လဲ့ဝင်း(၂၉ နှစ်)တို့နှင့်အတူ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်၊ ပြည်သာယာဈေးလမ်း၊ အောင်ပန်း ဘူတာ မီးရထားဝင်းအတွင်းရှိ ဦးအောင်မြင့်ပိုင် အင်ပါယာလျှပ်စစ်ပစ္စည်းနှင့် မိုဘိုင်းဖုန်းအမျိုးအမျိုးရောင်းဝယ်ရေး ဆိုင်အတွင်းမှ လက်ကိုင်ဖုန်းမျိုးစုံ ၁၃ လုံး (ကာလတန်ဖိုးကျပ်ငွေ ၇ သိန်းကျော်) အား ခိုးယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သဖြင့် ဆက်စပ်တရားခံ ၂ ဦးအား ဆက်လက်စုံစမ်းဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
.
“ဇန်နဝါရီ လကုန်လောက်ကဖြစ်ပွားခဲ့တာပါ။ ပိုင်ရှင်က သူ့အစီအစဉ်နဲ့ ပတ်ဝန်းကျင်မှာ လိုက်လံစုံစမ်း ရှာဖွေနေတာ မရတော့လို့ ရဲစခန်းကို ဒီနေ့မှ လာရောက် အမှုဖွင့် တိုင်တန်းခဲ့တာပါ။ တရာခံတွေကိုတော့ အမှုစစ်ဆေး ဆောင်ရွက် နေစဉ်ကာလမှာ ကလောမြို့မရဲစခန်းမှာ ချုပ်နှောင်သွားဖို့ရှိပြီး စစ်ဆေးဆောက်ရွက်လျက်ရှိပါ တယ်''ဟု အောင်ပန်းရထားရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
.
သို့ဖြစ်၍ မိုဘိုင်းဖုန်းရောင်းဝယ်ရေးဆိုင်အတွင်းမှ လက်ကိုင်ဖုန်းမျိုးစုံ ၁၃ လုံးအား ခိုးယူခဲ့သူ ခင်မိုးဆွေ (၂၇ နှစ်)၊ ရွှေဘုံသာရပ်ကွက်၊ မီးရထားဝန်း၊ ရွှေညောင်မြို့ ၊ အောင်ထူး(၃၂ နှစ်)၊ ဖျောက်ဆိပ်ကုန်းအုပ်စု၊ ဘိဇပ်ကုန်းကျေးရွာ၊ မလှိုင်မြို့နယ်နေသူနှင့် လဲ့လဲ့ဝင်း (၂၉ နှစ်)၊ ဒူးယားလမ်း၊ အမှတ်(၄၉)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်နေသူ တို့ ၃ ဦး အား အောင်ပန်းရထားရဲစခန်းက (ပ)၁/၂ဝ၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈ဝ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
.

No comments:

Post a Comment