ကျောက်မဲမြို့နယ်၊ မက်မန်းကုန်းသာရွာတွင် လူသတ်မှု ဖြစ်ပွား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, February 17, 2019

ကျောက်မဲမြို့နယ်၊ မက်မန်းကုန်းသာရွာတွင် လူသတ်မှု ဖြစ်ပွား


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မက်မန်းကုန်းသာရွာတွင် ဖေဖော်ဝါရီလ ၁၆ ရက် ညပိုင်းက လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း နောင်ပိန်နယ်မြေရဲစခန်းမှ သိရသည်။
.
.
“လူမှုရေးပြဿနာကြောင့် သတ်တာပါ။ တရားခံမိဖို့ လုပ်ဆောင်နေပါတယ်”ဟု နောင်ပိန် နယ်မြေရဲစခန်းမှူး ရဲအုပ်သန်းထွန်းက ဖေဖော်ဝါရီလ ၁၇ ရက် တွင် ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျောက်မဲမြို့မှ၊ အနောက်တောင်ဘက် ၁၀ မိုင်ခန့် ကွာဝေးသည့် မက်မန်းကုန်းသာရွာတွင် ဖေဖော်ဝါရီလ ၁၆ ရက်၊ ည ၈ နာရီကျော်ခန့်က လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စုံစမ်းစစ်ဆေးရာ သေဆုံးသူမှာ ခိုက်တုန်ဟုန်းရွာနေ စိုင်းအောင်ရွှေ (၄၉) နှစ်ဆိုသူဖြစ်ပြီး ဦးခေါင်းတွင် ဓားဖြင့်ခုတ်ခံထားရသည့် ဒဏ်ရာ ၈ ချက်အပြင် ယာလက်ကောက်ဝတ်မှ ပြတ်နေသည်ကို တွေ့ရှိခဲ့ရပြီး စုံစမ်းမှုအရ သေသူမှာ အိမ်ထောင်ရှိသူဖြစ်ပြီး မက်မန်းကုန်း သာရွာမှ အမျိုးသမီးတစ်ဦးနှင့် ထပ်မံချစ်ကြိုက်နေသဖြင့် တားမြစ်ရာမှ လူသတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပြီး တရားခံမှာ မက်မန်းကုန်းရွာမှ အမျိုးသမီး၏ ဖခင်ဖြစ်သူ ဦးစိုင်းအောင်ချစ် (ခ) စိုင်းအွမ်(၄၃နှစ်)ဆိုသူ ဖြစ်ကြောင်း သိရှိရကာ လက်ရှိတွင် ၎င်းမှာ ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
“ခိုက်တုန်ဟုန်း သံလမ်းကူးမရောက်ခင် လမ်းခွဲကနေ ၁ မိုင်လောက်အကွာ မက်မန်းကုန်းသာရွာမှာ ဖြစ်တာပါ။ သေသူကို နောင်ပိန်တိုက်နယ်ဆေးရုံ ရင်ခွဲရုံထဲအထိ ပို့ဆောင်ပေးခဲ့ပြီး ဆရာဝန်ခွဲစိတ်တဲ့အထိ ကူညီပေးခဲ့ပါတယ်” ဟု နောင်ပိန်အခြေစိုက် ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းမှ ဦးစိုင်းနေအောင်က ပြောသည်။
.
သို့ဖြစ်၍ လူသေစေသည်အထိ သတ်ခဲ့သူ မက်မန်းကုန်းသာရွာမှ ဦးစိုင်းအောင်ချစ် (ခ) စိုင်းအွမ်အားနောင်ပိန် နယ်မြေရဲစခန်းမှ (ပ)၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment