အင်းလေးဖောင်တော်ဦး ဘုရားရုပ်ပွားတော်များအား ရွှေသင်္ကန်း ကပ်လှူခွင့် ပိတ်ထားသော်လည်း ဘုရားဖူးဧည့်သည် လျော့နည်းသွားခြင်း မရှိဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, February 20, 2019

အင်းလေးဖောင်တော်ဦး ဘုရားရုပ်ပွားတော်များအား ရွှေသင်္ကန်း ကပ်လှူခွင့် ပိတ်ထားသော်လည်း ဘုရားဖူးဧည့်သည် လျော့နည်းသွားခြင်း မရှိဟု ဆို


ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ  အင်းလေးဖောင်တော်ဦးဘုရားရုပ် ပွားတော်မြတ်များအား ဇန်နဝါရီလ ၁ ရက်မှစတင်၍ ရွှေသင်္ကန်းကပ်လှူခွင့် ပိတ်ပင်ထားသော်လည်း ဘုရားဖူး ဧည့်သည် ဝင်ရောက်မှုလျော့နည်း သွားခြင်းမရှိဘဲ ပုံမှန်အတိုင်းသာ ဝင် ရောက်နေကြောင်း ဖောင်တော်ဦး ဘုရားဂေါပက အဖွဲ့ထံမှ သိရသည်။
.
.
''ဇန်နဝါရီလ ၁ ရက်နေ့ကတည်း က ကပ်လှူခွင့်မပြုတော့ပါဘူး။ အ ခုလို ကပ်လှူပူဇော်ခွင့်မရှိတော့တဲ့ အတွက်ကိုလည်း ခရီးသွားနဲ့ ဘုရား ဖူးဧည့်သည်တွေ ဝင်ရောက်မှုကတော့ လျော့နည်းသွားမှာမဟုတ်ပါဘူး။ ပုံ မှန် အခြေအနေအတိုင်းပဲ ရှိနေပါ တယ်။ တစ်ရက်ကို ခန့်မှန်းခြေဘုရား ဖူးဧည့်သည် ၄ဝဝ ကနေ ၅ဝဝ လောက်ဝင်ရောက်နေပါတယ်။ ဘုရားကိုယ်စားတော်တွေက ရွှေ တအားများတော့ ဒေသစာရီကြွချီ တဲ့အခါမှာ အခက်အခဲဖြစ်တယ်။ ရွှေကပ်လှူတာက အရမ်းများတဲ့ အတွက် ကိုယ်စားတော်က ပုံမှန်အ နေအထား မဟုတ်တော့ဘူး။ ကြည် ညိုဖွယ် မဖြစ်တော့ဘူးပေါ့။ ဘုရား ဖူးဧည့်သည်တွေက ရွှေသင်္ကန်းကပ် လှူတဲ့လူ အရမ်းများတဲ့အတွက် ဘုရားကိုမဖူးမြင်ရဘူးလို့ ပြောလာ ကြတယ်။ အဲဒါကြောင့်ကပ်လှူခွင့် မပြုတော့တာပါ''ဟု ဖောင်တော် ဦးဘုရား ဂေါပကအဖွဲ့ဝင်တစ်ဦးက ကမ္ဘောဇတိုင်းသို့ပြောကြားခဲ့သည်။
.
အဆိုပါဖောင်တော်ဦးဘုရား ရုပ် ပွားတော်အား ရွှေသင်္ကန်းအဆမ တန် ကပ်လှူခြင်းကြောင့် ဒေသစာရီ ကြွချီရာ၌အခက်အခဲရှိခြင်း၊ ရွှေ ကပ်လှူသည့် အလေ့အထကြောင့် ရွှေမှောင်ခိုများပြီး ရွှေအစစ်အမှန် မကပ်နိုင်ခြင်း၊ ရွှေသင်္ကန်းကပ်လှူ သူများသည် လက်လှမ်းမီရာ ကပ်လှူ သောကြောင့် ကိုယ်စားတော်ရုပ်ပွား တော်များ၏ ရုပ်ဆင်းသဏ္ဍာန်မှာ ကြည်ညိုဖွယ် မဖြစ်တော့ခြင်း၊ ဘုရား ဖူးလာ ဧည့်သည်များမှ ရွှေသင်္ကန်း ကပ်လှူပူဇော်သူများပြားသည့် အ တွက် ဘုရားရုပ်ပွားတော်အား မဖူး မြော်နိုင်ခြင်း စသည့်အကြောင်း များကြောင့် ရွှေသင်္ကန်းကပ်လှူခွင့် ပိတ်ပင်ထားခြင်း ဖြစ်ကြောင်း သိရသည်။
.
ယခုကဲ့သို့ ဖောင်တော်ဦးဘုရား အား ရွှေကပ်လှူခွင့်မပြုတော့သော် လည်း ဒေသစာရီကြွချီသည့်အချိန် တွင် ကပ်လှူခွင့်ပြုရန် စီစဉ်လျက်ရှိပြီး အစည်းအဝေးခေါ်ယူဆုံးဖြတ်သွား မည်ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ယင်းဖောင်တော်ဦး ဘုရား ရင်ပြင်တော်ပေါ်တွင် အမှတ် တရဈေးဆိုင်များကို ဇန်နဝါရီ ၁ ရက်မှစ၍ ဘုရားဂေါပကအဖွဲ့နှင့် ဆရာတော် သံဃာတော်များ၏ ဆုံးဖြတ်ချက်အရ ပျံကျဈေးရောင်း ချခွင့်မပြုတော့ကြောင်း သိရသည်။
.
''ဘုရားရင်ပြင်တော်ပေါ်မှာ ဈေးဆိုင်က မရှိတော့ဘူး။ ရောင်း ချခွင့်လည်း မရှိတော့ဘူး။ ရင်ပြင် တော်က ဈေးမဟုတ်ဘူး၊ ရင်ပြင် တော်ပေါ်မှာ ခိုစာတွေကျွေးတာ၊ ရောင်းချတာကိုလည်း ကျန်းမာရေးနဲ့ မသင့်တော်ဘူးဆိုတာကို အသိပညာ ပေးဆိုင်းဘုတ်တွေ ကပ်ထားတဲ့အ တွက် ရောင်းချတဲ့သူကတော့ တော် တော်လေးကို လျော့နည်းလာပါ တယ်။''ဟု အဆိုပါ ဂေါပကအဖွဲ့ဝင် မှ ဆက်လက်ပြောကြားခဲ့သည်။
.
ယင်းကဲ့သို့ ဖောင်တော်ဦးဘုရား ရင်ပြင်တော်ပေါ်၌ ဈေးရောင်းချခွင့် မပြုခြင်းနှင့် ပတ်သက်၍ ဈေးရောင်းချ ခွင့် ပြန်လည်ရရှိရေးအတွက် ပြီး ခဲ့သည့် ဇန်နဝါရီလ ၇ ရက်က အင်း လေးကန်အတွင်း၌ စက်လှေများဖြင့် ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။
.

No comments:

Post a Comment