ပြန်လည်စွန့်လွှတ် မြေယာများကို သက်ဆိုင်သူ လက်ဝယ်သို့ အမြန်ဆုံး လွှဲပြောင်းပေးအပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် ရှမ်းပြည်နယ်ဝန်ကြီးချုပ် မှာကြား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, February 28, 2019

ပြန်လည်စွန့်လွှတ် မြေယာများကို သက်ဆိုင်သူ လက်ဝယ်သို့ အမြန်ဆုံး လွှဲပြောင်းပေးအပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် ရှမ်းပြည်နယ်ဝန်ကြီးချုပ် မှာကြား


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂ဝ၁၉) ကို ဖေဖော်ဝါရီလ ၂ဝ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အသုံးပြုရန် လိုအပ်မှုမရှိသဖြင့် ပြန်လည်စွန့်လွှတ်သည့် မြေယာများကို သက်ဆိုင်သူများ လက်ဝယ်သို့ အမြန်ဆုံး လွှဲပြောင်း ပေးအပ်နိုင်ရေးအတွက် ကော်မတီ အဆင့်ဆင့်အနေဖြင့် အထူးကြိုးပမ်း ဆောင်ရွက်ပေးရန်လိုကြောင်း မှာကြားခဲ့သည်ဟု သိရသည်။
.
.
ရှမ်းပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရ မှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်း ထွဋ်က လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုများ ပြန်လည် စိစစ်ရေးဗဟိုကော်မတီကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်စွဲပါအမိန့်ကြော် ငြာစာအမှတ်(၂၁/၂ဝ၁၉)ဖြင့် ပြင် ဆင်ဖွဲ့စည်းထားရှိပြီဖြစ်ကြောင်း၊ တိုင်ကြားစာစိစစ်ချက်များတွင် အသုံးပြုရန်လိုအပ်ချက်အရ မစွန့်လွှတ်သည့် ကိစ္စရပ်များအပေါ်တွင် ချမှတ် ထားသော မူဝါဒများနှင့် ကိုက်ညီမှုရှိ/မရှိ အသေးစိတ် စိစစ်ဆောင် ရွက်သွားရန်လိုအပ်ပါကြောင်း၊ ဥပ ဒေနှင့် ညီညွတ်မှု မရှိဘဲ သိမ်းဆည်း ပြီးအချိန်ထိ အသုံးပြုခြင်းမရှိဘဲ နောင်တွင် လုပ်ငန်းဆောင်ရွက်ရန် ရှိနေသည်မှာ မူဝါဒနှင့် ဆန့်ကျင် နေပါကြောင်း၊ နိုင်ငံတော်က ချမှတ် ထားသော မူဝါဒလမ်းစဉ်များနှင့် အညီ အလေးထားလိုက်နာကာ စိစစ်ဆောင်ရွက် ကြရန်လိုအပ်ပါ ကြောင်း၊ မူဝါဒများကို ပီပီပြင်ပြင်အ ကောင်အထည်ဖော်ဆောင်ရွက်ပေး ကြရန် နိုင်ငံတော်သမ္မတကြီးက လမ်း ညွှန် မှာကြားခဲ့ပြီးဖြစ်ကြောင်း၊ ယ ခင် မြေအသုံးချမှု စီမံခန့်ခွဲရေးဗဟို ကော်မတီ လက်ထက် အစီရင်ခံစာ အပိုင်း(၁)မှ(၁၈)ထိ မြေယာကိစ္စတိုင် ကြားစာ အမှုပေါင်း (၂၃၃၃)မှုနှင့် ပတ်သက်ပြီး အစီရင်ခံစာအပိုင်းအ လိုက်၊ အမှုတစ်ခုချင်းအလိုက်စိစစ် တွေ့ရှိချက် အခြေအနေများကို လယ် ယာ မြေနှင့် အခြားမြေများသိမ်းဆည်း ခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟို ကော်မတီသို့ သွားရောက်စိစစ် ရှင်း လင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည် စိစစ်ရေး ဗဟိုကော်မတီက ပေးပို့လာ သော အမှုတွဲပေါင်း ၅၂၄ မှုအပေါ် ခရိုင်မြေ/ စစ်ကော်မတီများက စိစစ် တင်ပြရန် ကျန်ရှိနေသော အမှုကိစ္စ ပေါင်း ၁၂၂ မှုကို ဗဟိုကော်မတီက ချမှတ်ထားသော မူဝါဒများ၊ လမ်းစဉ် များနှင့်အညီ မှန်မှန်ကန်ကန်၊ မြန် မြန် ဆန်ဆန် စိစစ်ဖြေရှင်းဆောင် ရွက်ပေးကြရန်လိုကြောင်း၊ အသုံး ပြုရန်လိုအပ်မှုမရှိသဖြင့် ပြန်လည် စွန့်လွှတ်သည့် မြေယာများကို သက်ဆိုင်သူများလက်ဝယ်သို့ လွှဲ ပြောင်းပေးအပ်ရန် ကျန်ရှိသော အ မှုကိစ္စ ၈ မှုမှ စွန့်လွှတ်မြေ ဧရိယာ ၁၂၃၈ ဒသမ ၆၇၂ ဧကကို အမြန် ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင် ရေး ကော်မတီအဆင့်ဆင့်အနေဖြင့် အထူးကြိုးပမ်းဆောင်ရွက်ပေးစေ ရန်နှင့် ဌာန အချင်းချင်းလွှဲပြောင်း ရန်အတွက် ပြန်လည်စွန့်လွှတ်သည့် မြေများကိုလည်း ဌာနအမည်ပေါက် လျှောက်ထား ဆောင်ရွက်နိုင်ရေး အတွက် သက်ဆိုင်ရာဌာနများကို အသိပေးအကြောင်းကြား ဆောင် ရွက်သွားကြရန်လိုကြောင်း အမှာစကား ပြောကြားခဲ့သည်။
.
ဆက်လက်၍ ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေး ကော်မတီအဖွဲ့ဝင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ရှမ်းပြည်နယ်အတွင်း မြေယာကိစ္စတိုင်ကြား စာများအပေါ် ဖြေရှင်းဆောင်ရွက်မှု အခြေအနေနှင့် စွန့်လွှတ်မြေများကို မူလတောင်သူများထံသို့ ပြန်လည် လွှဲပြောင်းပေးအပ်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး၊ ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ များက လုပ်ငန်းဆောင်ရွက်မှုအ ခြေအနေများကို ခရိုင်အလိုက် ရှင်းလင်းတင်ပြကာ တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats