ညောင်ရွှေတွင် မီးလောင်မှု ဖြစ်ပွား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Tuesday, February 12, 2019

ညောင်ရွှေတွင် မီးလောင်မှု ဖြစ်ပွား


ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် ဖေဖော်ဝါရီ၁၂ ရက်၊ နံနက် ၅ နာရီ၊ ၄၅ မိနစ်ခန့်တွင် ဆေးလိပ်မီးမှ တဆင့် နေအိမ်မီးလောင်ခဲ့ကြောင်း သိရသည်။
.
ညောင်ရွှေမြို့၊ နန္ဒဝန်ရပ်ကွက်၊ ခရေ(၁)လမ်းရှိ အိမ်ငှား ဒေါ်မြင့်မြင့်အေးနှင့် ဦးစိုးမိုးတို့  နေထိုင်သည့် ထပ်အိမ်တွင် ဖခင်ဖြစ်သူ အသက် ၈၀ ကျော်အရွယ် ဦးမြင့်ဦး (စိတ်ကျန်းမာရေးချို့တဲ့နေသူ)၏ ဆေးလိပ်မီးမှ တဆင့် အိပ်ယာပေါ်သို့ မီးပွားကျရောက်ကာ မီးစတင် လောင်ကျွမ်းခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.


အဆိုပါ မီးလောင်ရာ နေအိမ်သို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ဖြိုးမင်းနှင့် မီးသတ်တပ်ဖွဲဝင်များ၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများမှ မီးသတ်ယာဉ် ၇ စီးနှင့်အတူ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့သောကြောင့် နံနက် ၆ နာရီ၊ ၄၅ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်မှု မရှိသော်လည်း နေအိမ်မှာ ပျက်ဆီးဆုံးရှုံးခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် ၁၂ သိန်းခန့်ရှိကြောင်းနှင့် မီးပေါ့ဆစွာသုံးစွဲနေအိမ်အား မီးလောင်ကျွမ်းစေခဲ့သူ ဦးမြင့်ဦးအား ညောင်ရွှေမြို့မရဲစခန်းမှ (ပ)၆/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube