ငှက်ဖျားရောဂါ ပပျောက်ရေးစီမံချက်အရ ရှမ်းတောင်တွင် ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးနေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, February 21, 2019

ငှက်ဖျားရောဂါ ပပျောက်ရေးစီမံချက်အရ ရှမ်းတောင်တွင် ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးနေ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ခရိုင် ၃ ခုရှိ မြို့နယ်ပေါင်း ၂၁ မြို့နယ်တွင် ငှက်ဖျားရောဂါ တိုက်ဖျက်ရေး စီမံချက်အရ ငှက်ဖျားရောဂါ လုံးဝ ပပျောက်ရေး အဆင့်အနေဖြင့် ဆေးစိမ်ခြင်ထောင်များကို ဖြန့်ဝေပေးလျက်ရှိကြောင်း ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ငှက်ဖျားရောဂါ တိုက်ဖျက်ရေးဌာနမှ သိရသည်။
.
.
ထိုသို့ ဖြန့်ဝေပေးရာတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၌ဖေဖော်ဝါရီလ ၁၄ ရက်၊ နံနက်ပိုင်းက ဆေးစိမ်ခြင်ထောင် အလုံးရေတစ်သောင်းကျော်ကို ဒေသခံပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
.
''ခြင်ကြောင့် ဖြစ်တဲ့ငှက်ဖျားရောဂါကို လျော့ကျစေတဲ့အပြင် လုံးဝပပျောက်နိုင်ဖို့ ဒီဆေးစိမ်ခြင်ထောင် တွေကို ဖြန့်ဝေပေးတာပါ။ ရှမ်းတောင် ၂၁ မြို့နယ်လုံးကို ဖြန့်ဝေပေးတာပါ။ ငှက်ဖျားရောဂါ ဖြစ်နှုန်း နည်းတာ၊ များတာည အပေါ် မူတည်ပြီး ခြင်မကိုက်အောင် ဒီဆေးစိမ်ခြင်ထောင်ကို မပျက်မကွက် အသုံးပြုကြဖို့ တိုက်တွန်း လိုပါတယ်''ဟု ပြည်နယ်ငှက်ဖျား ရောဂါ တိုက်ဖျက်ရေးဌာနမှ လက်ထောက်ငှက်ဖျားရောဂါတိုက်ဖျက်ရေးမှူး ဦးမြင့်ငြိမ်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ဆေးစိမ်ခြင်ထောင်များ ကို လူ ၂ ဦးလျှင် ၁ လုံးကျ ဝေငှမည်ဖြစ်သော်လည်း ရင်ခွင်ပိုက်က လေး ၂ ဦး ရှိနေလျှင် မိဘ ၂ ဦး အတွက် ၁ လုံးစီ ဝေငှပေးမည်ဖြစ် ပြီး ယင်းဆေးစိမ်ခြင်ထောင်များအား အသုံးမပြုမီ တစ်ရက်ခန့် ထောင်ထား ပြီးမှ အသုံးပြုရန်၊ လျှော်ဖွတ်ရာတွင် ဆပ်ပြာမှုန့်မှ ဆေးအာနိသင်ကို လျော့ပါးစေသည့် အတွက် ရိုးရိုးဆပ်ပြာဖြင့်သာ တိုက်ဖွတ်လျှော်ရန်၊ အိမ်တွင်းမီးခိုးများကြောင့် ခြင်ထောင်များတွင် စွဲကပ်သည့် ကြပ်ခိုးကဲ့သို့သော အရာများကြောင့် ဆေးအာနိသင် လျော့ပါးစေနိုင်သဖြင့် လျှော်ဖွတ်ပြီး အသုံးပြုကြရန်နှင့် ယင်းခြင်ထောင်မှ အကြိမ် ၂ဝ လျှော်ဖွတ်နိုင်ပြီး ၃ နှစ်အထိ ဆေးအာနိသင် ရှိသဖြင့် ငှက်ဖျားရောဂါ ဖြစ်ပွားရခြင်း၏ အဓိကလက်သည်ဖြစ်သည့် ခြင်များမကိုက်စေရန် နေ့နေ့ညည ခြင်ထောင်အတွင်း အိပ်စက်ရန်တို့ကို ခြင်ထောင် ဖြန့်ဝေစဉ် တစ်ပါတည်း အသိပညာ ပေးခဲ့ကြောင်း ဦးမြင့်ငြိမ်းက ပြောသည်။
.
