တန့်ယန်းမြို့နယ်၊ လုံးယန်းကျေးရွာတွင် ဘုန်းတော်ကြီးကျောင်း မီးလောင် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, February 28, 2019

တန့်ယန်းမြို့နယ်၊ လုံးယန်းကျေးရွာတွင် ဘုန်းတော်ကြီးကျောင်း မီးလောင်

ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့ အရှေ့မြောက်ဘက် ၄ မိုင်ခန့်အကွာ နမ့်ဟူးလွယ်တာ ကျေးရွာအုပ်စု၊ လုံးယန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဖေဖော်ဝါရီလ ၂၇ ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
“ည ၈ နာရီခွဲလောက်မှာ စလောင်ပါတယ်။ ၁၁ နာရီခွဲ လောက်မှ မီးငြိမ်းပါတယ်။ နှစ်ပေါင်း ၈၀ ကျော် သက်တမ်းရှိတဲ့ ရှေးဘုန်းကြီးကျောင်းပါ။ လူနဲ့ တိရစ္ဆာန်တော့ အထိအခိုက်မရှိပါဘူး” ဟု တန့်ယန်းအရန်မီးသတ် တပ်ဖွဲ့မှ ဦးစိုးမိုးနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မီးလောင်မှုဖြစ်ပွားရာသို့ တန့်ယန်းမြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၃ စီး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပြီး မီးလောင်မှုကြောင့် ငွေသား ကျပ် ၁၅ သိန်းနှင့် ကျောင်းဆောင် တန်ဖိုး ၂၆၂၅၀၀၀ ကျပ် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment