အီလက်ထရောနစ်စနစ်ဖြင့် ကုမ္ပဏီပေါင်း ၄ သောင်းကျော် မှတ်ပုံတင် စာရင်းသွင်းပြီး ဖြစ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, February 16, 2019

အီလက်ထရောနစ်စနစ်ဖြင့် ကုမ္ပဏီပေါင်း ၄ သောင်းကျော် မှတ်ပုံတင် စာရင်းသွင်းပြီး ဖြစ်


မင်းဇော်မင်း
.
မြန်မာနိုင်ငံရှိ ပြည်တွင်း ကုမ္ပ ဏီအသင်းအဖွဲ့ လုပ်ငန်းအားလုံးကို ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် နောက်ဆုံးထား၍ အီလက်ထရောနစ်စနစ် MyCo ဖြင့် စာရင်း သွင်းရန် အချိန် ၆ လ သတ်မှတ် ပေးခဲ့ရာ ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်အထိ စာရင်းသွင်းသည့် ကုမ္ပ ဏီပေါင်း ၄ဝဝဝဝ ကျော်ရှိခဲ့ကြောင်း သိရှိရသည်။
.
.
''အွန်လိုင်းကနေ ကုမ္ပဏီတွေ စာရင်းသွင်းဖို့ စီစဉ်ထားတာမှာ ကုမ္ပ ဏီပေါင်း ၆ သောင်းကျော်ရှိတဲ့အထဲက ၄ သောင်းကျော်ပဲ လာသွင်းသေးတော့ ၂ သောင်းလောက် ကျန် နေသေးတာကို စိစစ်နေပါတယ်။ ကျန်တဲ့ကုမ္ပဏီတွေ အွန်လိုင်းစနစ် ဆောင်ရွက်မယ်ဆိုရင်တော့ သတ်မှတ်ဒဏ်ကြေး ပေးဆောင်ရပါလိမ့်မယ်''ဟု MyCo  စနစ် လုပ်ဆောင် နေသည့် DICA မှ တာဝန်ရှိသူတစ် ဦးက ပြောသည်။
.
နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာနတွင် ဖေဖော်ဝါရီလ ၈ ရက်က ကျင်းပ ပြုလုပ်သည့် မြန်မာနိုင်ငံ ရင်း နှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအ ဝေးအမှတ်စဉ် (၂/၂ဝ၁၉) တွင် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မာလာမျိုးညွန့်က သတင်းမီဒီယာ များနှင့် တွေ့ဆုံ၍ ရင်းနှီးမြှုပ်နှံမှုလုပ် ငန်းများနှင့် စပ်လျဉ်းသည့် အချက်အလက်များအား ပြောကြားခဲ့သည်။
.
သတ်မှတ်ရက်ထက် နောက်ကျ ပြီးမှ အွန်လိုင်းစနစ် ပြောင်းလဲလို သည့် ကုမ္ပဏီများအနေဖြင့် သတ် မှတ်ဒဏ်ကြေး ၂၅ဝဝဝဝ ကျပ် ပေး ဆောင်၍ ပြဃသ တွင် စာရင်းသွင်း နိုင်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ၂ဝ၁၇ အရ ကုမ္ပဏီများနှင့် မှတ် ပုံတင်ထားသော အဖွဲ့အစည်းအားလုံးအတွက် အများနှင့် သက်ဆိုင်သည့် မှတ်ပုံတင်စနစ်တစ်ရပ်အနေဖြင့် အီလက်ထရောနစ် ကုမ္ပဏီမှတ် ပုံတင်စနစ် (Directorate Investment and Company Administration-MyCo) ကို ရင်းနှီး မြှုပ် နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦး စီးဌာနက တည်ထောင်ထိန်းသိမ်း ထားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment