နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ တောင်ကြီးခရီးစဉ်တွင် တိုင်ကြားစာ ၁၂၉ စောင် တင်ပြ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Thursday, February 7, 2019

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ တောင်ကြီးခရီးစဉ်တွင် တိုင်ကြားစာ ၁၂၉ စောင် တင်ပြ


ရဲရင့်ဇွဲ
.
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တောင်ကြီးခရီးစဉ်တွင် ဒေသခံ ပြည်သူများက တိုင်ကြားစာ ၁၂၉ စောင် ပေးပို့ တင်ပြခဲ့ကြောင်း သိရသည်။
.

“ ဒီနေ့ ပြည်သူတွေရဲ့ တိုင်ကြားစာတွေ၊ တင်ပြစာတွေ စုစုပေါင်း ၁၂၉ စောင် လက်ခံ ရရှိတာ ဖြစ်ပါတယ်။ ဒီစာတွေကို ဌာနဆိုင်ရာထဲက ဆိုရင် မြို့နယ်စီမံကိန်း ဦးစီးမှူး ဦးစီးတဲ့အဖွဲ့၊ နောက်ပြီး မြို့ပေါ် CSO တွေနဲ့ ပူးပေါင်းပြီးတော့ ပြည်သူတွေရဲ့ တိုင်ကြားစာတွေကို လက်ခံ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ တိုင်ကြားစာတွေကို ခရီးစဉ်မှာ ပါလာတဲ့ သမ္မတရုံးက ဦးစီးအရာရှိဆီကို ပေးပို့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ရတဲ့ သဘောကတော့ ကျွန်တော်တို့ အခုသွားနေတဲ့ မူဝါဒတွေကိုလည်း အားလုံး သိပြီး ဖြစ်ပါတယ်။ ဒါက ပြည်သူနဲ့ အတူပေါ့၊ CSO တွေဆိုတာက ပြည်သူတွေထဲကပဲ ပေါက်ဖွားလာပြီး လုပ်ငန်း ဆောင်ရွက်နေကြတဲ့ သူတွေ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ တင်ပြချက်တွေကို ဌာနဆိုင်ရာတွေသာ မဟုတ်ဘဲ ပြည်သူတွေကို ကိုယ်စားပြုထားတဲ့ CSO တွေနဲ့ ပူးပေါင်း ဆောင်ရွက်ခြင်း အားဖြင့် လာရောက် တိုင်ကြားတဲ့ ပုဂ္ဂိုလ်တွေကလည်း သံသယ ကင်းကင်းနဲ့ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တောင်ကြီးမြို့ပေါ်မှာ ရှိတဲ့ CSO တွေကို ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံပြီးတော့ ပူးပေါင်းပါဝင် ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။” ဟု တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ပြောကြားခဲ့သည်။
.


တောင်ကြီးမြို့ရှိ အဝေရာ ကုန်းသာယာ မီးပုံးပျံကွင်းအတွင်း၌ ယနေ့ ဖေဖော်ဝါရီလ ၇ ရက်တွင် ပြုလုပ်ခဲ့သည့် ရှမ်းပြည်နယ်နေ့ အခမ်းအနားတွင် တိုင်ကြားစာများ လက်ခံရေးဌာနကို ဖွင့်လှစ်၍ ပြည်သူများ၏ တိုင်ကြားစာများကို လက်ခံခဲ့ခြင်း ဖြစ်ကာ အဆိုပါ တိုင်ကြားစာများကို သမ္မတရုံးမှ တဆင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ တင်ပြခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

Recent Tube