ကျိုင်းတုံတွင် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေအရ တရားမဝင် စားသောက်ကုန်များကို မီးရှို့ဖျက်ဆီး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Saturday, February 2, 2019

ကျိုင်းတုံတွင် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေအရ တရားမဝင် စားသောက်ကုန်များကို မီးရှို့ဖျက်ဆီး


ထက်တိုင်းကျော်
.
ကျိုင်းတုံခရိုင်စားသုံးသူအငြင်း ပွားမှု ဖြေရှင်းရေးအဖွဲ့၏ အစည်းအ ဝေးဆုံးဖြတ်ချက်ဖြင့် ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလမှ ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီ လအတွင်း သိမ်းဆည်းရမိခဲ့သော တရားမဝင်စားသောက်ကုန်ပစ္စည်း များအား ဇန်နဝါရီလ ၂၁ ရက်တွင် တောင်ကြီးလမ်းရှိ ဘူတာဝင်းဟောင်း ၌ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
.
.
မီးရှို့ဖျက်ဆီးခဲ့သော တရားမဝင် စားသောက်ကုန်များတွင် ထောက်ခံချက်မရှိသော ပြည်တွင်း/ပြည်ပထုတ် စားသောက်ကုန်မျိုးစုံနှင့် သက်တမ်း လွန်ပစ္စည်းများ ပါဝင်ပြီး ပြည်သူများ အနေဖြင့် ဈေးနှုန်းသက်သာမှုကို ရွေးချယ်ဝယ်ယူကြခြင်းကြောင့် ယင်းတရားမဝင်စားသောက်ကုန်များအား ဈေးကွက်အတွင်း တွေ့ရှိနေရခြင်း ဖြစ်သည်ဟု ကျိုင်းတုံခရိုင်စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့က သုံးသပ်ဖော်ပြထားသည်။
.
အဆိုပါ တရားမဝင် ခွင့်ပြုချက်မဲ့ စားသောက်ကုန်များအား ကျိုင်းတုံ မြို့နယ်အတွင်းရှိ အထက-၂၊ အထ က-၄၊ အလက-၄ (ဟွေခါး)ကျောင်း များရှိ ကျောင်းမုန့်ဈေးတန်းဆိုင်များ အပြင် နောင်ကုန်ကျေးရွာအုပ်စု၊ ကျိုင်းလိတ် ကျေးရွာအတွင်းရှိ ကုန်စုံ ဆိုင် ၄ ဆိုင်၊ လွယ်လုံကျေးရွာအုပ် စု၊ မြရွှေရည်ရေပူစမ်းအနီးရှိ စား သောက်ဆိုင်များမှ ရှောင်တခင်စစ် ဆေးတွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ တရားမဝင်စား သောက်ကုန်များအား မီးရှို့ဖျက်ဆီးမှု နှင့် ပတ်သက်၍ ကျိုင်းတုံခရိုင်စားသုံး သူ အငြင်းပွားမှုဖြေရှင်းရေး အဖွဲ့အ တွင်းရေးမှူး ဦးသန်းစိုးက ''တင်သွင်း လာသူနဲ့ ဆိုင်မှာတင်ပြီး ရောင်းချသူ တွေရဲ့ မတော်လောဘကြောင့် ဝယ် ယူစားသုံးမိသူတွေမှာ နောက်ဆက် တွဲကျန်းမာရေးဆိုးကျိုး ခံစားရနိုင်ပါ တယ်။ မမြင်နိုင်တဲ့ ဓါတုဆေးဝါးတွေ ပါနိုင်ပြီး အသက်အန္တရာယ်ကို ထိ ခိုက်အောင် ဆိုးကျိုးဖြစ်သွားရင် လူသား အရင်းအမြစ်တွေ ဆုံးရှုံးရပါလိမ့်မယ်''ဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျန်းမာရေးထိခိုက်စေနိုင်သည့် စားသောက်ကုန်များ ဈေးကွက်အတွင်း ရောင်းချနေမှုနှင့် ပတ်သက်၍ ကျိုင်းတုံမြို့နေ ကျောင်းသားမိဘ တစ်ဦးမှလည်း ''ဘယ်လိုမှသည်းခံ ခွင့်လွှတ်ပေးဖို့ မသင့်ပါဘူး။ ဒီလိုပဲ ပစ္စည်းတွေကို သိမ်းလိုက်၊ မီးရှို့ဖျက်ဆီးပြလိုက်နဲ့ သံသရာလည်နေမှာကို စိုးရိမ်ရပါတယ်။ အရောင်အဆင်း၊အ နံ့၊ ထုတ်ပိုးတဲ့ပုံစံကို ကြည့်ပြီး အန္တ ရာယ်ရှိ/မရှိ ဆိုတာကို စားသုံးသူတွေ က အလွယ်တကူမသိနိုင်ပါဘူး။ ဖြစ် နိုင်ရင် တင်သွင်းသူရော၊ ရောင်းချ သူတွေပါထောင်ချမှ ကြောက်မယ် ထင်ပါတယ်''ဟု 4င်း၏အမြင်ကို ကမ္ဘောဇတိုင်းသို့ပြောသည်။
.
ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့သည် ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လမှ စတင်၍ ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်း စားသုံး သူအကာအကွယ်ပေးရေးဥပဒေပုဒ်မ ၁၉ (ဃ)၊ (င)၊ (စ) တို့ဖြင့် အရေးယူ သိမ်းဆည်းမှု ကာလတန်ဖိုး ကျပ် သိန်း တစ်ထောင်ကျော်ရှိခဲ့ပြီး စား သောက်ကုန် ပစ္စည်းများနှင့် ပတ် သက်၍ တရားစွဲဆိုအမှုဖွင့်လှစ်သည့် ဖြစ်စဉ်မရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube