မူဆယ်တွင် ကားနှင့် ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်ပေါ်မှ လူငယ် ၂ ဦး သေဆုံး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Sunday, February 3, 2019

မူဆယ်တွင် ကားနှင့် ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်ပေါ်မှ လူငယ် ၂ ဦး သေဆုံး


မင်းဇော်မင်း
.
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ နမ့်ခွန်ကျေးရွာ၊ မူဆယ်-လားရှိုးသွား ကားလမ်းမကြီးပေါ်ဖေဖော်ဝါရီလ ၂ ရက်၊ ည ၁၀ နာရီခွဲခန့်တွင် ကားနှင့် ဆိုင်ကယ် တိုက်မိသဖြင့် ဆိုင်ကယ်ပေါ်မှ လူငယ် ၂ ဦး အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ကြောင်း မူဆယ်မြို့ အမှတ်(၁၂၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ သိရသည်။
.
မူဆယ်မြို့နယ်၊ နမ့်ခွန်ကျေးရွာ၊ မူဆယ်-လားရှိုး ကားလမ်းမကြီးပေါ် မိုင်တိုင်အမှတ်၂၈၀/၃ နှင့် ၄ အကြားတွင် မူဆယ်မြို့၊ ကောင်းမတုံရပ်ကွက်နေ ဦးကျော်ဦး မောင်းနှင်လာသည့် အိမ်စီး ယာဉ်ငယ်သည် လားရှိုးမှ မူဆယ်ဘက်သို မိမိ ယာဉ်ကြောအတိုင်း မောင်းနှင်လာစဉ် မျက်နှာချင်းဆိုင် မူဆယ်ဘက်မှ လားရှိုးဘက်သို့ ပန်ဆိုင်းမြို့၊ မိုင်ဖန်ရွာနေ နော်ဆိုင်း မောင်းနှင်ပြီး မာကွမ်း လိုက်ပါလာသည့် ဆိုင်ကယ်မှ တွဲကားယာဉ်အား ကျော်တက်မောင်းနှင်စဉ် တစ်ဖက် ယာဉ်ကြောအတွင်း ရောက်ရှိကာ ဦးကျော်ဦး၏ ယာဉ်အား ၀င်ရောက် တိုက်မိခဲ့ပြီး ဆိုင်ကယ်ပေါ်မှ လူငယ် ၂ ဦးလုံး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.

ဆိုင်ကယ်က တွဲကား ကျော်တက်စဉ်မှာ တစ်ဘက်ယာဉ်ကြောထဲ ရောက်သွားပြီး တိုက်မိတာပါ၊ အခု ရင်ခွဲရုံထဲ ရောက်နေပါတယ်၊ ဆိုင်ကယ်တွေကို ယာဉ်စည်းကမ်း လမ်းစည်းကမ်းအတိုင်း မောင်းနှင်တာက အသက် အန္တရာယ် မရှိနိုင်ပါဘူး၊ မောင်းရင်လည်း ဖြည်းဖြည်း မောင်းနှင်တာက အန္တရာယ် နည်တာဖြစ်လို ဦးထုပ်ကို သေချာဆောင်းပြီး သတ်မှတ် ယာဉ်နှုန်းအတိုင်း မောင်းပြီး ကားကျော်ရင်လည်း လွတ်တဲ့အထိ စောင့်ပြီးမှ ကျော်စေချင်ပါတယ်၊ အခုက လူငယ်ပီပီ စိတ်မြန်တာက အန္တရာယ် ဖြစ်ရတာဖြစ်လိုဆင်ခြင်သင့်ပါတယ်” ဟု မူဆယ်မြို့၊ အမှတ်(၁၂၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲအုပ် ဇော်မျိုးအောင်က ပြောသည်။
.
အဆိုပါ ဆိုင်ကယ်အား ပေါ့လျော့စွာ မောင်းနှင်ပြီး ယာဉ်တိုက်မဖြစ်ကာ မိမိကိုယ်တိုင်နှင့် အခြားတစ်ဦးကိုပါ သေစေသည်အထိ ဖြစ်စေခဲ့သူ ဆိုင်ကယ်ယာဉ်မောင်း နော်ဆိုင်းအား မူဆယ်မြို့မရဲစခန်းမှ ယာဉ်(ပ) ၄/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၂၇၉/၃၀၄-ကဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်နေကြောင်း သရသည်။

No comments:

Post a Comment

Recent Tube