ဟဲဟိုးလေဆိပ် လေယာဉ်ပြေးလမ်းပေါ်၌ မော်တော်ယာဉ် မောင်းနှင်သူကို ထောင်ဒဏ် တစ်လနှင့် ငွေဒဏ် ၂ သောင်း ချမှတ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Tuesday, February 5, 2019

ဟဲဟိုးလေဆိပ် လေယာဉ်ပြေးလမ်းပေါ်၌ မော်တော်ယာဉ် မောင်းနှင်သူကို ထောင်ဒဏ် တစ်လနှင့် ငွေဒဏ် ၂ သောင်း ချမှတ်


ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟဲဟိုးလေဆိပ်၊ လေယာဉ် ပြေးလမ်းပေါ်၌ ဇန်န၀ါရီလ ၁၉ ရက်က မော်တော်ယာဉ် မောင်းနှင်ခဲ့သူ ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်နေ အောင်ထွန်းလေးအား တောင်ကြီး ခရိုင်တရားရုံးမှ ဒုတိယခရိုင် တရားသူကြီး ဦးမြင့်ဌေးက ဖေဖော်ဝါရီလ ၄ ရက်တွင် ထောင်ဒဏ် တစ်လနှင့် ငွေဒဏ် ၂ သောင်း ကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။
.


တရားခံ အောင်ထွန်းလေးသည် ဇန်န၀ါရီလ ၁၉ ရက်၊ ညပိုင်းတွင် ဟဲဟိုး လေယာဉ်ကွင်းအတွင်းသို့ လေယာဉ် ဆီဖြည့်သည့် ၀င်ပေါက်မှ တဆင့် ၀င်ရောက်၍ မော်တော်ယာဉ်အား မောင်းနှင်ခဲ့မှုကြောင့် ကလောမြို့နယ် တရားရုံးမှ ဇန်န၀ါရီလ ၂၁ ရက်တွင် ၁၉၃၄ ခုနှစ် မြန်မာနိုင်ငံလေယာဉ် အက်ဥပဒေပုဒ်မ ၁၀ အရ ငွေဒဏ် ၂ သောင်းကျပ် ကျခံစေရန် အမိန့် ချမှတ်ပြီးနောက် တောင်ကြီးခရိုင်တရားရုံး၌ ပြင်ဆင်မှု လျှောက်ထားခဲ့သဖြင့် ဒုတိယခရိုင် တရားသူကြီး ဦးမြင့်ဌေးက ၁၉၃၄ ခုနှစ် မြန်မာနိုင်ငံ လေယာ် အက်ဥပဒေ ပုဒ်မ ၉-က အရ အောင်ထွန်းလေး (ဘ) ဦးမောင်ကလေး (ခ) မူဟာမက်ရော်ဖိတ်အား ထောင်ဒဏ် တစ်လနှင့် ငွေဒဏ် ၂ သောင်း ကျခံစေရန် အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

အဆိုပါ အောင်ထွန်းလေးသည် ၂၀၁၆ ခုနှစ်၊ ဩဂုတ်လအတွင်းကလည်း ရန်ကုန်လေဆိပ် လေယာဉ်ကွင်း အတွင်း၌ ယခုကဲ့သို့ မော်တော်ယာဉ် ဝင်ရောက် မောင်းနှင်မှုကြောင့် ထောင်ဒဏ် လ ကျခံခဲ့ဖူးကြောင်းလည်း သိရသည်။

No comments:

Post a Comment

Recent Tube