ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသမှ ထင်းရှူးဆီအား ပြည်ပပို့ကုန် အမယ်သစ်အဖြစ် တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Wednesday, February 6, 2019

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသမှ ထင်းရှူးဆီအား ပြည်ပပို့ကုန် အမယ်သစ်အဖြစ် တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့နယ်၊ မိုင်း နင်းကျေးရွာအုပ်စု၊ မိုင်းယုကျေးရွာ အနီးမှ ထွက်ရှိသည့် ထင်းရှူးဆီအခဲ အား ကျိုင်းတုံမြို့နယ် ပို့ကုန်သွင်း ကုန်ရုံးမှ ပြည်ပပို့ကုန် အမယ်သစ်အဖြစ် တရုတ်နိုင်ငံသို့ တင်ပို့ရောင်း ချနိုင်ခဲ့သည်ဟု သိရသည်။
.
.
ထင်းရှူးဆီအခဲ ထုတ်လုပ်တင် ပို့ခြင်းလုပ်ငန်းအား ဘီလီယံပိုင် ကုမ္ပဏီမှ ၂ဝ၁၈ ခုနှစ်တွင် စမ်းသပ် တင်ပို့ခဲ့ပြီး ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီ လတွင် ကျိုင်းတုံမြို့ရှိ ပို့ကုန်၊ သွင်း ကုန်ရုံး၏ တရားဝင်ခွင့်ပြုချက် လိုင် စင်ဖြင့် တရုတ်နိုင်ငံသို့ ထင်းရှူးဆီ အခဲ ၄ တန် တင်ပို့နိုင်ခဲ့ကြောင်း သိ ရသည်။
.
''ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ အနှံ့အပြားမှာ ထင်းရှူးပင်တွေ ရှင်သန်ကြီးထွားနိုင်တဲ့ သဘာဝရေ မြေအနေ အထားကောင်းတွေ ရှိ နေပါတယ်။ သစ်တောဦးစီးဌာနရဲ့ ခွင့်ပြုချက်ထောက်ခံစာ ရယူပြီး ထင်း ရှူးဆီအခဲထုတ်လုပ်ခွင့် လုပ်ငန်းလိုင် စင်နဲ့ တရုတ်နိုင်ငံကိုတင်ပို့ပေးနေ တာဖြစ်ပါတယ်။ နောက်ထပ်လည်း တင်ပို့နိုင်အောင် ကြိုးစားနေတဲ့ တိုင်းရင်းသားလုပ်ငန်းရှင်တွေ ရှိနေ တယ်လို့ သိထားရပါတယ်''ဟု ကျိုင်း တုံမြို့ရှိ ပို့ကုန်သွင်းကုန်ရုံးတာဝန်ခံ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်သူဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထင်းရှူးပင်မှ အဆီ၊ အခဲထုတ် လုပ်မှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းခတ်မြို့နယ်၊ မိုင်းနန်း ကျေးရွာနေ ဒေသခံတစ်ဦးကလည်း ''နည်းစနစ်တကျ ထင်းရှူးဆီအခဲ ထုတ်လုပ်ပုံကိုတော့ သေချာမသိပါ ဘူး။ ထင်းရှူးပင်ရဲ့ အောက်ခြေ ပင် စည်လုံးပတ်ရဲ့ အပေါ်နားမှာ ပက် လက်ခွက်ပုံစံရအောင် ဓါးနဲ့ထစ်ပြီး တော့ အပင်ရဲ့အောက်ခြေတစ်ဝိုက် မှာ ထင်းနဲ့မီးပုံရှို့ပေးထားရင် ထင်း ရှူးအစေးတွေ ထွက်လာပြီး ထင်းရှူး ဆီအခဲရပါတယ်''ဟု ၎င်း၏ အတွေ့ အကြုံကို ပြောသည်။
.
ကျိုင်းတုံမြို့ရှိ ပို့ကုန်၊ သွင်းကုန် ရုံးအား ၂ဝ၁၅ ခုနှစ်တွင် စတင်ဖွင့် လှစ်ခဲ့ခြင်းဖြစ်ပြီး ပြည်ပပို့ကုန်အ မယ်သစ်အဖြစ် ၂ဝ၁၈ ခုနှစ်၊ နိုဝင် ဘာ၊ ဒီဇင်ဘာလများအတွင်းက ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသထွက် ပြောင်းဖူးစေ့ ၁၈၆၆ တန်အား တင်ပို့ ပေးနိုင်ခဲ့ပြီး ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီ လဆန်းပိုင်းတွင်လည်း ထင်းရှူးဆီ ၄ တန်အား ပို့ကုန်အမယ်သစ် အဖြစ် တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ခဲ့ သည်ဟု သိရသည်။
.

No comments:

Post a Comment

Recent Tube