ဖေဖော်ဝါရီလ ၁၄ ရက်တွင် အောင်ပန်းမြို့၊ ညောင်ပင်ထောင်၊ မိုးကောင်း၊ ရွာငံစုရပ်ကွက်များရှိပြည် သူ ၃ဝဝဝ ကျော်ကို ဆေးစိမ်ခြင် ထောင်များ ဝေငှခဲ့ရာ မိုးကောင်းရပ်ကွက်တွင် တာဝန်ကျ ကျန်းမာရေးဆရာမဖြစ်သူ ဒေါ်ရင်ရင်နွဲ့က ''ငှက်ဖျားခြင်သာမကပါဘူး။ သွေးလွန်တုပ်ကွေး၊ ဆင်ခြေထောက်ရောဂါတွေ ဆိုတာလည်း ခြင်ကိုက်လို့ ဖြစ်တာဆိုတော့ ဘယ်ခြင် အမျိုးအစားမဆို အကိုက်မခံရအောင် ဒီဆေးစိမ်ခြင်ထောင်တွေကို တောထဲ သွားသွား၊ အိမ်မှာနေနေ မပျက်မကွက် အသုံးပြုပြီး ထောင်အိပ်ကြဖို့ တိုက်တွန်းပါတယ်''ဟု ပြောကြားသည်။
.
အလားတူ အောင်ပန်းဒေသခံ ဦးခွန်သန်းအောင်ကလည်း ယခု ကဲ့သို့ ကျန်းမာရေးအတွက် အ ထောက်အကူ ပြုသည့် ဆေးစိမ်ခြင်ထောင်များကို ရရှိသဖြင့် ဒေသခံ လူထုအတွက် အထူးဝမ်းမြောက်ဖွယ် ဖြစ်ကြောင်း၊ ကလော မြို့နယ်အတွင်း ငှက်ဖျားရောဂါ အဖြစ် အများဆုံးမှာ နန့်ပန်တက်ဘက် တွင်ဖြစ်သော်လည်း ဒေသခံများရောဂါ ရရှိမှုထက် ပြည်တွင်းရွှေ့ပြောင်း လုပ်သားများက ပိုမိုအဖြစ်များသည်ကို သိရှိရခြင်းကြောင့် ၎င်းတို့အတွက်ပါ ဆေးစိမ်ခြင်ထောင်များ ပေး အပ်နိုင်ရေး ထည့်သွင်းစဉ်းစားသင့်ကြောင်း အကြံပြုပြောကြားခဲ့သည်။
.
မြန်မာနိုင်ငံတွင် ၂ဝ၁၆ ခုနှစ်၌ ငှက်ဖျားရောဂါ ဖြစ်ပွားသူ ၁၁ဝဝဝ ကျော်ရှိခဲ့ပြီး ၂ဝ၁၇ ခုနှစ်အတွင်း ၈ဝဝဝဝ ကျော် ရှိခဲ့ကြောင်းနှင့် ငှက် ဖျားရောဂါသည် မြန်မာနိုင်ငံတွင် ပ ထမဦးစားပေး တိုက်ဖျက်ရသော ရော ဂါများအနက် တစ်ခုအပါအဝင်ဖြစ် ကာ ရောဂါကာကွယ် နှိမ်နင်းရေးလုပ် ငန်းများကို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်ခဲ့ရာ ၁၉၉ဝ ခုနှစ်တွင် ငှက်ဖျားရောဂါကြောင့် သေဆုံးမှုမှာ လူဦးရေ တစ်သိန်းလျှင် ၁၃ ဦးရှိခဲ့ ရာမှ ၂ဝ၁၄ ခုနှစ်တွင် လူဦးရေတစ် သိန်းလျှင် ၁ ဦးအောက်အထိ လျော့ နည်းအောင် ဆောင်ရွက်နိုင်ခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံလုံး ၌ ငှက်ဖျားပိုးတွေ့ရှိသူ လူ ၁ဝဝဝ လျှင် တစ်ဦးနှုန်းအောက် လျော့နည်း စေရန်၊ ၂ဝ၃ဝ ခုနှစ်တွင် ငှက်ဖျား ရောဂါ ကင်းဝေးသော နိုင်ငံဖြစ်လာ စေရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment